25 July 2022
စာအမှတ်။ ။၁၁/ ပပ/ ၂၀၂၂
ရက်စွဲ။ ။ ၂၅၊ ၇၊ ၂၀၂၂
အကြမ်းဖက်စစ်အုပ်စုသည် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာ်သော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ထားရာကနေ အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီဖြစ်ကြောင်း ၄င်းတို့၏ ဝါဒဖြန့်သတင်းဌာနများကတဆင့် ယနေ့ ဇူလိုင်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုသည် ဒီမိုကရေစီလိုလားသူများအပေါ် ဖက်ဆစ်စစ်တပ်၏ ရန်သူသဖွယ်သဘောထားကို ဖော်ပြခြင်းဖြစ်ပြီး ယုတ်မာနိုင်သမျှ အစွမ်းကုန် ယုတ်မာပြခြင်းလည်း ဖြစ်သည်။
ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များကို သတ်ဖြတ်ပြခြင်းအားဖြင့် တိုင်းပြည်ကို အကြောက်တရားနှင့် ဆက်လက်အုပ်ချုပ်ရန် ကြံရွယ်နေသော စစ်အုပ်စု၏ ယခုလုပ်ရပ်သည် ၄င်းတို့အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် နိုင်ငံရေးလုပ်ငန်းစဥ်များနှင့် မထိုက်တန်သော ဖက်ဆစ်စစ်အာဏာရှင်သရုပ်သကန်ကိုလည်း အပြည့်အဝ ပြသနေပါသည်။
ထို့အပြင် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဥပဒေ၊ နိုင်ငံတရားစီရင်ရေးစနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး လူသတ်မှုကို ပြောင်ကျကျ ကျူးလွန်နေသော စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ လုပ်ရပ်ကို တာဝန်ခံ ကာကွယ်နေသည့် စစ်တပ်သည် နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းမဟုတ်တော့ဘဲ နိုင်ငံရေးအကြမ်းဖက်အစုအဖွဲ့သာ ဖြစ်သည်ကိုလည်း အပြည့်အဝ ပြသနေပါသည်။ ။
ယခုဖြစ်စဥ်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ကဆွဲနှုတ်ရန်၊ ဖက်ဆစ်စစ်တပ်ကို အပြီးသတ်ချေမှုန်းရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော်တစ်ခုကို တည်ထောင်ရန်ဟူသော သမိုင်းလိုအပ်ချက်ကို ဖော်ပြနေသည့် ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပါသည်။
EROများ၊ PDFများနှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်အုပ်စု၏ ယခုကျုးလွန်မှု အပေါ် စစ်အုပ်စု၊ ၄င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်း ပြုလုပ်ပါရန်၊ ဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံ ထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ပါရန်နှင့် သမိုင်းလိုအပ်ချက်အရ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော် ဖြစ်ပေါ်လာရေးကို ယခုအချိန်မှစ၍ ကြိုးပမ်းအားထုတ်ကြပါရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ အကြမ်းဖက်အဖွဲ့အစည်းသဖွယ် ရာဇဝတ်မှုကျူးလွန်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ စစ်အုပ်စု၏ အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့အား အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန်နှင့် ဖက်ဆစ်တော်လှန်ရေးကို ပါဝင်နိုင်သမျှ အပြည့်အဝ ပါဝင်တော်လှန်ကြပါရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းများဖြစ်သည့် NUCC, NUG နှင့် CRPH အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွေ့ကျသည့် လုပ်ငန်းစဥ်များ ချမှတ် အကောင်အထည်ဖော်ခြင်းကို ညီညွတ်သည့် အခြေခံဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်၍ စွန့်ခဲ့သူတို့အား အလေးအမြတ်ပြုပါရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
နိုင်ငံတကာအနေဖြင့်လည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေခြင်းနှင့် အကြမ်းဖက်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းအပေါ် စောင့်ကြည့်နေခြင်းမပြုတော့ဘဲ ယဥ်ကျေးသည့် လူ့ဘောင်နှင့် လျော်ညီစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းများ ပြုပေးပါရန် ကျွန်ုပ်တို့က တိုက်တွန်းသည်။
စစ်အုပ်စု၏ ရက်စက်ယုတ်မာမှု အပေါင်းသည် ယဥ်ကျေးသည့် ကမ္ဘာသစ်တွင် လုံးဝ လက်သင့်ခံစရာ မရှိပါ။
ဓမ္မလိုလားသူတိုင်း အဓမ္မကို အပြည့်အဝ ဆန့်ကျင်ကြရန် အခြေအနေက နောက်ဆုံး အဆုံးအဖြတ် တောင်းခံလာပြီ ဖြစ်သည်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။
ဖက်စစ်စစ်အုပ်စုအား ပြည်သူ့တရားခွင်မှာ တရားစီရင်ဖို့သာ ငါတို့ အလိုရှိသည်။
အရေးတော်ပုံ မုချအောင်ရမည်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု
(General Strike Coordination Body – GSCB)
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.