25 November 2017
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည့် ယနေ့တွင် ရှမ်းအမျိုးသမီး ရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (စွမ်း) က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခြွဲခား ဆက်ဆံမှု များ ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ပါ ပုဒ်မ (၁၀) အရ တောင်းဆိုချက်ဖြစ်သော အမျိုးသမီး များနှင့် မိန်းကလေးငယ်များကို တန်းတူညီမျှသော ပညာသင်ကြားခွင့် ရရှိရေးအတွက် တာဝန်ရှိမှုကို လိုက်နာ ဆောင်ရွက်ရန် မြန်မာအစိုးရအား လေးနက်စွာ တိုက်တွန်းလိုက်သည်။ ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (စွမ်း) သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို အတားအဆီး ဖြစ်နေစေသည့် ရှမ်းပြည်နယ်နှင့် အခြားသော တိုင်းရင်းသား ပြည်နယ်များတွင် ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေပြီ ဖြစ်သော စစ်ပဋိပက္ခကို အဆုံးသတ်ရန်လည်း ထပ်မံ တောင်းဆိုလိုက်သည်။
ပညာသင်ကြားခွင့်သည် အခြေခံ လူ့အခွင့်အရေး ဖြစ်သည်။ ပဋိပက္ခများ တည်ရှိနေခြင်းသည် အမျိုးသမီးငယ်များအား အိမ်မှုတာဝန်များ ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ဆောလျင်စွာ ကျောင်းထက်ွရသည့် အခြေအနေကို တွန်းပို့ပေးနေသည်။ ကျောင်းခေါ်ချိန်စာရင်းများသည် လက်နက်ကိုင် အဖွဲ့အစည်းဝင်များ တည်ရှိနေမှုကို ထင်ဟပ်လျက် မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို အနှောက်အယှက်ပြုနေကြောင်း သက်သေပြနေသည်။ ကျောင်းသွား ကျောင်းပြန် လမ်းတလျောက် ဖြစ်ပေါ်နိုင်သည့် မမျှော်လင့်သည့် အကြမ်းဖက်မှု အမျိုးမျိုးကို စိုးရိမ်ရခြင်းကြောင့် မိသားစုများအနေဖြင့် သူတို့ သမီးငယ်များ၏ ပညာရေးကို ဦးစားပေးရန် တွန့်ဆုတ်စေသည်။
စစ်တပ်များ တည်ရှိနေခြင်းက ပညာသင်ကြားမှု လစ်ဟာချက်များကို ပိုမိုကြီးမားစေသည်။ လက်ရှိ သင်ရိုးညွှန်းတမ်းမှာ ကျား-မ ဘက်လိုက်မှုရှိပြီး လိင်ခွဲခြားမှု အကြောင်းအရာများပါဝင်နေသည့် သင်ကြားမှု မူဘောင်ဖြစ်နေသည်။ ထို့အပြင် တိုင်းရင်းသား ပြည်သူများ၏ ပညာသင်ကြားခွင့်ကို ပိတ်ပင်နေသည့် ထပ်ဆင့် အတားအဆီးများ ရှိနေခြင်းသည်လည်း တိုင်းရင်းသားဒေသများရှိ ဆက်နွယ်နေသော ကိစ္စရပ်များကို အစိုးရအနေဖြင့် ဖြေရှင်းသည့် ကြိုးပမ်းအားထုတ်မှု နည်းပါးနေသည်ကို ပေါ်လွင်စေသည်။ အထူးသဖြင့် မူလတန်းအဆင့် ကျောင်းများတွင် သင်ကြားရေးသုံး ဘာသာစကားမှာ မြန်မာဘာသာစကား ဖြစ်နေခြင်းသည် တိုင်းရင်းသား ပြည်သူများအပေါ် ခြွဲခားဆက်ဆံမှု ဖြစ်စေပြီး တိုင်းရင်းသူမိန်းကလေးငယ်များအား ကျောင်းထွက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။
စစ်ပဋိပက္ခများ ဖြစ်ပွားရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ခံရလေ့ရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၃ တွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်အကြမ်းဖက်မှု အပါအ၀င် စစ်ဖက်ဆိုင်ရာ ကိစ္စများအားလုံးအပေါ်တွင် တရားစီရင်ခွင့်ကို စစ်တပ်အား အပြည့်အ၀ ပေးထားသည့်အပြင် စစ်တပ်ကို ပြစ်မှုကျူးလွန်မှုများအပေါ် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ကို ပေးထားခြင်းက အမျိုးသမီးများအား သူတို့အပေါ်ကျူးလွန်သည့် အကြမ်းဖက်ရက်စက်ခြင်းကို ဖွင့်မပြောရဲအောင် နှုတ်ဆွံ့စေသည်။ တိုင်းရင်းသူ မိန်းကလေးငယ်များအား ပညာဆက်လက်မသင်ကြားနိုင်အောင် တွန်းပို့နေသည့် အကြောင်း တရား ဖြစ်နေသည်။
