သံသယစိတ်များ – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ယုံကြည်မှု ကပ်ဆိုက်ပုံ

သံသယစိတ်များ – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ယုံကြည်မှု ကပ်ဆိုက်ပုံ

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ်(National League for Democracy – NLD) ၏ ရွေးကောကပ်ွဲအောင်မြင်မှုက မြန်မာနိုင်ငံအတွက် ၅၄ နှစ်အတွင်း ပထမဆုံးသောဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့်အစိုးရ ဖြစ်လာစေခဲ့သည်။ သို့သော် NLD အာဏာရခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်တပ်က နိုင်ငံရေးတွင် နက်နက်နဲနဲ ထိန်းချုပ်ထားဆဲဖြစ်ပြီး အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုမှာလည်း ဆက်ရှိနေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီလွှတ်ပေးခြင်းနှင့် လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်မူအပေါ် ပျော့ပြောင်းမှုရှိလာခြင်းတို့ကဲ့သို့ တိုးတက်မှုတစ်စုံတရာရှိလာသော်လည်း လူ့အခွင့်အရေးအခြေအနေတစ်ခုလုံး အနေဖြင့်မူ စိုးရိမ်နေရဆဲဖြစ်သည်။ ဤအခင်းအကျင်းအောက်တွင် MNHRC အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို “ကျယ်ကျယ်ပြန့်ပြန့်၊ လွတ်လွတ်လပ်လပ်နှင့် ရည်ရွယ်ချက်ရှိရှိ” ပုံစံဖြင့် လူ့အခွင့်အရေးကို ပိုမိုထိရောက်စွာ အားပေးမြှင့်တင်သူ၊ ကာကွယ်စောင့်ရှောက်သူအဖြစ် အဓိပ္ပာယ်ဖော်ရန် အရေးတကြီး လိုအပ်လာသည်။

လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အငြင်းပွားဖွယ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေလေးခု ကဲ့သို့သော ခွဲခြားဖိနှိပ်ရေးဥပဒေများသည် အမျိုးသမီးများနှင့် ဘာသာရေးလူနည်းစုတို့၏ အခွင့်အရေးကို ဆက်လက်ကန့်သတ်ချုပ်ချယ်နေပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကဲ့သို့သော ဥပဒေများကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တစ်ဖက်စောင်းနင်း အသုံးပြုခြင်းကလည်း ဒီမိုကရေစီထွန်းကားမှုနယ်ပယ်ကို ဆက်လက်ကျဉ်းမြောင်းစေသည်။ ၂၀၁၇ ခုနှစ် မေလတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၄၀ ရှိနေပြီး ၂၀၉ ဦးမှာလည်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အမှုရင်ဆိုင်နေကြရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ NLD ဥပဒေအကြံပေး ဦးကိုနီ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လုပ်ကြံခံခဲ့ရခြင်းက လက်ရှိအနေအထားကို တိုးတက်ပြောင်းလဲစေရန် ကြိုးစားနေသူများ ရင်ဆိုင်နေရသော မတည်ငြိမ်သည့်နိုင်ငံရေး အခြေအနေကို ရှင်းရှင်းလင်းလင်းပြသနေသည်။

အစီရင်ခံစာမြန်မာဘာသာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia