Statement 1243 Views

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို

March 29th, 2022  •  Author:   357 Civil Society Organizations  •  9 minute read
Featured image

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်

နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။

ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့်အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိသော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက်  ဆက်လက်ကြိုးစားလုပ်ဆောင်နေကြသည်။

ထိုရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ကာလရှည်ကြာစောင့်စားနေခဲ့ရသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နောက်တွင် ထိုရာဇဝတ်မှုများအတွက် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ ပြုလုပ်ရေး ဦးတည်သော အရေးယူဆောင်ရွက်မှုများ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ဤဆုံးဖြတ်ချက်သည်  စကားလုံးသက်သက်အဖြစ် အရာမရောက်ဘဲ ရှိနေမည့်အပြင် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မူဝါဒများ ဆက်လက် အကောင်အထည်ဖော်ဆောင်နေခြင်းနှင့် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာလူဦးရေ ၆၀၀,၀၀၀ အပေါ် ဖိနှိပ်ခြင်း လုပ်ဆောင်နေရုံသာမက နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ်တွင်လည်း စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်ကို ပိုမို၍ပင် အတင့်ရဲလာစေမည် ဖြစ်သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ယင်းစစ်တပ်ကပင် ဒီမိုကရေစီကာကွယ်ရာတွင် ရဲရင့်ပြတ်သား စည်းလုံးညီညွတ်သော မြန်မာပြည်သူများ၏ စုပေါင်းခုခံဆန့်ကျင် မှုကြောင့် ကျရှုံးနေသော ၎င်းတို့၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများ၊ မတရား အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရ စေမှုများကို ကျူးလွန်နေသည်။

ကုလသမဂ္ဂလူ့အခွင့်အ‌ရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရပ်သားပြည်သူ များအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်မှုများ အပါအဝင် မြန်မာစစ်အုပ်စု၏ စနစ်တကျ ချိုးဖောက်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာစစ်တပ်မှ ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး ယင်းကို မြန်ဆန်တင်းကျပ်သော တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ခြင်းတို့မှတစ်ဆင့်သာ ရရှိနိုင်မည် ဖြစ်သည်။

အမေရိကန်အစိုးရမှ အောက်ပါအချက်များကို လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုလိုက်သည် –

  • မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်၊
  • ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျုးလွန်ခဲ့သော နိုင်ငံတကာရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃)အရ ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း တင်သွင်းသော မြန်မာအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေညာစာတမ်းကို လက်ခံရေး ICC တရားရုံးအား တိုက်တွန်းရန်၊
  • ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) တွင် လက်ရှိစွဲဆိုထားသည့် အမှုအား ငွေကြေးနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် တရားဝင် ထောက်ခံအားပေးရန်၊
  • စစ်တပ်အား တင်းကျပ်သော တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ စုပေါင်းညီညွတ်ရေးဆိုင်ရာဥပဒေ ၂၀၂၁ ခုနှစ် (BURMA Act 2021) ကို အတည်ပြုပြဌာန်းနိုင်ရန်အတွက် ကွန်ဂရက်အား တောင်းဆိုရန်၊
  • မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးမိတ်ဖက် များနှင့် လက်နက်ရောင်းဝယ်သူ ကွန်ရက်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ အပါအဝင် မြန်မာစစ်တပ်နှင့် ၎င်း၏ ခေါင်းဆောင်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ရန်၊
  • လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာများအတွက် အကူအညီအထောက်အပံ့များ တိုးမြှင့်ပေးရေး၊ နှင့် ရိုဟင်ဂျာ ကလေးသူငယ်များအတွက် ပညာရေး လက်လှမ်းမီစေရေး အပါအဝင် ရိုဟင်ဂျာဒုက္ခသည်များ လက်ခံထားရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော မူဝါဒများ ချမှတ်လာစေရေး စည်းရုံးလှုံ့ဆော်ရန်၊
  • စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်အလွယ်ဆုံးသော ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) ၈၈၉,၀၀၀ ကျော်ထံသို့ အကူအညီများ ရောက်ရှိစေရန်အတွက် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများတစ်ဆင့် အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အ‌ရေးပေါ်အကူအညီ ပံ့ပိုးနိုင်ရေး ကြိုးပမ်းမှုများ ညှိနှိုင်းဆောင်ရွက်ရန်အပြင် COVID-19 တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားနှင့် လူထုအခြေပြု လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများကို အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တန်းတူသောမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် USAID အား ညွှန်ကြားရန်၊
  • မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေး ချမှတ်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ နှင့်
  • မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်စေရန်အတွက် လေယာဥ်ဆီတင်ပို့ရောင်းချမှုကို ပိတ်ဆို့ရန်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်  

