မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍပေါင်းစည်းရေး။ ။ အတိတ်မှ အတွေ့အကြုံများနှင့် အနာဂတ်မျှော်မှန်းချက်များ

12 July 2017

မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍပေါင်းစည်းရေး။ ။ အတိတ်မှ အတွေ့အကြုံများနှင့် အနာဂတ်မျှော်မှန်းချက်များ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း အဓိကကျသည့်တိုးတက်မှုများက နိုင်ငံ၏ လုံခြုံရေးကဏ္ဍ အနာဂတ်နှင့် ပတ်သက်၍ အရေးပါသည့်ဆွေးနွေးမှုတစ်ရပ်အား သိသာထင်ရှားစွာ ဖြစ်ပေါ်လာစေခဲ့ပါသည်။ နိုင်ငံအား ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးအာဏာများကို ဆက်လက် ကိုင်စွဲထားသည့် မြန်မာနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) (၈) ဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement –NCA) အား လက်မှတ်ရေးထိုးခဲ့ပါသည်။

NCA အား အခြားသော တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ကျော်မှ ပါဝင်လက် မှတ်ထိုးရန်လိုနေသေးသောကြောင့် ယင်းသည် လက်တွေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်ရန် အလှမ်းဝေးနေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါသော်လည်း ယင်းသဘော တူညီချက်၏ အရေးပါ ရသည့်အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကြာမြင့်စွာ လိုလားတောင်းတခဲ့ သော်လည်း တပ်မတော်မှ လက်ခံခြင်းမရှိခဲ့သည့် ဖက်ဒရယ်စနစ် ကျင့်သုံးသည့် အစိုးရတစ်ရပ် ထူထောင်ရေးအားဦးတည်ကာ နိုင်ငံရေးဆွေးနွေးမှုအား ပြုလုပ်ရန် တပ်မတော်အပါဝင် အဖက်ဖက်မှ တာဝန်ယူကတိပြုခဲ့သည့် အတွက်ဖြစ်ပါသည်။ ထို့ပြင် နှစ်သွယ်သော လုပ်ငန်းစဉ်များဖြစ်သည့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) နှင့် လက်နက် ဖြုတ်သိမ်းရေး၊ တပ်ရုပ်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းခြင်း (DDR) တို့အတွက် သဘောတူညီချက်တစ်ခုအားလည်း ပြုလုပ်ထားပြီး ယင်းအား NCA တွင် ‘လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းမှု’ ဟု ရည်ညွှန်းပါသည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင် တစ်ပြည်ထောင်စနစ်ဖြစ်နေရာကနေ ဖက်ဒရယ်စနစ်ပိုဆန်သည့် လုံခြုံရေးဖွဲ့စည်းမှုသို့ ကူးပြောင်းခြင်းသည် မည်သို့မည်ပုံ ဖြစ်မည်ဆိုသည် ကိုလည်းကောင်း EAO အဖွဲ့များအား ယင်းအတွင်းသို့ မည်သို့ ထည့်သွင်းပေါင်းစပ်ပေးနိုင်မည်ဆိုသည်ကို လည်းကောင်း စပ်လျဉ်းပြီး အရေးကြီးသည့် မေးခွန်းများပေါ်ပေါက်လာပါတော့သည်။

အစီရင်ခံစာ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia