ယခုအစီရင်ခံစာက လွန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သော သစ်ခွပန်းသုတေသန မှတွေ့ရှိချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။ တွေ့ရှိခဲ့သော သစ်ခွပန်းမျိုးစိတ်အရေအတွက်၊ နိုင်ငံတကာကသတ်မှတ်ထားသော ခြိမ်းခြောက်ခံနေရသည့်ဇီဝမျိုးကွဲများစာရင်းထဲမှာ ယခုသစ်ခွပန်းများက မည်သည့်အဆင့်မှာရှိနေတယ်၊ သစ်ခွပန်းမျိုးစိတ်အချို့နဲ့ ဌာနေကရင်တိုင်းရင်းသားတို့၏ဓလေ့ရိုးရာယဉ်ကျေးမှုအကြား အရေးပါတဲ့ ဆက်နွယ်မှုများ၊ စတဲ့အချက်အလက်တွေကို ဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ သစ်ခွပန်းသုတေသနပြုလုပ်ခဲ့စဉ်က ဌာနေကရင်အမျိုးသမီးသုတေသနအဖွဲ့တို့ တွေ့ကြုံခဲရတဲ့ အတွေ့အကြုံနှင့်သင်ခန်းစာများကိုလည်း ဖေါ်ပြထားပါတယ်။
ဒီအစီရင်ခံစာရဲ့ ရည်ရွယ်ချက်ကတော့ မိမိဒေသအတွင်း၌ဖြစ်စေ၊ အခြားဒေသမှာဖြစ်စေ၊ ပေါက်ရောက်နေတဲ့ သစ်ခွပန်းများရဲ့အကြောင်းကို လူထုက ပိုမိုသိလာစေဖို့၊ သစ်ခွပန်းများကို ပိုမိုတန်ဘိုးထားလာစေဖို့၊ ထို့ပြင် သဘာဝဇီဝမျိုးကွဲနဲ့ဓလေ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ သုတေသနပြုလုပ်ရေးတွေမှာ ဒေသခံလူထုကိုယ်တိုင် တက်တက်ကြွကြွပါဝင်လိုစိတ်များ တိုးပွားလာစေရန်အဖို့အတွက်ဘဲ ဖြစ်ပါတယ်။
အစီရင်ခံစာအကျဉ်းချုပ် အပြည့်အစုံကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။
အစီရင်ခံစာ အပြည့်အစုံကို ကရင်ဘာသာဖြင့် ဤနေရာတွင် ရယူပါ။
င
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.