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • Razia Sultana, RW Welfare Society (RWWS), [email protected]
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ [email protected]

 ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ

  1. 8888 Generation (New Zealand)
  2. Action Against Myanmar Military Coup (Sydney)
  3. Action Committee for Democracy Development (ACDD)
  4. Ah Nah podcast – Conversation with Myanmar
  5. All Burma Democratic Face in New Zealand
  6. All Burma Federation of Trade Unions (ABFTU)
  7. All Burma Indigenous People Alliance
  8. All Burma Student Democratic Front – Australia Branch
  9. All Young Burmese League (AYBL)
  10. Alternative Solutions for Rural Communities (ASORCOM)
  11. ALTSEAN-Burma
  12. America Rohingya Justice Network
  13. American Baptist Churches USA
  14. American Rohingya Advocacy
  15. Anti-Myanmar Dictatorship Movement
  16. Anti-Myanmar Military Dictatorship Network (AMMDN)
  17. Arakan Institute for Peace and Development
  18. Arizona Kachin Community
  19. ASEAN Parliamentarians for Human Rights (APHR)
  20. Asia Democracy Network
  21. Asia Myanmar Research Institute
  22. Asia Pacific Solidarity Coalition (APSOC)
  23. Asian Dignity Initiative
  24. Asian Forum for Human Rights and Development (FORUM-ASIA)
  25. Association for the Advancement of Freedom of Religion or Belief in Vietnam (AAFoRB-VN)
  26. Association of Human Rights Defenders and Promoters (HRDP)
  27. Athan – Freedom of Expression Activist Organization
  28. Auckland Kachin Community NZ
  29. Auckland Zomi Community
  30. Australia Burma Friendship Association, Northern Territory
  31. Australia Karen Organization WA Inc.
  32. Australia Myanmar Doctors, Nurses and Friends
  33. Australia Myanmar Youth Alliance (AMYA)
  34. Australian Burmese Muslim Organisation
  35. Australian Chin Community (Eastern Melbourne Inc)
  36. Australian Karen Organisation (AKO)
  37. Bamar Community Tasmania
  38. Baptist World Alliance
  39. Blood Money Campaign
  40. Boat People SOS
  41. Burma Action Ireland
  42. Burma Campaign UK (BCUK)
  43. Burma Civil War Museum (BCM)
  44. Burma Human Rights Network (BHRN)
  45. Burma Interest Group
  46. Burma Lawyers’ Council (BLC)
  47. Burma Task Force
  48. Burmese American Community Institute
  49. Burmese American Millennials
  50. Burmese Community Development Collaboration (BCDC)
  51. Burmese Community in South Australia
  52. Burmese Community Support Group (BCSG)
  53. Burmese Democratic Forces
  54. Burmese Friendship Association
  55. Burmese Medical Association Australia (BMAA)
  56. Burmese Rohingya Organisation UK (BROUK)
  57. Burmese Rohingya Welfare Organisation New Zealand
  58. Burmese Women’s Union (BWU)
  59. Calgary Karen Community Association (CKCA)
  60. California Kachin Community
  61. Campaign for a New Myanmar
  62. Canberra Karen Association
  63. Chin Community of Auckland
  64. Chin Community of Western Australia Inc.
  65. Chin Community SA
  66. Chin Community Tasmania
  67. Chin Human Rights Organization
  68. Chin Leaders of Tomorrow (CLT)
  69. Chin Youth Organization
  70. Church of Scientology National Affairs Office
  71. Citizens of Burma Award (New Zealand)
  72. Clarity & Decency
  73. Coalition to Abolish Modern-day Slavery in Asia (CAMSA)
  74. CoBA New Zealand
  75. Committee for Religious Freedom in Vietnam
  76. CRPH & NUG Supporters Ireland
  77. CRPH Funding Ireland
  78. CRPH Support Group, Norway
  79. CRPH/NUG Support Group Australia
  80. CSO Committee for Peace in Tanintharyi
  81. Dallas Kachin Community
  82. Dallas Karen Baptist Church
