9 October 2018
Progressive Voice, Action Committee for Democracy Development, Burma Monitor, Future Light Center, Generation Wave, Genuine People’s Servants, Association of Human Rights Defenders and Promoters, Human Rights Foundation of Monland, Kachin Women’s Association-Thailand, Loka Ahlinn, Smile Education and Development Foundation, and Synergy

ယေဘုယျအနှစ်ချုပ်
MNHRC ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် သမ္မတအမိန့်အာဏာဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တည်ထောင်ခြင်းဆိုင်ရာဥပဒေ (ကော်မရှင်ဥပဒေ) ပြဋ္ဌာန်းခြင်းဖြင့် တရားဝင်တည်ထောင်ခဲ့ပါသည်။ ယခင် ANNI အစီရင်ခံစာများတွင် ဖော်ပြခဲ့သည့်အတိုင်း ကော်မရှင်၏ အဖွဲ့ဝင်များရွေးချယ်ခန့်အပ်မှုလုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ယခင်စစ်အစိုးရဟောင်းနှင့် ကော်မရှင် အဖွဲ့ဝင်များနီးစပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှု ကင်းမဲ့ခြင်းနှင့် လူ့အခွင့်အရေးအခြေခံသည့် တွေးခေါ်ပုံအလေ့အထ ကင်းမဲ့ခြင်းတို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်စရာများကြောင့် ပြည်သူလူထု၏ အသိအမှတ်ပြု လက်ခံနိုင်စွမ်း ကင်းမဲ့နေသည်။ ပါရီအခြေခံမူ များနှင့် အပြည့်အဝကိုက်ညီကြောင်း ပြသနိုင်သည့် လူ့အခွင့်အရေးကော်မရှင်များကိုသာ ‘က’ အဆင့် သတ်မှတ်ပေးခြင်းဖြစ်သည့်အတွက် GANHRI-SCA ၏၂၀၁၅ ခုနှစ် နိုဝင်ဘာလ အစီရင်ခံစာတွင် MNHRC အား ‘က’ အဆင့် မသတ်မှတ်ခဲ့ပေ။ ကော်မရှင်နှင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာတွင် ပြဿနာရှိနေသည့်အချက် ခုနစ်ချက်ကို ဆပ်ကော်မတီက ထောက်ပြခဲ့ရာ ယင်းတို့မှာ – က) အဖွဲ့ဝင်ရွေးချယ်ခန့်အပ်မှု၊ ခ) လူထုဆူပူမှု သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခအခြေအနေများ၌စွမ်းဆောင်မှု၊ ဂ) အလွှာစုံစနစ်၊ ဃ) လုံလောက်သော ငွေကြေးအထောက်အပံ့နှင့် ဘဏ္ဍာရေးလွတ်လပ်မှု၊ င) အကျဉ်းထောင်များနှင့် ချုပ်နှောင်ထိန်းသိမ်းရာ နေရာများ စောင့်ကြည့်လေ့လာမှု၊ စ) နိုင်ငံတကာလူ့အခွင့်အရေးစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်မှု နှင့် ဆ) နှစ်ပတ်လည်အစီရင်ခံစာတို့ ဖြစ်သည်။ မကြာသေးခင်နှစ်များတွင်မူ MNHRC သည် အကျဉ်းထောင် စောင့်ကြည့်မှု၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ နိုင်ငံတကာမှ သက်ဆိုင်သူများ၏ အကူအညီလက်ခံမှုတို့တွင် တိုးတက်မှုရှိခဲ့သည်။ သို့ရာတွင် ယင်းတိုးတက်မှုမှာ GANHRI-SCA မှ ထောက်ပြသည့် ပြဿနာရပ်များကိုဖြေရှင်းရာ၌ အနည်းအကျဉ်းမျှသာ အလုပ်ဖြစ်သည်ကို တွေ့ရပါသည်။
ယခုအစီရင်ခံစာတွင် GANHRI-SCA အစီရင်ခံစာကို ရည်ညွှန်းလျက် MNHRC အား အောက်ဖော်ပြပါ စံချိန်စံညွှန်းများဖြင့် ဆန်းစစ်သုံးသပ်မည် ဖြစ်ပါသည် –
ထို့အပြင် ၂၀၁၁ ခုနှစ် MNHRC တည်ထောင်ချိန်မှစ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ပုံစံနှင့် မတော်တရော် လုပ်ဆောင်မှုများ၏ပုံစံအပါအဝင် ယနေ့မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် MNHRC ၏ တုံ့ပြန်မှုကိုလည်း ဤအစီရင်ခံစာတွင် ဆန်းစစ်လေ့လာမည်ဖြစ်သည်။ MNHRC အား လုပ်ပိုင်ခွင့်အာဏာပေးသည့် ပင်မစာတမ်းဖြစ်သော ကော်မရှင်ဥပဒေကိုလည်း ဆန်းစစ်သုံးသပ်ပြီး ဥပဒေပိုင်းအရ ပြင်ဆင်ရေးနှင့် စွမ်းဆောင်မှုပိုင်းဆိုင်ရာ နှစ်မျိုးစလုံးအတွက် သက်ဆိုင်ရာ လက်တွေ့လုပ်ကိုင် ဆောင်ရွက်မှုများအတွက် အကြံပြုတိုက်တွန်းချက်များ တင်ပြသွားမည် ဖြစ်ပါသည်။
အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။
အစီရင်ခံစာ အပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ရယူပါ။