မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ချက်ချင်းအကောင်ထည်ဖော်နိုင် သောပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ်။

မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ချက်ချင်းအကောင်ထည်ဖော်နိုင် သောပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ်။

မြန်မာအစိုးရသည် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)မှ နိုင်ငံအတွင်းရှိ လူသားအားလုံး၏ လူ့အခွင့်အရေးများကို ပိုမိုအကာအကွယ်ပေးပြီးမြှင့်တင်နိုင်ဖို့ရန် အခြေခံဥပဒေနှင့် ပြဌာန်းဥပဒေအရ အာမခံချက်များကို ရေးဆွဲပြဌာန်းသင့်ကြောင်း ICJ ၏ အစီရင်ခံစာမှ ဆိုသည်။

“မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပိုမိုအားကောင်းလာစေရန် ချက်ချင်းအကောင်ထည်ဖော် နိုင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ်” အမည်ရှိအစီရင်ခံစာသည် လူ့အခွင့်အရေးချိုးဖောက်မှုများ (အချို့သောပညာရှင်များမှ နိုင်ငံတကာဥပဒေအရ အလွန်ဆိုးဝါးသောရာဇဝတ်မှုများပါ ပါဝင်သည်ဟုဆို) ကိုဖြေရှင်းနေသည့် MNHRC ၏ စွမ်းဆောင်ရည်ကို လေ့လာသုံးသပ်ထားပါသည်။ အစီရင်ခံစာကို အင်္ဂလိပ် ဘာသာအပြင် မြန်မာဘာသာအဖြစ်ပါ ဖတ်ရှုနိုင်ပါသည်။

“ပိုမိုအရည်အချင်းရှိပြီး လူထုကိုပိုမိုကိုယ်စားပြုနိုင်မည့် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်နိုင်ဖို့ရန်နှင့် ကော်မရှင်အား လွတ်လပ်မှုနှင့် လိုအပ်သည့်အထောက်အပံ့များပေးအပ်နိုင်ဖို့ရန် ဒီချုပ်ပါတီဦးဆောင်သော အစိုးရအဖွဲ့သည် MNHRC ဥပဒေကိုစောလျင်စွာပြင်ဆင်သင့်ပါတယ်။

ဒီပြုပြင်ပြောင်းလဲရေးဟာ ဒီချုပ် အစိုးရအတွက် လုပ်ဆောင်ပါက အောင်မြင်နိုင်ရန် အလားအလားများစွာရှိပြီး လုပ်သင့်တာလည်းကြာပါပြီ” ဟု အပြည်ပြည်ဆိုင်ရာဥပဒေ ပညာရှင်များအဖွဲ့ (ICJ) ၏ ဥပဒေအကြံပေး ရှောင်ဘိန်းမှ ပြောကြားသည်။

“တချိန်ထဲမှာလည်း ကော်မရှင်အဖွဲ့ဝင်များဟာ လူ့အဖွဲ့အစည်းအတွင်းရှိ အားအနည်းဆုံးသောသူများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ခြင်းအပါအဝင် ကော်မရှင်၏လုပ်ပိုင်ခွင့်တာဝန်နှင့်အာဏာများကို အစွမ်းကုန် ကျင့်သုံးဆောင်ရွက်သင့်ပါတယ်” ဟူရှောင်ဘိန်းမှ ထပ်လောင်းပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ဌာနတွင်းသုံးသပ်မှုနှင့် အစိုးရအားတင်ပြထားသော ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်များတွင် MNHRC ကိုယ်တိုင် ဥပဒေအားပြင်ဆင်ဖို့ရန်လိုအပ်ကြောင်း အသိမှတ်ပြုထားပါသည်။ မည်သည့်ဥပဒေပြင်ဆင်ရေးလုပ်ငန်းမဆို ပညာရှင်များနှင့် အများပြည်သူမှ အကြံပြုတင်ပြနိုင်အောင် ပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိသင့်ပါသည်။