  83. Danu Youth Organization
  84. Democracy for Burma
  85. Democracy for Myanmar – Working Group (NZ)
  86. Democracy Movement Strike Committee – Dawei
  87. Democracy Movement Strike Committee – Laung Lone
  88. Democracy, Peace and Women’s Organization – DPW
  89. Democratic Youth Council
  90. DFW Karen Community
  91. Dragon Dawn
  92. Edmonton Karen Community Youth Organization
  93. European Karen Network (EKN)
  94. European Rohingya Council
  95. Falam Community in South Australia
  96. Federal FM Mandalay
  97. Federal Myanmar Benevolence Group (NZ)
  98. Finland Karen Culture Association
  99. Florida Kachin Community
  100. Free Burma Action Bay/USA/Global
  101. Free Myanmar Campaign USA/BACI
  102. Free Rohingya Coalition
  103. Freedom for Burma
  104. Freedom, Justice, Equality for Myanmar
  105. Future Light Center (FLC)
  106. Future Thanlwin (FT)
  107. General Strike Committee of Nationalities – GSCN
  108. Generation Wave (GW)
  109. Georgia Kachin Community
  110. Global Movement for Myanmar Democracy (GM4MD)
  111. Global Myanmar Spring Revolution (GMSR)
  112. Houston Kachin Community
  113. Human Rights Foundation of Monland (HURFOM)
  114. In Defense of Human Rights and Dignity Movement (iDefend), Philippines
  115. India For Myanmar
  116. Industrial Training Centre (ITC) Family Sydney
  117. Info Birmanie
  118. Initiatives for International Dialogue (IID)
  119. Institute for Asian Democracy
  120. Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
  121. International Campaign for the Rohingya (ICR)
  122. International Karen Organisation
  123. International Society of Myanmar Scholars and Professionals
  124. Iowa Kachin Community
  125. Joint Action Committee for Democracy in Burma (JACDB)
  126. Jubilee Campaign USA
  127. Justice 4 Myanmar – Hope & Development
  128. Justice For Myanmar (JFM)
  129. Kachin Alliance
  130. Kachin American Community (Portland – Vancouver)
  131. Kachin Association Australia
  132. Kachin Association of Australia WA Inc.
  133. Kachin Baptist Churches USA
  134. Kachin Community of Indiana
  135. Kachin Community of USA
  136. Kachin National Organization USA
  137. Kachin Vision
  138. Kansas Karenni Community, KS
  139. Karen American Association of Milwaukee, WI
  140. Karen Association of Huron, SD
  141. Karen Community in Norway
  142. Karen Community in South Australia
  143. Karen Community of Akron, OH
  144. Karen Community of Canada (KCC)
  145. Karen Community of Czech Republic
  146. Karen Community of Finland
  147. Karen Community of Hamilton
  148. Karen Community of Iowa, IA
  149. Karen Community of Ireland
  150. Karen Community of Israel
  151. Karen Community of Kansas City, KS & MO
  152. Karen Community of Kitchener & Waterloo
  153. Karen Community of Leamington
  154. Karen Community of Lethbridge
  155. Karen Community of London
  156. Karen Community of Minnesota, MN
  157. Karen Community of North Carolina, NC
  158. Karen Community of Ottawa
  159. Karen Community of Regina
  160. Karen Community of Saskatoon
  161. Karen Community of Thunderbay
  162. Karen Community of Toronto
  163. Karen Community of Windsor
  164. Karen Community of Winnipeg
  165. Karen Community Society of British Columbia (KCSBC)
  166. Karen Environmental and Social Action Network (KESAN)
  167. Karen Human Rights Group (KHRG)
  168. Karen Organization of America
  169. Karen Organization of Illinois, IL
  170. Karen Peace Support Network (KPSN)
  171. Karen Rivers Watch
  172. Karen Swedish Community (KSC)
  173. Karen Thai Group
  174. Karen Women’s Organization
  175. Karen Youth Education Pathways
  176. Karen Youth Networks
  177. Karen Youth of Norway
  178. Karen Youth of Toronto
  179. Karen Youth Organization
  180. Karenni Civil Society Network
  181. Karenni Community of Arizona, AZ
  182. Karenni Community of Arkensas, AK
  183. Karenni Community of Austin, TX
  184. Karenni Community of Bowling Green, KY
  185. Karenni Community of Buffalo, NY
  186. Karenni Community of Chicago, IL
  187. Karenni Community of Colorado, CO
  188. Karenni Community of Dallas, TX
  189. Karenni Community of Des Moines, IA
  190. Karenni Community of Florida, FL
  191. Karenni Community of Fort Worth, TX
  192. Karenni Community of Georgia, GA
  193. Karenni Community of Houston, TX
  194. Karenni Community of Idaho, ID
  195. Karenni Community of Indianapolis, IN
  196. Karenni Community of Massachusetts, MA
  197. Karenni Community of Michigan, MI
  198. Karenni Community of Minnesota, MN
  199. Karenni Community of Missouri, MO
  200. Karenni Community of North Carolina, NC
  201. Karenni Community of Portland, OR
  202. Karenni Community of Rockford, IL
  203. Karenni Community of San Antonio, TX
  204. Karenni Community of Sioux Falls, SD
  205. Karenni Community of Utah, UT
  206. Karenni Community of Utica, NY
  207. Karenni Community of Washington, WA
  208. Karenni Community of Wisconsin, WI
  209. Karenni Federation of Australia
  210. Karenni Human Rights Group
  211. Karenni National Women’s Organization
  212. Karenni Society New Zealand
  213. Karenni Society of Omaha, NE
  214. Karenni/Kayah Community
  215. Karenni-American Association
  216. Kayan Women’s Organization
  217. Kayin Community Tasmania
  218. Keng Tung Youth
  219. Kentucky Kachin Community
  220. Korea Karen Organization
  221. Korea Karen Youth Organization
  222. Kyae Lak Myay Organization
  223. Kyaukse University Interim Administrative Council
  224. Kyaukse University Students’ Union
  225. La Communauté Birmane de France (France)
  226. LA Rohingya Association
  227. League for Democracy in Burma
  228. LGBT Union Mandalay (လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ)
  229. Loka Ahlinn – Social Development Network
  230. Louisiana Kachin Community
  231. Mandalay Regional Youth Association
  232. Maryland Kachin Community
  233. Matu Chin Community in Australia
  234. Metta Campaign Mandalay
  235. Michigan Kachin Community
  236. Milk Tea Alliance (Calendar Team)
  237. Milwaukee Myanmar Christian Church
  238. Mindat Chin Community NSW
  239. Mindat Community in Australia
  240. Minnesota Kachin Community
  241. Mizo Community in Australia
  242. Mizo Society of America
  243. Mon Families Group
  244. Mon National Council
  245. MSI – Myanmar Secrect Information
  246. Muslim Youth Network
  247. Myanmar Accountability Project
  248. Myanmar Advocacy Coalition
  249. Myanmar Buddhist Community of South Australia
  250. Myanmar Community Coffs Harbour (MCC)
  251. Myanmar Cultural Research Society (MCRS)
  252. Myanmar Democracy and Peace Committee (Australia)
  253. Myanmar Democratic Movement (MDM)
  254. Myanmar Engineering Association of Australia (MEAA)
  255. Myanmar Engineers – New Zealand
  256. Myanmar Gonye (New Zealand)
  257. Myanmar People Alliance (Shan State)
  258. Myanmar People Residing in Canberra
  259. Myanmar Professionals Association Australia (MPAA)
  260. Myanmar Students’ Association Australia (MSAA)
  261. Myanmar Students’ Union in New Zealand
  262. Nationalities Alliance of Burma USA
  263. Netherlands-Myanmar Solidarity Platform
  264. Network for Advocacy Action
  265. Network for Human Rights Documentation – Burma (ND-Burma)
