23 August 2023
မီဒီယာဖိတ်ကြားလွှာ
မြန်မာနိုင်ငံဆိုင်ရာနေ့ – မြေပြင်ရှိပြည်သူများနှင့် ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ ကြားနာခြင်း
မြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွန်သော နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ လူထုကြားနာပွဲအစီအစဥ် နှင့် မြန်မာနိုင်ငံအပေါ် အာဆီယံ၏ ချဉ်းကပ်မှုနှင့် ဘက်ပေါင်းစုံမှ အကျပ်အတည်းများအား တုန့်ပြန်မှုအပေါ် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ဆွေးနွေးပွဲ ဟူ၍ ပွဲအစီအစဥ်နှစ်ခုကို ရှေ့ပြေးအသံအဖွဲ့နှင့် အတူ Alternative ASEAN Network on Burma (ALTSEAN-Burma), Asian Forum for Human Rights and Development (FORUM-ASIA), Indonesia Civil Coalition for Myanmar Solidarity, Myanmar National Organizing Committee for ACSC/APF နှင့် ND-Burma တို့မှ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်နေပါသည်။ အဆိုပါပွဲများမှ တစ်ဆင့် အာဆီယံအား မြန်မာနိုင်ငံအပေါ် ၎င်း၏ လက်ရှိချဉ်းကပ်မှုကို ပြန်လည်သုံးသပ်သည့်အခါ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံမှ အကျပ်အတည်းများအား ဖြေရှင်းသည့်နေရာတွင် ထိရောက်မှုရှိစေရန် အာဆီယံနှင့် ၎င်း၏ မိတ်ဖက်အစိုးရများကြား စွမ်းဆောင်ရည်ကို အားကောင်းစေမည်ဖြစ်သည်။
လူထုကြားနာပွဲအစီအစဥ်တွင် မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုမှ ကျူးလွန်သည့် နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်ပတ်သက်၍ ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများကိုယ်တိုင် ဒေသဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူများထံ သက်သေထွက်ဆိုကြမည်ဖြစ်သည်။ သက်သေထွက်ဆိုချက်များကို ကြားနာပြီးနောက် လူ့အခွင့်အရေးကျွမ်းကျင်သူများမှ သက်သေအထောက်အထားများအပေါ် ချင့်ချိန် သုံးသပ်၍ မြန်မာစစ်တပ်မှ ကျူးလွန်ထားသော ရာဇာဝတ်မှုများအပေါ် ၎င်းတို့၏ တွေ့ရှိချက်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ လူထုကြားနာပွဲတွင် လူ့အခွင့်အရေး ကျူးလွန်ခံရသူများ၏ ကိုယ်တွေ့ အတွေ့အကြုံများကို မီးမောင်းထိုးပြသွားမည်ဖြစ်သည့်အပြင် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံ တွင် ကျူးလွန်ထားသော နိုင်ငံတကာရာဇ၀တ်မှုများအပေါ် ဒေသဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူများ ၏ သဘောထားအမြင်များကိုလည်း ရှာဖွေသွားမည်ဖြစ်သည်။
ကျန်အစီအစဥ်တစ်ခုမှာ ဒေသတွင်းရှိ အခြားကျွမ်းကျင်ပညာရှင်များမှ အာဆီယံ၏ ဘုံသဘော တူညီချက် ၅ ရပ်အား အကောင်အထည်ဖော်မှုနှင့် လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအပေါ် အာဆီယံ၏ အလုံးစုံချဥ်းကပ်မှုများအပေါ် နက်ရှိုင်းသည့် ဆန်းစစ်သုံးသပ်ဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် လုပ်ဆောင်နိုင်သည့် ထိရောက်သော ဖြေရှင်းနည်းများကိုလည်း ထိုပါဝင်ဆွေးနွေးသူများက အကြံပြုသွားမည်ဖြစ်သည်။
ပွဲအစီအစဥ်များကို အင်္ဂလိပ်ဘာသာ အဓိကထား၍ ပြုလုပ်သွားမည်ဖြစ်သော်လည်း မြန်မာဘာသာ အတွက် တိုက်ရိုက်ဘာသာပြန် ထားရှိပေးသွားပါမည်။
မြန်မာသတင်းမီဒီယာသမားများအတွက် ပွဲမတိုင်မီ သက်ဆိုင်ရာ အကြောင်းအရာအပြည့်အစုံနှင့် သတင်းအချက်အလက်များပေးရန် သတင်းစာရှင်းလင်းပွဲကို မြန်မာဘာသာဖြင့် အွန်လိုင်းမှတဆင့် သြဂုတ်လ ၂၉ ရက်နေ့ အင်္ဂါနေ့တွင် မြန်မာစံတော်ချိန် နံနက် ၉း၃၀ နာရီမှ ၁၀း၃၀ နာရီထိ ပြုလုပ်သွားပါမည်။ ဤကြိုတင်ရှင်းလင်းပွဲသို့ အွန်လိုင်းမှ တက်ရောက်ပါရန် မီဒီယာသမားများအား ဖိတ်ကြားအပ်ပါသည်။ တက်ရောက်သတင်းယူလိုသော မီဒီယာသမားများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းသွင်းနိုင်ပါသည်။
မီဒီယာများစာရင်းသွင်းရန်။ ။ https://bit.ly/44uN75t
———————————–
နေ့ရက်။ ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
အချိန်။ ။ နံနက် ၈.၃၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ (မြန်မာစံတော်ချိန်)
စာရင်းပေးရန်။ ။ https://us06web.zoom.us/webinar/register/WN_5m4feAJNQiuYxWV5IjPiMw
၈း၀၀ – ၈း၃၀
လူကိုယ်တိုင် တက်ရောက်လာသူများမှ စာရင်းသွင်းခြင်း
၈း၃၀ – ၈း၄၅
ပွဲအား ဦးဆောင်စီစဉ်သူများမှ နှုတ်ခွန်းဆက်ခြင်းနှင့် အဖွင့်အမှာစကားပြောကြားခြင်း
၈း၄၅ – ၉း၃၀
မြန်မာနိုင်ငံရှိ နိုင်ငံတကာရာဇ၀တ်မှုအပေါ် လူထုကြားနာပွဲ
၉း၃၀ – ၁၁း၁၅
မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ အကျပ်အတည်းများအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် တုန့်ပြန်မှုများအပေါ် ကျွမ်းကျင်ပညာရှင်များမှ သုံးသပ် ဆွေးနွေးခြင်း နှင့် အမေးအဖြေကဏ္ဍ
၁၁း၁၅ – ၁၂း၀၀
လူထုကြားနာပွဲ၏ တွေ့ရှိချက်များအား တင်ပြခြင်း နှင့် အမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံရှိ နိုင်ငံတကာရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ တွေ့ရှိချက်များကို လူ့အခွင့်အရေး ကျွမ်းကျင်သူများမှ တင်ပြဆွေးနွေးခြင်း
လူထုကြားနာပွဲအစီအစဥ်အတွက် လူ့အခွင့်အရေးကျွမ်းကျင်သူများ
Moderator အဖြစ် ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ
မြန်မာနိုင်ငံအကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုအား အကဲဖြတ်ဆွေးနွေးမည့် ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
Moderator အဖြစ် Debbie Stothard၊ ALTSEAN-Burma အဖွဲ့တည်ထောင်သူ
ယခုပွဲကို အောက်ပါ အရပ်ဘက်လူထုအဖွဲ့အစည်း ၉ ဖွဲ့မှ ပူးပေါင်းစီစဥ်ပါသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.