30 March 2022
လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ် မြောက်ဘက်မှ အရေးပါသော သယ်ယူပို့ဆောင်ရေးလမ်းအား ပြန်လည် သိမ်းပို်ကနိုင်ရန်အတွက် ဆက်လက် ထိုးစစ်ဆင်နေသော်လည်း ဒေသခံတပ်များမှ ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။ သည့်အပြင် စစ်ကောင်စီတပ်များသည် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ရိက္ခာများအား တောလမ်းဖြင့် သယ်ယူနိုင်ရန်အတွက် ကြိုးစားသော်လည်း တားစီးခြင်းခံနေရသည်။ ပြီးခဲ့သည့် အပတ်ကဲသို့ လေယာဉ်ပျံဖြင့် တိုက်ခိုက်ခြင်းများ မပြုလုပ်ခြင်းသည် ရာသီတောမီးလောင်ခြင်းများမှ မီးခိုးများဖြစ်ပေါ်စေကာ မြင်နိုင်စွမ်းအားနည်းခြင်းကြောင့် လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းများ မပြုလုပ်လာနိုင်ခြင်းများ ဖြစ်နိုင်သည်။
မတ်လ (၁၅)ရက်နေ့၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အနီးတွင် ပျက်စီးနေသည့် ရုပ်အလောင်း (၂)လောင်းအား ပရဟိတ အသင်းတစ်သင်းမှ တွေ့ရှိပြီး သဂြိုလ်ပေးသွားခဲ့သည်။ နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီမှ စစ်ရှောင်ရွာသားများရှိရာ ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အတွက် ဆေးပေးခန်းအဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
မတ်လ (၁၆)ရက်နေ့၊ ရှမ်း – ကရင်နီနယ်စပ်၊ ဆောင်ကန်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNDF, Pehkon PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖယ်ခုံ PDF မှ (၂)ဦးကျကာ စစ်ကောင်စီမှ ထိခိုက်ကျဆုံးမှုများပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်။ ည ၈နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့်လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာမှ နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားခဲ့ပါသည်။
မတ်လ (၁၈)ရက်နေ့၊ နံနက် (၇)နာရီအချိန်တွင် KNDF B-15 မှ ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ(၅၃၁) တပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၄)ဦး သေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ အူးခူးရီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် PDF, Deemawso PDF စနိုက်ပါအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၄)ဦးသေဆုံးသွားခဲ့သည်။ ထိုတစ်ရက်တည်းတွင် ဒီးမော့ဆိုမမြို့နယ်၊ တနီးလာလဲကျေးရွာ၌ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျေးရွာရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အိမ်မွေးတိရိစ္ဆာန် ဖြစ်သည့်နွားများအား ထိမှန်သေဆုံးသွားခဲ့သည်။
မတ်လ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းခွဲအနီးရှိ စစ်ဆေးရေးဂိတ် အနီးတွင် KA, KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၂)ဦးကျဆုံးကြောင်း KNDF မှ ထုတ်ပြန်ထားပါသည်။ မတ်လ ၁၉ ရက်နေ့၊ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ စက်မှုဇုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့သည်။
မတ်လ (၂၂)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာရှိ နေအိမ်နှစ်လုံးအား စစ်ကောင်စီတပ်မှ မီးရှို့သွားခဲ့ပါသည်။ တစ်ရက်တည်းတွင် စစ်ရှောင်ပြည်သူများ အတွက် လှူဒါန်းသောပစ္စည်းများအား သွားရောက်ထုတ်ယူနေသည့် မင်းဦးနှင့် သက်မူးအောင်တို့ကို လွိုင်ကောင်အဝေးပြေးကားဂိတ်တွင် ဖမ်းဆီးပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃)နှစ် မတရားချမှတ်လိုက်သည်။
မတ်လ (၂၃)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ စံပြခြောက်မိုင် ကယောပိုင်း၌ အသတ်ခံနေရသည့် ပြည်သူ (၃)ဦး၏ ရုပ်အလောင်းကို KNDF B-9 မှ ရှာဖွေတွေ့ရှိခဲ့ပါသည်။ အသတ်ခံရသူများသည် လွန်ခဲ့သည့် နှစ်လလောက်ကပင် စစ်ရှောင်ရာမှ ကျေးရွာသို့ရိက္ခာ ပြန်လာယူရင်း ပျောက်ဆုံးသွားသည့် ပြည်သူ (၅)ဦးထဲမှ (၃) ဦးဖြစ်သည်။
မတ်လ (၂၄) ရက်နေ့၊ ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့် စစ်ကောင်စီတပ်များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း KNDF B-15 မှ ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒေသခံ နေအိမ်များအား မီးရှို့ဖျက်စီးမှုများ ရှိနေပြီး ၎င်းအရေအတွက် အတိအကျအား မသိရှိရသေးပေ။ ထို့အပြင် ရှမ်းပြည်နယ် တောင်ကြီးတွင် ကရင်နီစစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသူ ပရဟိတလူငယ် (၆)ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးလိုက်သည်။
မတ်လ (၂၅)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်မတော် (KA) ၊ KNDF B-09၊ KNDF B-19 ၊ PDF တပ်ရင်း ( D ) တို့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား ခဲ့သည်။ နံနက် ၁၀နာရီတွင် ဒီးမော့ဆိုမြို့ ၆မိုင်အုပ်စု ဘက်တလိန်ကျေးရွာ လမ်းမကြီးတစ်လျှောက်နှင့် ပန်ကန်း၊ ဒေါပိုးစီလမ်းမကြီးတစ်လျှောက် ထိုးဖောက်ဝင်ရောက်လာပြီး ညနေပိုင်း ၄နာရီအချိန်တွင်စတင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ ငါးမိုင်ကျေးရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီး သွားခဲ့သည်။ သည့်အပြင် မတ်လ ၂၆ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်မှစပြီး စစ်ကောင်စီတပ်များမှ ငါးမိုင်ကျေးရွာရှိ လူနေအိမ်များအား ဆက်လက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့သည်။
ကရင်နီပြည်တွင် လမ်းမကြီးများမှ ရိက္ခာများသယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့်သော်လည်းကောင်း တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားမှုများကြောင့်သော်လည်းကောင်း စားနပ်ရိက္ခာပြတ်တောင်မှုများနှင့် ဆက်လက်ကြုံတွေ့နေရသည်။ ပူပြင်းသောရာသီကြောင့် ရေခမ်းခြောက်မှုများဖြစ်ပေါ်ကာ ရေပြတ်လတ်မှုများ ဖြစ်ပေါ်စေသည်။ စစ်ဘေးရှောင်စခန်းအချို့တွင် နီးစပ်ရာရေများ ရရှိနိုင်ရန်အတွက် တစ်နာရီကြာ လမ်းလျှောက်ပြီး အလွန်ရှားပါးသော ရေအား ခပ်ယူနေကြရသည်။
ထို့အပြင် လက်ရှိတွင် Covid 19 မျိုးကွဲ အိုမီခရွန် ရောဂါလက္ခဏာများ စစ်ဘေးရှောင်စခန်းများတွင် ဖြစ်ပွားနေသော်လည်း စစ်သပ်သည့် ကိရိယာများမရှိသည့်အတွက် အတည်မပြုနိုင်ပေ။ လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၌ ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်။
Contact persons:
Khu Ko Reh Tel: +666 5329 7814
Khu Ruby Tel: +666 3184 2980
Website : www.karennicsn.org
Facebook: Karenni Csn
Email: [email protected]
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.