  266. New York Kachin Community
  267. New Zealand Doctors for NUG
  268. New Zealand Karen Association
  269. New Zealand Zo Community Inc.
  270. NLD Solidarity Association (Australia)
  271. No Business With Genocide
  272. North Carolina Kachin Community
  273. Nyan Lynn Thit Analytica
  274. Olive Organization
  275. Omaha Kachin Community
  276. Oversea Karen Organization Japan
  277. Overseas Mon Association – New Zealand
  278. Pa-O Women’s Union
  279. Pa-O Youth Organization
  280. Peacock Generation Youth Empowerment Society
  281. Pennsylvania Kachin Community
  282. People’s Empowerment Foundation (PEF)
  283. Perth Myanmar Youth Network
  284. Probono Lawyer Network
  285. Progressive Voice
  286. PWVB (Patriotic War Veterans of Burma)
  287. Pyithu Gonye (New Zealand)
  288. Queensland Kachin Community (QKC)
  289. Queensland Myanmar Youth Collective (QMYC)
  290. Queensland Rohingya Community
  291. Red Campaign Nirvana Exhortation Group
  292. Regina Karen Community
  293. Remonya Association of WA (Mon Community)
  294. Rohingya Action Ireland
  295. Rohingya Youth Association
  296. Rvwang Community Association New Zealand
  297. RW Welfare Society (RWWS)
  298. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
  299. SAVE MYANMAR (San Francisco)
  300. Save Myanmar Fundraising Group (New Zealand)
  301. SEA-Junction
  302. Shan Community (New Zealand)
  303. Shan MATA
  304. Shwe Youth Democratic Alliance (SYDA)
  305. Sisters 2 Sisters
  306. Sitt Nyein Pann Foundation
  307. South Carolina Kachin Community
  308. Southcare Medical Centre
  309. Southern Youth Development Organization
  310. Students for Free Burma
  311. Support for Myanmar
  312. Support Group for Democracy in Myanmar (Netherlands)
  313. Support the Democracy Movement in Burma
  314. Sydney Friends for Myanmar Unity
  315. Synergy – Social Harmony Organization
  316. Ta’ang Legal Aid
  317. Ta’ang Women’s Organization (TWO)
  318. Tanintharyi MATA
  319. Tanintharyi Women’s Network
  320. Tennessee Kachin Community
  321. Thai Allied Committee with Desegregated Burma Foundation (TACDB)
  322. The Institution of Professional Engineers Myanmar
  323. The Sentry
  324. Thint Myat Lo Thu Myar Organization
  325. TINT KYWE
  326. Twitter Team for Revolution
  327. U.S. Campaign for Burma
  328. Union Aid Abroad-APHEDA
  329. Union of Karenni State Youth
  330. Unitarian Universalist Service Committee
  331. United Myanmar Community of South Australia
  332. United States Advocacy Coalition for Myanmar (USACM)
  333. United States Chin Coalition (USCC)
  334. University Muslim Students Network- Myanmar
  335. Victorian Burmese Care Community (VBCC)
  336. Victorian Myanmar Youth
  337. Vietnam Coalition Against Torture
  338. Vietnamese Women for Human Rights
  339. Virginia Kachin Community
  340. Washington Kachin Community
  341. We Change
  342. We Pledge CDM (Australia)
  343. West Virginia Kachin Community
  344. Western Australia Myanmar Democratic Network
  345. Wisdom Light Education
  346. Women Activists Myanmar (WAM)
  347. Women Advocacy Coalition-Myanmar (WAC-M)
  348. Women Development Society
  349. Women’s League of Burma (WLB)
  350. Yadanar Foundation
  351. Zo Community in Australia
  352. Zomi Association Australia Inc.
  353. Zomi Community Queensland
  354. Zomi Community South Australia
  355. မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
  356. အမျိုးသမီးမဟာမိတ်အင်အားစု (Women Alliance Burma)
  357. ဧရာဝတီကရင်လူငယ်

English Version.


PDF ဖိုင်များဖြင့် ရယူရရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