03 September 2018
ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံး(ခ)သက်ဦးမောင် နှင့် ကိုကျော်စိုးဦး(ခ) မိုးအောင် တို့အား နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေဖြင့် ယနေ့၊ ထောင်ဒဏ်(၇)နှစ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည်
၁။ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်အား ကြီးမားသည့် ချိုးဖောက်မှုဖြစ်ခြင်း၊
၂။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်ဘက်မလိုက်၍ တရားမျှတသည့် တရားစီရင်ရေးနှင့် လုံးဝဆန့်ကျင်နေခြင်း၊
၃။ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွက် ကြီးမားသည့် အဟန့်အတား၊ အနှောင့်အယှက် ဖြစ်ခြင်း၊
၎။ မြန်မာနိုင်ငံ၏ စာနယ်ဇင်းသတင်းမီဒီယာကဏ္ဍကြီးတစ်ခုလုံးနှင့် စာနယ်ဇင်းသတင်းမီဒီယာသမားများအား ကြီးမားစွာ စိန်ခေါ်လိုက်ခြင်း၊
တို့အတွက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ယခင်အစိုးအရများလက်ထက် ကဲ့သို့ပင် စိုးရိမ်ရဆဲဖြစ်ပေသည်။
ထို့ကြောင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အနေဖြင့်၊ ယနေ့ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး(ခ)သက်ဦးမောင် နှင့် ကိုကျော်စိုးဦး(ခ) မိုးအောင် တို့အား အမြန်ဆုံး ပြစ်ဒဏ်မှ ပြန်လွှတ်ပေးရန် နှင့် ၄င်းတို့၏ မူလသတင်းထောက်တာဝန်များအား ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့။
ဦးမြင့်အေး (အမှုဆောင်ဒါရိုက်တာ)
09420243125
ဦးမောင်မောင်လေး (စီမံကိန်းဒါရိုက်တာ)
095180212
ဦးအောင်ဇော်ဦး (ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ)
09421039493
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့သည် လူအခွင့်အရေးပညာပေးခြင်းလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှု များအား ကာကွယ်ပေးခြင်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်း နှင့် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မူရင်းထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူပါ။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.