6 November 2017
၁။ ယနေ့ ၂၀၁၇ နှစ် နိုဝင်ဘာလ ၆ ရက် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတငွ် ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားလူထုတို့ စုစည်းဆန္ဒဖော်ထုတ်မှုသည် ပြည်တငွ်း နေရပ်စွန့်ခွါပြည်သူလူထု (IPD) နှင့် ဒုက္ခသည် (Refugee) တို့၏ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် ပကတိအခြေအနေမှန်အား ထင်ဟပ်ပေါ်လင်ွစေပါသည်။
၂။ မြန်မာအစိုးရစစ်တပ်မှ ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားနယ်မြေဒေသအတငွ်း စစ်ဆင်ရေးထိုးစစ်များကြောင့် ပြည်တငွ်းနေရပ်စွန့်ခွါပြည်သူလူထုနှင့် ဒုက္ခသည်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မြန်မာစစ်တပ်မှ “ဖြတ်လေးဖြတ်”မူဝါဒအပေါ် စစ်ဆင်ရေး ပြုလုပ်ကာ ပြည်သူလူထုအား မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာလူနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ပါသည်။
၃။ ယ္ခုလက်ရှိတွင် မြန်ာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အချို့သာ NCAအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီး မြန်မာပြည်အရှေ့မြောက်ပိုင်း တငွ် အစိုးရတပ်မှ စစ်ဆင်ရေးများပြုလုပ်နေဆပဲင်ဖြစ်သည်။
၎။ ထို့အပြင် မြန်မာအစိုးရနှင့် KNU – ကရင်အမျိုးသားအစည်းအရုံးတို့အကြား NCA အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်တငွ် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း နှစ်ဘက် တပ်ပိုင်းဆိုင်ရာကိစ္စများ တိကျသေချာသည့် သဘောတူညီမှုများ မရှိသေးသည့်အပြင် ကေအန်ဲယူ အုပ်ချုပ်နယ်အတွင်း အစိုးရတပ်စခန်းများ ပို၍ပင် တိုးချဲ့လာပါသည်။
၅။ အလားတူ အစိုးရနှင့် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့၏ နိုင်ငံရေးဆေွးနွေးမှုသည် သိသာထင်ရှားသည့် အောင်မြင်တိုးတက်မှုမရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များမှ ၄င်းအားပြန်လည်သုံးသပ်နေကြပြီးဖြစ်သည်။
၆။ သို့သော်လည်း နိုင်ငံတကာမှ နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုအား ရပ်ဆိုင်းပြီး နေရပ်စွန်ခွါ ပြည်သူလူထုများအပါအ၀င် ဒုက္ခသည်ကူညီထောက်ပံ့မှုများကို လျော့ချ၊ ဖြတ်တောက်နေပြီဖြစ်သည်။ အထူးသဖြင့် မူတြော်ခရိုင်အတငွ်းရှိ ပြည်တငွ်းနေရပ်စွန်ခွါ လူထုများနေထိုင်သည့် အီးတူးထာ စခန်းအား ကူညီထောက်ပံ့မှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ လုံးဝပြတ်တောက်သွားပြီး ဖြစ်သည်။ ထို့ကြောင့် အီးတူးထာစခန်းရှိ နေရပ်စွန့်ခွါ လူထုများ (IDP) သည် ၄င်းတို့၏ ဘ၀လုံခြုံရေးနှင့် ရပ်တည်ရေးအပေါ် စိုးရိမ်မှုများ ရှိနေပါသည်။
၇။ ထို့ကြောင့် KO-USA ကရင်အမျိုးသားလူထုများ တောင်းဆိုနေသည့် အချက်များအပါအ၀င် ပြည်တငွ်းနေရပ်စွန်ခွါလူထုနှင့် ဒုက္ခသည်များအား နယ်စပ်ဖြတ် ကျော်ကူညီထောက်ပံ့မှုကို ပြန်လည်ကူညီထောက်ပံ့ပေးစေရန် အမေရိကန်အေဂျီစီများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ထပ်လောင်းတောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန်
မန်းမန်း – (+၆၆) ၈၇၉၄၃၈၇၅၀
ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
19 May 2026

28 May 2026

28 May 2026