Statement 534 Views

ငြိမ်းချမ်းရေးကို မြှင့်တင်ရေးအတွက် ကရင်နီပြည်နယ်တွင် မြန်မာစစ်တပ်များရုပ်သိမ်းပေးရန်၊ အကြီးစားဖွံ.ဖြိုးရေးစီမံကိန်းများရပ်စဲရန် နှင့် ဒုက္ခသည်များအတွက် ဖူလုံသော လူသားချင်းအကူအညီများပေးရန် KCSN မှ တောင်းဆိုခြင်း

June 20th, 2017  •  Author:   Karenni Civil Society Network  •  1 minute read
Featured image

ကရင်နီအရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ယက် အနေဖြင့် မြန်မာအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များအပေါ် အနီးကပ်လေ့လာစောင့်ကြည့်လျှက်ရှိပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား (၆)လတာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် သုံးသပ်ချက်” လေ့လာသုံးသပ်ရေးစာစောင်နှင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဘယ်မှာလဲ စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” လေ့လာသုံးသပ်ရေး စာစောင်နှစ် စောင်များထုတ်ဝေခဲ့သည်။ ထိုစာစောင်များဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်မှုများပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထဲတွင် တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော် ဆောင်လျှက်ရှိပါသည်။ သို့သော် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်အချို့ ရရှိလာခဲ့သော်လည်း ယနေ့ အချိန်အထိ ကရင်နီပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အာမခံပေးနိုင်မည့် ခိုင်မာသည့် နိုင်ငံရေးဖြစ်ပေါ်တိုး တက်မှုများ မရရှိသေးချေ။

ယုံကြည်မှုတည်ဆောက်ရန် အတားအဆီးတခုမှာ ကရင်နီပြည်နယ်တွင် စစ်တပ်များ တည်ရှိခြင်းကြောင့်ဖြစ်သည်။ ကရင်နီပြည် နယ်သည် အလွန်သေးငယ်သော်လည်း မြန်မာစစ်တပ် တပ်ရင်းပေါင်း (၂၂)ရင်းတည်ရှိကာ ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်ပြီး KNPP မှ ၂၀၁၂ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် စိုးရိမ်မှုအဖြစ်ဖေါ်ပြသည့် အမှတ်(၁၄) စစ်တပ်တန်းမြင့်လေ့ကျင့်ရေး ကျောင်းသည် စစ်သင်တန်းအပါအဝင် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်လျှက်ရှိပါသည်။

KNPP ၏ ၂၀၁၂ ပြည်ထောင်စုအဆင့် သဘောတူညီချက်ဖြစ်သည့် ကရင်နီပြည်နယ်အတွင်းအကြီဲးစားစီမံကိန်းများပြုလုပ်ရာတွင် ကြိုတင်အသိပေးညှိနှိုင်းတိုင်ပင်မှု ပြုလုပ်ရမည် ဆိုသည့်အချက်ပါရှိသော်လည်း ယခင်အစိုးရနှင့် ယခုအစိုးရတို့သည် အဆိုပါအချက် ကို လျစ်လျူရှုပြီး အကြီးစားစီမံကိန်းများကို အလျင်စလို ရှေးတိုးပြုလုပ်ခဲ့ကြသည်။

KNPP နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးနောက် ယခင်အစိုးရလက်ထဲတွင် တရုတ်အင်ဂျင်နီယာများသည် ကရင်နီပြည်နယ်ရှိ သံလွင်မြစ်ပေါ်တွင် ဧရာမ ရွာသစ်ရေကာတာစီမံကိန်းကြီးအတွက် တိုင်းတာမှုများ ဆက်လက်ြ့ပုလုပ် ခဲ့ကြပါသည်။ ရေကာတာကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် ဒေသခံများနှင့် ကြိုတင်အသိပေးညှိနှိုင်းတိုင်ပင်မှု မရှိခြင်းနှင့် ရေကာတာတည်ဆောက်မည့်နေရာသို့ သွားရောက်ရန် ထိန်းချုပ်ကန့်သတ်မှုများ ရှိခဲ့သည်။

