လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေးအတွက် ကော်မရှင်ဥပဒေကို ပြင်ဆင်ရမည်

လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေးအတွက် ကော်မရှင်ဥပဒေကို ပြင်ဆင်ရမည်

[ရန်ကုန် – ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့] အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) မှ စာတမ်းတိုတစ်စောင် ထုတ်ပြန်ကာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို သွေးသစ်လောင်းနိုင်ရန် ကော်မရှင်ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကကျသည့်အကြံပြုတိုက်တွန်းချက်များ ထုတ်ပြန်လိုက်သည်။ ပြည်သူလူထုကြားတွင် MNHRC အပေါ် ယုံကြည်မှု ကင်းမဲ့နေခြင်းနှင့် ၂၀၁၄ ခုနှစ် ကော်မရှင်ဥပဒေ ပြဌာန်းပြီးစဉ်ကတည်းက လုံလောက်ကောင်းမွန်သည့် လုပ်ငန်း မှတ်တမ်းများ မရှိခဲ့ခြင်းတို့ကြောင့် MNHRC အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာရှိသည့်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် နယ်ပယ်များကို ယခုစာတမ်းတိုတွင် ထုတ်ဖော်တင်ပြထားသည့် ကိစ္စရပ်များက မီးမောင်းထိုးဖော်ပြနေပါသည်။

ဤစာတမ်းတိုတွင် စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်၊ အကျဉ်းထောင်များသို့ ကြိုတင်အကြောင်းမကြားဘဲ သွားရောက်နိုင်ရေး၊ လုပ်ငန်းပိုင်းလွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်အာဏာရပ်များ၊ ဝန်ထမ်းများ အလွှာစုံရေး၊ အရပ်ဘက် လူထုအသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံရေး၊ ထုတ်ပယ်ခြင်းလုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာငွေထောက်ပံ့ရေးနှင့် လွှတ်တော်သို့ တာဝန်ယူမှု တာဝန်ခံမှုရှိရေးနှင့် ပတ်သက်သည့် အကြံပြုတိုက်တွန်းချက်များကို ဖော်ပြထားပါသည်။

ရန်ကုန်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့ပြေးအသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ အောင်ခိုင်မင်းက “ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာ အတိမ်အနက်နဲ့ အကျယ်အဝန်းကို ကြည့်မယ်ဆိုရင် MNHRC အနေနှင့် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတာတွေ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်၊ ပြီးတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်စောင့်ရှောက် တာတွေလည်း မဆိုစလောက်လေးပဲ လုပ်ထားတယ်။” ဟုပြောပါသည်။

ယင်းကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ သဉ္ဇာရွှန်းလဲ့ရည်ကလည်း သဘောတူကြောင်းနှင့် “ကော်မရှင်ဥပဒေကို ပြင်လိုက်ရင် အထူးသဖြင့် စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြင်လိုက်မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့အာဏာ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် ချိုးဖောက်မှုတွေ ကို ကိုင်တွယ်ဖြေရှင်းချင်စိတ်ရှိတဲ့ ကော်မရှင်အဖွဲ့ဝင်တွေနှင့် MNHRC ရဲ့ လုပ်နိုင်စွမ်းကို မြင့်ပေးနိုင်မှာ ဖြစ်တယ်။” ဟု ပြောပါသည်။

MNHRC အဖွဲ့ဝင်တချို့၏ လက်ရှိသက်တမ်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ပြီးဆုံးမည် ဖြစ်သည်။ ယခု ၎င်းတို့၏သက်တမ်းများ ထပ်တိုးရန် သို့မဟုတ် အဖွဲ့ဝင်သစ်များ အမည်စာရင်း တင်သွင်းရေးအတွက် စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းရန် သမ္မတတွင် တာဝန်ရှိပါသည်။ ၂၀၁၈ ခုနှစ် MNHRC ၏ အစီရင်ခံစာကို မကြာသေးမီက လွှတ်တော်တွင်း အခြေအတင်ဆွေးနွေးခဲ့မှုက လိုအပ်သော ပြင်ဆင်မှုများလုပ်ရန် လွှတ်တော် ကိုယ်စားလှယ်တချို့တွင် နိုင်ငံရေးစိတ်ဆန္ဒရှိကြောင်း ပြသခဲ့ကြသည်။ ထို့ကြောင့် MNHRC ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများလုပ်ငန်းအဖွဲ့က ယခုစာတမ်းတိုတွင် ဖော်ပြထားသည့် ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် MNHRC အနေဖြင့် လူ့အခွင့်အရေးကို အားပေးမြှင့်တင်ရာနှင့် ကာကွယ်စောင့်ရှောက်ရာတွင် ပိုမိုလွတ်လပ်ပြီး ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်ချက်များ လုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် အား တောင်းဆိုလိုက်သည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • အောင်ခိုင်မင်း၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့၊ +၉၅ (ဝ) ၉၂၆၁၀၀၉၉၉၅၊ akm@progressive-voice.org
  • သဉ္စရွှန်းလဲ့ရည်၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီ၊ +၉၅ (ဝ) ၉၇၉၅၅၇၄၇၇၅၊ thinzarshunleiyi@gmail.com
  • အောင်ဇော်ဦး၊ ဆက်သွယ်ရေးနှင့်စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့၊ +၉၅ (ဝ) ၉၄၂၁၀၃၉၄၉၃၊ 2012hrdpnetworks@gmail.com
  • သက်သက်အောင်၊ ဒါရိုက်တာ၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ +၉၅ (ဝ) ၉၇၉၄၉၃၂၃၄၄
  • အောင်မျိုးကျော်၊ အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်း၊ +၉၅ (ဝ) ၉၄၂၈၁၁၇၃၄၈၊ tawwin09@gmail.com
  • မောင်ဆောင်းခ၊ အမှုဆောင်ဒါရိုက်တာ၊ အသံအဖွဲ့၊ +၉၅ (ဝ) ၉၇၇၃၉၃၇၂၇၃၊ saungkhasithu@gmail.com

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာ၌ ယူရန်။

သတင်းထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာ၌ ယူရန်။

စာတမ်းတို မြန်မာဘာသာကို ဤနေရာ၌ ရယူပါ။

စာတမ်းတို အင်္ဂလိပ်ဘာသာကို ဤနေရာ၌ ရယူပါ။

Announcements


Read Next

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia