15 August 2017
ND-Burma မှ ထုတ်ပြန်သည့် နောက်ဆုံးအခြေအနေအစီရင်ခံစာအရ သတ်ဖြတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ဖြစ်ပွားရာနယ်မြေများတွင် ဆက်လက်ဖြစ်ပေါ်နေသည်။ ချိုးဖောက် မှုများရှိနေသော်လည်း အပြစ်ပေးအရေးယူမှု ဆက်လက်လွတ်မြောက်နေဆဲဖြစ်သည်ကို ၀မ်းနည်းစွာ တွေ့ရ သည်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ လူ့အခွင့်အရေးချိုးဖောက်မှု ၂၄ ခုကို မှတ်တမ်းတင်နိုင်ပြီး အဆိုပါ ဖြစ်ရပ်များအတွက် စုံစမ်းစစ်ဆေးခြင်းနှင့် အပြစ်ပေးမှုမရှိပေ။
အဓိက တွေ့ရှိချက်များ
● ၂၀၁၇ ဇန်န၀ါရီမှ ဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၄ ခုကို ND-Burma မှ မှတ်တမ်းတင်နိုင် သည်။ ချိုးဖောက်မှု ၂၃ ခုမှာ ရှမ်းပြည်နယ်နှင့် အခြား ၁ ခုမှာ ကချင်ပြည်နယ်တွင် မှတ်တမ်းတင်ထား ခြင်းဖြစ်သည်။ ချိုးဖောက်ခံရသူ ၇၆ ဦးရှိသည်။
● အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုသည် ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပြီး ၁၄ ခု မှတ်တမ်းတင်နိုင် သည်။ ဒုတိယအများဆုံးမှာ သတ်ဖြတ်မှုဖြစ်ပြီး ၆ ခု မှတ်တမ်းတင်နိုင်သည်။
● လူ့အခွင့်အရေးချိုးဖောက်မှု ၂၄ ခုအနက် ၁၇ ခုမှာ အစိုးရလုံခြုံးရေး အင်အားစုများဖြစ်သည့် တပ်မ တော်နှင့် ရဲတပ်ဖွဲ့က ကျူးလွန်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်မှု များရှိပြီး၊ ၄ ခုမှာ မည်သူ ကျူးလွန်ချိုးဖောက်ခဲ့ကြောင်း မထုတ်ဖော်နိုင်ပေ။
● လူ့အခွင့်အရေးချိုးဖောက်သူများ အပြစ်အပေးအရေးယူခြင်းမှ ကင်းလွတ်နေသည်မှာ စံတခုလို ဆက်လက်ဖြစ်ပေါ်နေသည်။ ယခုဖော်ပြထားသည့် ချိုးဖောက်မှု ၂၄ ခုစလုံးတွင် မည်သည့်ကျူးလွန် သူမှ တရားရုံးတင် ရင်ဆိုင်ဖြေရှင်းရခြင်းမျိုးမရှိပေ။
ND-Burma မှ ညှိနှိုင်းဆောင်ရွက်ရေးမှုး ဟန်ကြီးမှ “ND-Burma အနေနဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်လာခဲ့တယ်၊ အခုအချိန်အထိ အထူးသဖြင့် စစ်ပွဲတွေဖြစ်တဲ့ ဒေသတွေမှာ ချိုးဖောက်မှုပုံစံတွေက အရင်အတိုင်းပဲ ဆက်လက်တွေ့နေရတယ်” ဟု ပြောသည်။
တပ်မတော်အနေဖြင့် စစ်ဖြစ်ပွားရာဒေသရှိ တိုင်းရင်းသား ပြည်သူများအပေါ် ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အတင်းအကြပ်ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို စနစ်တကျ ကျူး လွန်နေမှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရိက္ခာ၊ ရံပုံငွေ၊ လူသစ်ရရှိမှုနှင့် သတင်းအချက် အလက်မရရှိစေရန် ရည်ရွယ်သည့် ဖြတ်လေးဖြတ် စစ်ဆင်ရေး၏ အစိတ်အပို်င်းတရပ်အဖြစ် ကျင့်သုံးနေခြင်း ဖြစ်သည်။ အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အား လူသစ်စုဆောင်းပေးခြင်း၊ တညတာ တည်းခိုခွင့်ပေးခြင်း (သို့) ဆန်တအိတ်မျှပေးခြင်း စသဖြင့် မည်သည့်အကူအညီမျှ မပေးရဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ခြွင်းချက်အနေဖြင့် သတိပြုမိသည့် အချက်အနည်းငယ်မျှအပ နစ်နာခဲ့သူများတဦးတယောက်မှ တရားမျှတမှုကို မတွေ့မြင်နိုင်သေးပေ။
လူ့အခွင့်အရေးချိုးဖောက်သူများအား အပြစ်ပေးအရေးယူခြင်းမရှိသရွေ့ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် နားလည်သဘောပေါက်ပြီး နစ်နာသူများအား ၀န်ချတောင်းပန်ရမည်ဖြစ်သည်။ အတိတ်မှ ပြစ်မှုများအား အသိ အမှတ်ပြု လက်ခံခြင်းမရှိပဲ အလားတူဖြစ်ရပ်မျိုး အနာဂတ်တွင် ထပ်မံဖြစ်ပွားလိမ့်မည်မဟုတ်ဟု နစ်နာသူများမှ ယုံကြည်မည်မဟုတ်ပေ။
တရားမျှတမှုမရှိဘဲနှင့် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီလည်း ရှိနိုင်မည်မဟုတ်ပေ။
ပိုမိုသိရှိလိုပါက။
မစုစုဆွေ
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့
ဖုန်း: + ၉၅ (၀) ၉ ၄၂၅၀၂၇၆၉၈၁
Veronica Collins
စည်းရုံးလှုံ့ဆော်ရေး မန်နေဂျာ
ဖုန်း: + ၉ ၅ (၀) ၉ ၄၅၉ ၃၆၁၁၈၆
မှတ်ချက်။
၁။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP-B)
၂။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG)
၃။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Hurform)
၎။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၅။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၆။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၇။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (ERI)
၎။ ညီမျှခြင်းမြန်မာ (EM)
၅။ လားဟူအမျိုးသမီးအဖွဲ့ (LWO)
၆။ ပအို့လူငယ်အဖွဲ့ (PYO)
၂။ ND-Burma အဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (TJ) လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရ၍ နစ်နာခဲ့ရသူများ၏ လိုလားချက်များကို မှတ်တမ်းတင်လျှက်ရှိသည်။ ထို့ကြောင့် မိမိတို့မှ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ အပြည့်အစုံအစား နောက်ဆုံးအခြေအနေ တင်ပြချက်ကိုသာ ထုတ်ပြန်နိုင်သည်။
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
င
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.