27 June 2017
The Vocie သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား ယင်းသတင်းဌာန၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့သည့် သရော်စာတပုဒ်ကြောင့် ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် မြန်မာ့တပ်မတော်မှတိုင်ကြားခဲ့ပြီး ဇွန်လ ၂ ရက် ၂၀၁၇ ခုနှစ်တွင် ဗဟန်းမြို့နယ်ရဲစခန်းမှဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခဲ့သည်ဟုသိရသည်။ ဦးကျော်မင်းဆွေသည် ယခုအခါ အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရပြီး အာမခံမရရှိပဲတရားရင်ဆိုင်နေရသည်။
ဦးကျော်မင်းဆွေအား တရားစွဲဆိုဖမ်းဆီးထားခြင်းမှာ သတင်းမီယာများ၏ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာပုံနှိပ်ဖော်ပြခွင့်၊ လွတ်လပ်စွာ ထင်မြင်သုံးသပ်ခွင့်တို့ကို ကန့်သတ်ချိုးဖောက်ရာရောက်နေသည်ကိုတွေ့ရသည်။
Democratic Voice Of Burma (DVB) သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နှင့် သတင်းထောက်ဦးပြည့်ဘုန်းအောင် ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော်(ခ) လ၀ီဝမ် တို့သည်လည်း ဇွန်လ ၂၆ ရက် ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင်း TNLA (တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့လှုပ်ရှားမှုသတင်းများ ရယူပြီးပြန်လာစဉ် နယ်မြေခံ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခဲ့သည်ဟုသိရသည်။ ၄င်းသတင်းထောက် ၃ ဦးကို လာရှိုးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း ထားပြီး အရေးယူမှုများပြုလုပ်ရန် ချုပ်နှောင်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာဥပဒေ ပုဒ်မ ၇(က) အရ သတင်းထောက်များအနေဖြင့် စစ်ဖြစ်ပွားရာဒေသများ၊ ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ လွတ်လပ်စွာသွားရောက်သတင်းရယူခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားပြီး၊ ၂၀၀၆ခုနှစ်တွင်ချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ်၁၇၃၈တွင်လည်း ပဋိပက္ခဖြစ်ပွားရာနေရာများအတွင်း သတင်းထောက်များကို အရပ်သား ပြည်သူများနှင့်တန်းတူ ကာကွယ်စောင့်ရှောက်ပေးရမည်ဟုပါရှိထားရာ အဆိုပါသတင်းထောက်များအားဖမ်းဆီးခြင်းသည် ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာ ဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်းတွေ့ရသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအရ လူသားတိုင်းတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်၊လွတ်လပ်စွာသတင်း အချက်အလက်ရယူပိုင်ခွင့်များကို မွေးရာပါအခွင့်အရေးများအဖြစ် ပိုင်ဆိုင်ရရှိထားပြီးဖြစ်သည်ဟုဖော်ပြထားသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ သတင်းမီဒီယာသမားများအား ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းများကို ကျွန်ုပ်တို့ Generation Wave မှကန့်ကွက်ကြောင်းကြေညာအပ်ပြီး၊ ဖမ်းဆီးခံသတင်းသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်သည်။
ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.