“MNHRC ဟာ စာနယ်ဇင်းတွင် ဖော်ပြပါရှိသောလူ့အခွင့်အရေးချိုးဖောက်မှုများ (နယ်စပ်ဒေသရှိ စစ်သား များရဲ့ ရာဇဝတ်မှုများမှအစ သတင်းမီဒီယာများကို ပုံမှန်တိုက်ခိုက်နေမှုများအဆုံး) ကို ယေဘုယျအားဖြင့် အရေးယူ ဆောင်ရွက်ဖို့ရန် ပျက်ကွက်လျက်ရှိပြီး ကျူးလွန်မှုကိုခံခဲ့ရသူများအား တစုံတရာပြန်လည်ကုစား ပေးဖို့ရန် အားထား၍မရဖြစ်နေပါတယ်” ဟု ICJ ၏ ဥပဒေအကြံပေး ရှောင်ဘိန်းမှ ပြောကြားသည်။ “MNHRCမှ အရေးကြီးသောအမှုကိစ္စများတွင် အမြဲလိုလိုဝင်ရောက်ဆောင်ရွက်ခြင်းမရှိခြင်းသည် ကော်မရှင် တွင် နိုင်ငံတော်အဖွဲ့အစည်းများ အထူးသဖြင့် စစ်တပ်ကို ထိပ်တိုက်တွေ့ဖို့ရန် လုံလောက်သည့် လွတ်လပ်မှု မရှိနေကြောင်းကို ပြသလျက်ရှိပါတယ်” ဟုရှောင်ဘိန်းမှ ပြောကြားသည်။

ထင်ရှားသည့်အမှုတစ်ခုမှ စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး အသက်သေဆုံးခဲ့ရသော သတင်းထောက် ကိုပါကြီးအတွက် တရားမျှတမှုရရှိအောင် ကော်မရှင်မှ ဆက်လက်ဆောင်ရွက်ပေးဖို့ရန် တုံ့ဆိုင်းခဲ့ခြင်း ဖြစ်ပါ သည်။ အများပြည်သူလေ့လာနိုင်သော ရာဇဝတ်မှုစစ်ဆေးစီရင်မှုမျိုးဖြစ်သင့်သည်ဟု MNHRC မှ လေ့လာ တင်ပြခဲ့သော်လည်း ကိုပါကြီးကို သတ်ဖြတ်ခဲ့သူများကို စစ်ခုံရုံးတွင် တိတ်တဆိတ်ကြားနာစစ်ဆေးပြီး ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါသည်။ ထို့အပြင် ကော်မရှင်အဖွဲ့ဝင်များသည် တပ်မတော်သားများမှ “နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေး” များတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထင်ရှားစွာ အသံတိတ်နေခဲ့ပါသည်။

လူ့အခွင့်အရးချိုးဖောက်သည်ဟူ စွပ်ဆွဲသောအမှုများကို ကော်မရှင်သည် ၂၀၁၄ MNHRC ဥပဒေပါ ပုဒ်မ ၃၇ အရ ဝင်ရောက်ဆောင်ရွက်ဲခ့ခြင်းမရှိကြောင်း ထောက်ပြထားပါသည်။ ဤပြဌာန်းချက်ကိုကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့် မှတ်ယူထားခြင်းသည် MNHRC အနေဖြင့် တရားရုံးတွင်စစ်ဆေးလျက်ရှိသောအမှုများကို စုံစမ်း စစ်ဆေးခွင့် မရှိဖြစ်နေပါသည်။

ထို့အပြင် ကော်မရှင်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၏ လူမျိုး၊ ဘာသာ၊ ဒေသ နှင့် ကျား၊မ မတူကွဲပြားမှုများ ကို ထပ်ဟပ်မှု မရှိပေ။ ယင်းကဲ့သို့ပုံစံသည် အထူးသဖြင့် နယ်စပ်ဒေသများတွင် အများဆုံးဖြစ်လေ့ရှိသော လက်နက်ကိုင် ပဋိပက္ခနှင့်ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှိပ်စက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် စွမ်းရည်ကို အားနည်းစေပါသည်။
၂၀၁၄ MNHRC ဥပဒေကို ပြင်ဆင်ဖို့ရန်လိုအပ်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေအရ အာမခံချက်ပေးမှုသည် ကော်မရှင်၏စနစ်အရ သီးခြားလွတ်လပ်မှုကို အားကောင်းလာစေမည်ဖြစ်သည်။

“သာမန် ပြဌာန်းဥပဒေနှင့်စာလျှင် အခြေခံဥပဒေပြဌာန်းချက်သည် ပြင်ဆင်ဖို့ရန်ပိုမိုခက်ခဲသည့်အတွက် MNHRC ၏ နိုင်ငံရေးအရ အားနည်းမှုကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ICJ ၏ ဥပဒေအကြံပေး ဂျန်နီဒိုမီနို မှ ပြောကြားသည်။ 
“ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး အကူးအပြောင်းကာလများတွင် အခြေခံဥပဒေပြဌာန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည့် အရှေ့တီမော်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသား အဆင့် အဖွဲ့အစည်းများ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံအနေဖြင့် လေ့လာနိုင်ပါတယ်” ဟူ ဂျန်နီဒိုမီနို မှ ပြောကြားသည်။ 

ချက်ချင်းအကောင်ထည်ဖော်နိုင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်လေးရပ်ကို မြန်မာအစိုးရအား အကြံပြု တင်ပြ ထားပါသည်။
(၁) ပြည်ထောင်စုသမ္မတ နှင့် စီစစ်ရွေးချယ်ရေးအဖွဲ့သည် လူ့အခွင့်အရေးများကို ထိရောက်စွာ ကာကွယ် နိုင်ဖို့ရန်နှင့် မြန်မာ့လူဦးရေ၏ မတူကွဲပြားမှု (လူမျိုး၊ ဘာသာ၊ ဒေသ၊   ကျား၊မ နှင့် လိင်တိမ်းညွှတ်မှုအမှတ် သညာများ အပါအဝင်) အတိုင်းအတာတစ်ခုအထိ ကော်မရှင်အဖွဲ့ဝင်များမှ ထင်ဟပ်နိုင်ဖို့ရန်အတွက် ပွင့်လင်းမြင်သာပြီး ညှိနှိုင်းတိုင်ပင်သည့် လုပ်ငန်းစဉ်ဖြင့် ကော်မရှင်အဖွဲ့အဝင်များကို ရွေးချယ်ခန့်အပ် သင့်ပါသည်။
(၂) ကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကိုဖြန့်ကျက်ပြီး ကျယ်ပြန့်စွာ အဓိပွာယ် ဖွင့်ဆိုဖို့ရန် လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အဆိုးဝါးဆုံးသော ချိုးဖောက်မှုများ (နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများ နှင့် တရားရုံးသို့ရောက်ရှိခဲ့ပြီးဖြစ်သည့် လူ့အခွင့်အရေးအမှုအချို့တို့ အပါအဝင်) ကိုဖြေရှင်း ဆောင်ရွက်နိုင်ရန် ရှေ့တိုးဆောင်ရွက်ခြင်းတို့   လည်း ပါဝင်ပါသည်။
(၃) MNHRC ၏ စွမ်းဆောင်ရည်နှင့် သီးခြားလွတ်လပ်မှုတို့ကို မြှင့်တင်ပြီး ကောင်မရှင်အဖွဲ့အစည်းများ ရွေးချယ်ခံအပ်မှု လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်လာစေမည့် အချက်များကို ဥပဒေထဲတွင်ထည့်သွင်း ပြဌာန်း နိုင်ဖို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှမ်းမိုးသည့် လွှတ်တော်သည် ၂၀၁၄ ခုနှစ် လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြင်ဆင်သင့်ပါသည်။
(၄) ကော်မရှင်၏ သီးခြားလွတ်လပ်မှုကို ရာသက်ပန် အကာအကွယ်ပေးနိုင်ဖို့ရန်နှင့် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ယင်းအဆင့်အတန်းကို တဖက်သတ် ပြင်ဆင်လို့မရစေရန်     ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း၏ တစိတ်တဒေသအနေဖြင့် MNHRC အား အခြေခံဥပဒေထဲတွင် ထည့်သွင်းပြဌာန်း ဖွဲ့စည်းနိုင်ဖို့ရန်အတွက် လိုအပ်သည့် ပြင်ဆင်ချက်များကို အဆိုပြု သင့်ပါသည်။

ဆက်သွယ်ရန် 
ဒေါ်နှင်းဝင်းအောင် – ICJ ဥပဒေအကြံပေး hninwin.aung@icj.org, ၀၉၄၂၈၁၂၂၇၉၄ 
ဂျန်ဒိုမီုနို – ICJ ဥပဒေအကြံပေး jenny.domino@icj.org, ၀၉၉၆၈၁၃၄၃၁၇ 

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia