Press Release 666 Views

Government blocks website critical of NLD and State Counsellor — NLD နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သည့် ဝက်(ဘ်)ဆိုက်စာမျက်နှာများကို အစိုးရက ပိတ်ပစ်ရန် အမိန့်ပေး

October 10th, 2020  •  Author:   Free Expression Myanmar  •  2 minute read
Featured image

Just a month before the elections, the Myanmar government has ordered all telecoms companies to block a website criticising both the NLD government and the State Counsellor, Daw Aung San Suu Kyi. 

“It is shocking that the Myanmar government has blocked a website criticising the NLD and the State Counsellor just a month before the elections,” said Yin Yadanar Thein, FEM Director.

“The blocked website is mostly expressions of opinion not statements of fact. International law is clear that all opinions are protected, regardless of whether they are justified and rational or not. Everybody has a different opinion on the government’s performance. Once you start blocking the critical opinions, democracy ends,” she added.

“This website may or may not be impersonating Aung San U. That is a bilateral matter only between him and the website. But we are deeply concerned that once a government starts censoring it never stops. The government has ordered telecoms companies to block independent media, investigative activism, and now political criticism websites,” she added.

The third government directive was issued on 5 October 2020 and came into force on 8 October 2020. The blocked website is www.aungsanu.com. The content of the website is critical of the State Counsellor and of the National League for Democracy (NLD) government.

Aung San U is the estranged brother of Myanmar’s de facto leader, State Counsellor, Daw Aung San Suu Kyi. The website owner has paid a domain registrar for extra privacy protection, hiding their identity. They have also paid to mask their IP address, hiding their location.

FEM also broke the news relating to the previous government order blocking the website www.justiceformyanmar.org.

ရွေးကောက်ပွဲကျင်းပရန် တစ်လမျှသာ လိုသည့်အချိန်တွင် မြန်မာအစိုးရသည် NLD အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဝေဖန်စာများ ရေးသားနေသည့် ဝက်(ဘ်)စာမျက်နှာတစ်ခုကို ပိတ်ပင်ရန် မိုဘိုင်းဖုန်းအော်ပရေတာ ကုမ္ပဏီအားလုံးကို အမိန့်ထုတ်ညွှန်ကြားခဲ့သည်။ 

“ရွေးကောက်ပွဲကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်မှာ အခုလို မြန်မာအစိုးရက NLDနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်တဲ့ ဝက်(ဘ်)စာမျက်နှာကို ပိတ်သိမ်းပစ်ဖို့ အမိန့်ပေးတယ်လို့ သိရတာ တကယ့်ကို အံ့သြမိတယ်” ဟု FEM ၏ ဒါရိုက်တာဖြစ်သူ ယဉ်ရတနာသိန်းက ဆိုသည်။

 “ ပိတ်ပင်ခံရတဲ့ ဝက်(ဘ်)စာမျက်နှာက အများအားဖြင့် အချက်အလက်တွေမဟုတ်ဘဲ အမြင်အယူအဆတွေကိုသာ ဖော်ပြထားတာတွေ ဖြစ်ပါတယ်။ ထင်မြင်ယူဆချက်မှန်သမျှဟာ ကြောင်းကျိုးဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ၊ ဆင်ခြင်တုံ့တရားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အစိုးရရဲ့ ကြားဝင်နှောက်ယှက်ခံရခြင်းကနေ အကာကွယ်ခံထိုက်တယ်လို့ နိုင်ငံတကာဥပဒေက အတွေးအခေါ်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး လူတိုင်းမှာ မတူညီတဲ့ အမြင်ကိုယ်စီ ရှိကြမှာပဲ။ အစိုးရအပေါ် ဝေဖန်တဲ့ သဘောထားယူဆချက်တွေကို စပြီး ပိတ်ပင်လိုက်တာနဲ့ တပြိုင်နက် ဒီမိုကရေစီဟာ အဆုံးသတ်သွားတာပါ” ဟု သူက ဆက်လက်ပြောဆိုခဲ့ပါသည်။ 

“ဒီဝက်(ဘ်)ဆိုက်စာမျက်နှာကို ဦးအောင်ဆန်းဦးက ဖွင့်ထားတာလည်း ဖြစ်နိုင်သလို၊ သူမဟုတ်တဲ့ အခြားသူတစ်ဦးက နာမည်ယူပြီး အယောင်ဆောင်ဖွင့်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်လည်း ဒီကိစ္စဟာ နိုင်ငံတော်ပြသနာမဟုတ်ဘဲ၊ ဦးအောင်ဆန်းဦးနဲ့ အယောင်ဆောင်သူကြားက နှစ်ဦးသာသက်ဆိုင်တဲ့ တရားမမှုပြသနာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက ဆင်ဆာဖြတ်တောက်တာကို စတင်ပြုလုပ်လိုက်တာနဲ့ ဒါဟာ ဘယ်တော့မှ မရပ်တော့မှာကိုတော့ ကျွန်မတို့ တော်တော်လေးစိုးရိမ်မိတယ်။ အစိုးရက ပုဂ္ဂလိကမီဒီယာတွေ၊ စုံစမ်းဖော်ထုတ်တဲ့တက်ကြွလှုပ်ရှားသူတွေ ရဲ့ ဝက်(ဘ်)ဆိုက်စာမျက်နှာတွေကို ပိတ်ပစ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပြီး အခုဆို နိုင်ငံရေးဝေဖန်သုံးသပ်သူတွေရဲ့ ဝက်(ဘ်)ဆိုက်စာမျက်နှာတွေကို ပိတ်ပစ်ဖို့တောင် အမိန့်ထုတ်လာပြီ ဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

အစိုးရ၏ တတိယမြောက် ညွှန်ကြားမိန့်ကို ၂၀၂ဝပြည့်နှစ်၊အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်သည် ၂၀၂ဝပြည့်နှစ်၊အောက်တိုဘာ ၈ရက်နေ့တွင် စတင် အသက်ဝင်ခဲ့သည်။ ပိတ်ပင်ခံခဲ့ရသည့် ဝက်(ဘ်)ဆိုက်စာမျက်နှာမှာ www.aungsanu.com ဖြစ်သည်။ ၄င်းဝက်(ဘ်)စာမျက်နှာမှ အကြောင်းအရာများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်တို့အား ဝေဖန့်သည့် အကြောင်းအရာများ ဖြစ်သည်။

ဦးအောင်ဆန်းဦးဆိုသည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (လက်တွေ့တွင် နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့်) ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်ပြီး မောင်နှမချင်းခပ်တန်းတန်းဆက်ဆံရေးရှိသည်။ ဝက်(ဘ်)ဆိုက်စာမျက်နှာပိုင်ရှင်သည် ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထားများကို ဖုံးကွယ်ထားရန်အတွက် အပိုလုံခြုံမှုကာကွယ်ရေးစနစ်ပါဝင်သော မှတ်ပုံတင်ထားသည့် ဒိုမိန်းတစ်ခုကို ဝယ်ယူအသုံးပြုထားသည့်အပြင် အသုံးပြုသူများ၏ IP address ကို ငွေပေးသွင်းကာ ဖုံးကွယ်ထားပြီး ယင်းတို့၏ တည်နေရာကို ဖျောက်ထားသည်။ 

ယခင်အကြိမ် Justice for Myanmar ဝက်(ဘ်)စာမျက်နှာကို ပိတ်ပင်ရန် အစိုးရ၏ အမိန့်ညွှန်ကြားစာနှင့် ပတ်သက်၍လည်း FEM မှ စောလျင်စွာ သတင်းထုတ် ခဲ့ပြီးဖြစ်သည်။


View the original.