21 June 2023
အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနေ့–
အမျိုးသမီးများနှီးနှောဖလှယ်ပွဲ
ထုတ်ပြန်ကြေညာချက်
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့
၂၀၂၃ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းမှုပပျောက်ရေး_ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ” ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ _ ၂၀ ရက်နေ့များတွင် ကျင်းပခဲ့ရာ ဒေသအသီးသီးရှိ အမျိုးသမီး စုစုပေါင်း (၁၂၅) ဦးတက်ရောက်ခဲ့သည်။ ဤနှီးနှောဖလှယ်ပွဲတွင် အမျိုးသမီးများကြုံတွေ့နေရသော ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဖော်ထုတ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းများနှင့် စိန်ခေါ်မှုများအပြင် အကြမ်းဖက်ခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ တရားမျှတရေး အတွက် ကျုးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်အနှံ့အပြား ပဋိပက္ခများတိုးမြင့် ဖြစ်ပွားလာရာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ နေ့စဉ်ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်းနှီးနှောဖလှယ်ပွဲ တက်ရောက်လာသူများက ထောက်ပြကြသည်။ နှစ်ပေါင်း (၇၀) ကျော်ကြာပြည်တွင်းစစ်အတွင်း မြန်မာစစ်တပ် သည် စစ်ပဋိပက္ခ ဖြစ်ပွားရာနေရာများနှင့် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသူ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်အသုံးပြု၍ အစီအစဉ်ချကျုးလွန် နေသည်သာမက အာဏာသိမ်းပြီးနောက်ပိုင်း၌ အခြားနယ်မြေဒေသများ ကျယ်ပြန့်စွာ ကျုးလွန်နေသည်ဟု နှီးနှောဖလှယ်မှ တွေ့ရှိ ရသည်။
တက်ရောက်လာသူအမျိုးသမီးများက ၎င်းတို့၏ နယ်မြေဒေသများတွင်ဖြစ်ပွားလျက်ရှိသော မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ မုဒိမ်းကျင့်သတ်ဖြတ်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးရင်းသားရင်းနှင့် ဆွေမျိုးတော်စပ်သူများက ကျုးလွန်သည့် မုဒိမ်းမှု၊ ကာမလိမ်လည်မှု၊ အသက်မပြည့်မီ အတင်းအကြပ်ပေးစားခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှု၊ လူမှုစာမျက်နှာများမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများအား ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများအဖြစ် ထုတ်ဖော်ကြသည်။ ကျူးလွန်သူများမှာ အကြမ်းဖက်စစ်တပ်နှင့် ယင်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းထောင်ဝန်ထမ်း၊ ပျုစောထီး၊ ရပ်ကျေး
အာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် သာမန်အရပ်သား များပါဝင်သည်။ ထို့အပြင် နိုင်ငံရေးပါတီဝင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်(LDF)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး၌သြဇာအာဏာရှိသူများ ပါဝင်နေသည်ကို ခိုင်လုံသည့် သက်သေအထောက်အထား များအားဖြင့် တွေ့ရှိရသည်။
မိမိတို့အနေဖြင့် အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကိုဆန့်ကျင်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတွင် တရားစီရင်နိုင်ရန်ကြိုးပမ်းနေသည့် ကာလ၌ ဤသို့ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တော်လှန်ရေးလှုပ်ရှားသူများကိုယ်တိုင်က ကျုးလွန်နေသည်ကို လုံးဝလက် သင့်မခံနိုင်ပေ။ ကျုးလွန်ခံရသူများ၏ တရားမျှတမှု ရရှိရေးနှင့် ကျုးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ရန် ချည်းကပ်လုပ်ဆောင်ရာတွင် ကျုးလွန်သူနှင့် ၎င်းသက်ဆိုင်ရာ အဖွဲ့အစည်းများက ကျုးလွန်ခံရသူနှင့် မိသားစုဝင်များအား ရေငုံနုတ်ပိတ်ရန်နှင့် ကြေအေးပေးရန်တောင်းဆိုခြင်း၊ အတင်းအကြပ်ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းစသည့် လုပ်ရပ်များသည် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွှတ်ခွင့်အလေ့အထကို သက်ဆိုးရှည်စေသည်။
ထို့ကြောင့် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အောက်ပါအတိုင်း တောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန်
မူဝါဒရေးရာ ဉီးဆောင်အဖွဲ့ဝင် +၉၁ ၉၃၆၆ ၈၁၃၃၁၅
အတွင်းရေးမှူးအဖွဲ့ဝင် +၉၅၉ ၄၅၆၅၉ ၈၉၄၄
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.