NLD အစိုးရ အာဏာရလာသည့်နောက် ရွှေတောင်ကုမ္ပဏီသည် ဒေသခံလူထုကို တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ဘောလခဲမြို့နယ်အတွင်း ရှိ ပွန်ချောင်းတွင် အထက်ဟော်ခမ်းရေကာတာတည်ဆောက်ရန် တိုင်းတာမှုပြုလုပ်ခဲ့သည်။ အဆိုပါ ရေကာတာသည် ပွန်ချောင်း၊ သံလွင်မြစ်၏ မြစ်လက်တက်တခုပေါ်တွင် ရာထားသည့် ရေကာတာ (၅)ခုအနက်တခုဖြစ်ပြီး စင်္ကာပူကုမ္ပဏီတခုနှင့် ပူးတွဲပြုလုပ်မည့် စီမံကိန်းဖြစ်သည်။ ထို့ကြောင့် ဒေသခံလူထု (၁၀၀၀)ကျော်တို့သည် အောက်တိုဘာလ၊ ၂၀၁၆ ခုနှစ်တွင် အဆိုပါ ရေကာတာစီမံကိန်း အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် မရှိသေးသော်လည်း လူဦးရေ (၁၂၀၀၀)ကျော်သော ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း(၂)ခုမှ ဒုက္ခသည်များအတွက် လူသားချင်းအကူအညီးများကို ဖြတ်တောင့်လာကြသည်။ ခိုင်မာသည့်သဘောတူညီချက်မရှိလျင် အဆိုပါဒုက္ခသည်များ အိမ်ပြန်လျှင် အခက်အခဲများစွာကြုံတွေ့ကြရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော မြန်မာစစ်တပ်များလျှော့ချခြင်းမရှိခြင်းကြောင့် လုံခြုံရေးအတွက် အာမခံချက်မရှိခြင်းနှင့် ၄င်းတို့အတွက် အဆင့်အ တန်း၊မြေယာ၊အသက်မွေးဝမ်းကျောင်းနှင့် လူမှုကယ်ဆယ်ရေးအတွက် အစီအစဉ်များကို အာမခံချက်ပေးနိုင်သည့် သဘောတူညီ တူညီချက်များ မရှိသေးခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက် အနေဖြင့် မြန်မာအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည် မှုတည်ဆောက်နိုင်ရန် မြန်မာအစိုးရမှ စတင်ပြီး ကရင်နီပြည်ရှိ မြန်မာစစ်တပ်များ စတင်ရုပ်သိမ်းရန်နှင့် အမှတ်(၁၄) တန်းမြှင့် စစ် လေ့ကျင့်ရေးကျောင်းကို ရုပ်သိမ်းရန် ထပ်မံတောင်းဆိုလိုက်သည်။ ဒေသခံလူထုမှ စီမံကိန်းများပြုလုပ်ရာတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိ သည့် ဖယ်ဒရယ်ပြုပြင်ပြောင်းလဲမှုမရှိမချင်း မြန်မာအစိုးရအနေဖြင့် အကြီးစားစီမံကိန်းများ အကောင်အထည်ဖေါ်မှုကို ရပ်တန့်ရန် ကျန်ုပ်တို့အနေဖြင့် အလားတူ တောင်းဆိုပါသည်။ နောက်ဆုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလျူရှင်များသည် လုံလောက်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအား မိမိတို့ ဆန္ဒအလျောက်၊ လုံခြုံစိတ်ချစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အိမ်မပြန်ရမချင်း ဆက်လက်ကူညီထောက်ပံ့ရန် တောင်းဆိုလိုက်သည်။

ကရင်နီ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက် (KCSN)

ဆက်သွယ်ရန်-

ခူးကိုရယ်                                     ဖုန်း ၀၈၂၁ ၉၆၂ ၂၅၈ (ထိုင်း)

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။