ဤသို့ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရှမ်းပြည်နယ်မှ ဒုက္ခသည်များသည် သူတို့ နေအိမ်များကို စွန့်ခွာ၍ ဆက်လက်ထွက်ပြေးလျက်ရှိပြီး အမြောက်အများမှာ ထိုင်း-ရှမ်း နယ်စပ်တလျောက်နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ပြည်တွင်း အိုးအိမ်မဲ့ ခိုလှုံရေး စခန်းများ (IDP camps) တွင် ခိုလှုံနေထိုင်လျက်ရှိကြသည်။ နိုင်ငံတကာ အလှူရှင်များက နယ်စပ်ဒေသ ရံပုံငွေ ထောက်ပံ့မှုကို လျော့ချခဲ့ခြင်းကြောင့် ပညာရေး ပံ့ပိုးမှုမှာ လျစ်လျူရှုခံထားရသည်။ အခွင့်အလမ်း အနည်းငယ်သာ ရှိသည့်အခါတွင် မိသားစု ရိုးရာ ဓလေ့ထုံးစံများအရ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ပညာသင်ကြားခွင့်မှာ မဆီလျော်သလို ဖြစ်လာစေသည်။
၂၀၁၇ခုနှစ် ၏ ဆယ့်ခြောက်ရက်တာလှုပ်ရှားမှု ဦးတည်ချက်အရ မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ တစ်ရက်တည်းသာမက နေ့စဉ် ဦးစားပေးရန် လိုအပ်ပါသည်။ သို့ဖြစ်ရန်အတွက် စွမ်း က မြန်မာနိုင်ငံ အစိုးရအား ပညာရေး အသုံးစားရိတ်ကို အနည်းဆုံး နိုင်ငံ၏ အသားတင်ကုန်ထုတ်မှုတန်ဖိုး (GDP) ၏ ၂၀ ရာနှုန်း အထိ အလျင်အမြန် တိုးမြင့်သုံးစွရဲန် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား ကလေးငယ်များသည် အရည်အသွေး တန်းတူသော ပညာရေးကို သင်ကြားခွင့်ရရှိရန် ရံပုံငွေများ ချမှတ် ပေးရမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ကျောင်းစာသင်ချိန်များအတွင်း တိုင်းရင်းသား ဘာသာများ သင်ကြားမှုကို ဖြစ်လာရန် လိုအပ်သည်။ တိုင်းရင်းသူတိုင်းရင်းသားတို့၏ သွင်ပြင်လက္ခဏာကို ထိန်းသိမ်းထားနိုင်စေရေး အားပေးသည့် အနေဖြင့် တိုင်းရင်းသား ဘာသာသင် ဆရာများအား ပံ့ပိုးထောက်ပံ့မှုများကိုလည်း တိုးမြှင့်ရန် လိုအပ်သည်။
ထို့အပြင် မြန်မာအစိုးရသည် ရှမ်းပြည်နယ်အတွင်း ကျောင်းတက်ကြသော မိန်းကလေးငယ်များ၏ ဘေးကင်း လုံခြုံမှု တိုးတက်လာစေရန် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရမည်။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (စွမ်း) သည် ရှမ်းပြည်နယ်နှင့် အခြား တိုင်းရင်းသား ပြည်နယ်များရှိ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုလိုက်သည်။
နောက်ဆုံးအနေဖြင့် မိမိတို့သည် အထူးသဖြင့် ပညာရေးနှင့် ပဋိပက္ခဒေသအတွင်းရှိ အမျိုးသမီးများအတွက် စီဒေါ ကော်မတီက တိုက်တွန်းထားသော နိဂုံးချုပ် အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် စွမ်းက မြန်မာအစိုးရအား အလေးအနက် တောင်းဆိုအပ်ပါသည်။
မြန်မာနို်င်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် စီဒေါကို လက်မှတ်ရေးထိုးခဲ့ပြီး စီဒေါ ကော်မတီက မြန်မာနိုင်ငံ ၏ စီဒေါစာချုပ်အရ အကောင်အထည်ဖော်မှုများအား သုံးသပ်စစ်ဆေးခြင်းများကို ၂၀၀၀၊ ၂၀၀၈ နှင့် ၂၀၁၆ နှစ်များတွင် ပြုလုပ်ခဲ့သည်။
မီဒီယာ ဆက်သွယ်ရန်-
ယိင်းချမ်ဟွမ် တာဝန်ခံ – ပညာရေးလုပ်ငန်းစဉ် +66 81-992-1121 [email protected]
နန်းခမ်းယတ် ဌာနေ တာဝန်ခံ (မြန်မာပြည်) +95 9 45 443 4246 [email protected]
ထုတ်ပြန်ကြေညာချက်မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.