မြန်မာနိုင်ငံရှိ သယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံသူများထံသို့ တိုက်တွန်းချက်

မြန်မာနိုင်ငံရှိ သယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံသူများထံသို့ တိုက်တွန်းချက်

သယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍ ၏ နိုင်ငံတကာနှင့် ပြည်တွင်း ရင်းနှီးမြှပ်နှံသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် မြန်မာ့တပ်မတော်မှ မြန်မာနိုင်ငံသူ/သားများ၏ ဆန္ဒသဘောထားကိုသွေဖီ၍ ဒီမိုကရေစီလမ်းကြောင်းကိုဖျက်သိမ်းပြီး အာဏာသိမ်းရယူခဲ့ပါသည်။ နောက်တစ်ဆက်တည်းမှာပင် ဖေဖော်ဝါရီလ ၁၅ရက် နေ့အထိ ရွေးကောက်ခံ အစိုးရကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်း ဦးဆောင်သူများ၊ ကျောင်းဆရာ/ဆရာမများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် ပြည်သူများ အပါအဝင်စုစုပေါင်း ၄၂၆ ယောက်အား မတရားဖမ်းဆီး ထိန်းသိမ်းခံရပါသည်။

အကျိုးဆက်အနေဖြင့်-

  • UN လုံခြုံရေးကောင်စီမှ နိုင်ငံအရေးပေါ် အခြေအနေကြေငြာပြီး မြန်မာစစ်တပ်၏ မတရား အာဏာသိမ်းမှုအား အလွန်အမင်း စိုးရိမ်ရကြောင်း ထုတ်ပြန်ခဲ့ပါသည်။
  • UN လူ့အခွင့်အရေးကောင်စီမှ အထူးအစည်းအဝေးအနေဖြင့် ကျင်းပပြီး ယခုကဲ့သို့ ဒီမိုကရေစီနည်းလမ်းရ ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့အား ဖြုတ်ချမှုနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ဆွေးနွေးခဲ့သည်။
  • မြန်မာနိုင်ငံအခြေစိုက် သံတမန်များစုပေါင်း၍လည်း မြန်မာပြည်သူတို့၏ တောင်းဆိုလိုလားချက်ကို ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
  • အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို နိုင်ငံ့အရေးပေါ် အခြေအနေဟု သတ်မှတ်ကာ တုန့်ပြန်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများမှလည်း တရားဝင်မှုမရှိသော မြန်မာစစ်တပ်၏ မတရား အာဏာသိမ်းမှု ကို ရှုတ်ချခဲ့ကြောင်း သိသာစွာတွေ့ရှိနိုင်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာစစ်တပ်၏ မတရား အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး တုန့်ပြန်ချက်များကြောင့် ကျွနိုပ်တို့အနေဖြင့် မတရား အာဏာသိမ်းတပ်မတော်အား ဝင်ငွေလမ်းကြောင်းပေးမည့် လုပ်ငန်းများအားလုံးကို ရပ်တန့်ပေးရန်နှင့် တရားဝင်မှုမပြုရန် တိုက်တွန်းအပ်ပါသည်။ စစ်အာဏာသိမ်းအစိုးရအနေဖြင့် အစိုးရဌာနများ အားလုံးကို ထိန်းချုပ် ကိုင်တွယ် ထားပြီး ဖြစ်ရာ သင်တို့ ကုမ္ပဏီ လုပ်ငန်းများ၏ ပေးချေမှုများသည် အာဏာသိမ်းအစိုးရအား ပိုမိုခိုင်မြဲအောင် လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သယံဇာတ စီမံကိန်း များ၏ အမြတ်ဝင်ငွေ သည် ပမာဏများပြားပါသည်။ သို့ရာတွင် ၂၀၁၈ EITI အစီရင်ခံစာများအရ သယံဇာတကဏ္ဍ မှ နိုင်ငံ၏ဝင်ငွေကို ၅.၂ ရာခိုင်နှုန်းဖြင့် ထောက်ပံထားသည်ဟုဖော်ပြထားသော်လည်း အခြားတရားမဝင်စီးဆင်းမှုများသည် အလွန်အမင်း များပြားသည်ဖြစ်ကြောင်း သိရှိထားပါသည်။ မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ လက်အောက်တွင် နှစ် ၆၀ ကျော် အုပ်ချုပ်ခံရခဲ့ပြီးဖြစ်သည့်အတွက် စစ်အာဏာရှင်များဆက်လက် အုပ်ချုပ်နိုင်ရေးအတွက် ငွေကြေးအမြောက်အမြားကို ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်စိမ်း နှင့် သစ်လုပ်ငန်းများမှ စသည့် စီးပွားရေးကဏ္ဍများမှ ၎င်းတို့လုပ်ကိုင်နိုင်ရေး အတွက် ငွေကြေးရရှိခဲ့ခြင်းဖြစ်ပါသည်။

သင်တို့၏ စဉ်ဆက်မပြတ် ငွေကြေး ထောက်ပံမှုများကြောင့် မြန်မာ ပြည်သူတို့၏ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်နိုင်ရေးအတွက် အဟန့်အတား ဖြစ်စေသလို မတရား အာဏာသိမ်း တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ထားသကဲ့သို့ ဖြစ်နိုင်ပါသည်။ ကျွနိုပ်တို့အနေဖြင့် သယံဇာတကဏ္ဍမှ နိုင်ငံတကာနှင့် ပြည်တွင်း ရင်းနှီးမြှပ်နှံသူများအနေဖြင့် တရားဝင်မှုမရှိသော အစိုးရအား ဆက်လက်ထောက်ပံ့ခြင်း မပြုရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပူးပေါင်းပါဝင်သူအနေဖြင့် မပါဝင်ရန် အတွက် တိုက်တွန်းအပ်ပါသည်။

ကုမ္ပဏီများအနေဖြင့် လုပ်ဆောင်နိုင်ရန်အတွက်

  • သယံဇာတထုတ်လုပ်သည့်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည့် ကုမ္ပဏီများ အနေဖြင့် မိမိတို့ ရရှိထားသော ဝင်ငွေ၊ အခွန်များကို သီးခြားထိန်းသိမ်းထားရန်နှင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အစိုးရတက်ရောက်မှသည် ပြန်လည် ပေးချေရန်
  • သယံဇာတ ရှာဖွေသည့်အဆင့်သို့ရောက်ရှိနေသည့် ကုမ္ပဏီများအနေဖြင့် စစ်အာဏာသိမ်းအစိုးရ မဆင်းသရွေ့ လုပ်ငန်းများရပ်တန့်ထားရန်။
  • ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှပ်နှံခြင်းမပြုမီ သေချာစွာစီစစ်ခြင်း (Due Diligence) ကို လုပ်ဆောင်ပေးရန်၊ ရင်းနှီးမြှပ်နှံမှုများတွင် တပ်မတော်နှင့် ဆက်စပ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ရန်နှင့် တပ်မတော်အား လူ့အခွင့်အရေးချိုးဖောက်နိုင်ရေးအတွက် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ပံ့ပိုးပေးနေမှု မရှိစေရန်၊ အဆိုပါအချက်များသည်လည်း သင်တို့ ကုမ္ပဏီမှလာမည့် အရေးယူပိတ်ဆို့မှုများအတွက်လည်း ဖြစ်နိုင်ပါသည်။

PDF ဖိုင်ရယူရန် Burmese, English

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia