Statement 522 Views

43 Chin Organizations Demand The Immediate Release Of U Hawi Tin From Detention By AA On False Charges

November 11th, 2019  •  Author:   43 Chin Organizations  •  2 minute read

It has been 9 days since the Arakan Army has abducted and held Chin Member of Parliament U Hawi Tin in detention incommunicado on false charges. With every passage of time, we are increasingly gravely concerned over the safety and physical well-being of the Chin politician. We call on the AA to immediately release U Hawi Tin and to give him dignified and humane treatment consistent with international humanitarian and human rights standards while in their custody. At this time, we also ask AA to release verifiable evidence to reassure his family and the general public that U Hawi Tin is physically safe and secure.

The AA must realize that with every passage of time the continued illegal detention of U Hawi Tin is tarnishing its own image and credibility. We would also like to remind AA that any actions that deliberately target innocent civilians for violence is not only unacceptable and unjustifiable but could constitute a crime under international humanitarian law.

This could further increase unwanted misunderstanding and tensions between the Chin people and the AA, which could result in the public regarding AA’s action as an act of terrorism.

ချင်းအဖွဲ့အစည်း (၄၃) ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက် – AA မှ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးထားသည့် ချင်း လွှတ်တော်ကိုယ်စားလှယ် အား ချက်ချင်း လွှတ်ပေးရန်ထပ်မံတောင်းဆိုခြင်း

AA လက်နက်ကိုင်အဖွဲ့မှ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ဖမ်းဆီး အဆက်အသွယ်ဖြတ်ထားသည်မှာ ယနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ၉ ရက်ရှိပြီဖြစ်သည်။ မိမိတို့ အနေဖြင့် ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ အတွက် များစွာစိုးရိမ်မကင်းဖြစ်မိပါသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းအား အမြန်ဆုံး လွှတ်ပေးရန်ထပ်မံ တောင်းဆို လိုက်သည်။ AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန်လည်း သတိပေးလိုပါသည်။ ယခုအချိန်တွင် AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းသည် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် အချိန်တန်နေပြီ ဖြစ်သည်။

ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ AA လက်နက်ကိုင်အဖွဲ့ သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုများအကြား ၎င်းတို့၏ပုံရိပ် စွန်းထင်း ကျဆင်း လာမည်ကိုသတိချပ်စေလိုကြောင်းထပ်မံအသိပေးပါသည်။ မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများအရ ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကိုလည်း ထပ်မံ သတိပေးလိုပါသည်။ လူ့ အခွင့်အရေးချိုးဖောက် မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက်လုပ် ရပ်များအဖြစ် ပြည်သူများမှ မှတ်ယူ သွားစေနိုင်ပါသည်။

ဆက်သွယ်ရန်
အိုက်စောမြ – 09450 403 348
ဆလိုင်းလျန် – 09450 687296

1. Central Chin Youth Organization
2. Chin Human Rights Organization
3. Chin CSOs Forum
4. Chin Literature and Culture Committee (Universities-Yangon)
5. Chin Students Union (Kalaymyo)
6. Chin Literature and Culture Committee (University of Yangon)
7. Chin Women Development Organization (Kanpetlet)
8. Chin Youth Organization (Matupi)
9. Chin Youth Organization (Kalay-Kabaw)
10. Chin Youth Organization (Mindat)
11. Chin Youth Organization (Hakha)
12. Farmers Association (Matupi)
13. Hakha Baptist Association
14. K’Cho Chin Women Organization
15. K’Cho Ethnic Organization
16. Kaladan Development Foundation
17. Kanpetlet Region Development Organization
18. Khumi Affairs Coordination Council
19. Khumi Youth Association
20. Khumi Youth Association (Yangon)
21. Matupi Times News
22. Matupi Women Organization
23. Mindat University Students Union
24. Paletwa Council of Churches
25. Paletwa Evangelical Churches’ Alliance
26. Senthang Youth and University Students Fellowship

27. ဝိတိုရိယလူမှုကူညီရေးအသင်း(မင်းတပ်)
28. ချိုးမိရိုးဖလာမြေယာအကျိုးဆောင်အဖွဲ့
29. ဒိုင်လူမှုဖွံ့ ဖြိုးရေးအသင်း
30. လင်းလက်ကြယ်စင် အဖွဲ့
31. သတင်းဆက်သွယ်ပြန်ကြားရေးအဖွဲ့ (မင်းတပ်)
32. ပွင့်လင်းဖွံ့ ဖြိုးရေးဖောင်ဒေးရှင်း (ကန်ပက်လက်)
33. သဘာဝသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး ( ကန်ပက်လက်)
34. ဝိတိုရိယလူမှုကူညီရေးအသင်း (ကန်ပက်လက်)
35. မသန်စွမ်းဖွံ့ ဖြိုးရေးအသင်း(မတူပီ)

International

36. Chin Youth Organization of North America
37. Chin Community of Western Australia
38. Chin Students Union, Delhi
39. Dai Community, Malaysia
40. Alliance of Chin Refugees, Malaysia
41. Chin Refugee Committee
42. Falam Refugee Organization
43. Zomi Association of Malaysia

View the original.