27 October 2016
၁။ (၂၀၁၆) ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွါးခဲ့သော မောင်တောအကြမ်းဖက်မှုသည် ဗမာနှင့် ဗမာမဟုတ်သောတိုင်းရင်း သားများကြား၊ ဗမာအမျိုးသားရေးအင်အားစုနှင့် ဒီမိုကရေစီအင်အားစုများကြား အပြန်အလှန်ယုံကြည်မှုအားနည်းခြင်းနှင့် ပြည်တွင်းစစ် ရှိန်မြင့်မားနေခြင်းကို အခွင့်ကောင်းယူ၍ ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်သမားများ ကြိုတင်ကြံစည်ပူးပေါင်းကျူးလွန်ခဲ့သည့် နိုင်ငံ့ ဘောင်ကျော်အကြမ်းဖက်မှုတခုဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ရှုမြင်သုံးသပ်ပါသည်။
၂။ ဤဖြစ်ရပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ရခိုင်ပြည် နယ်နိမိတ် ရေရှည်တည်တံ့ခိုင်မြဲရေးကိုပါ တိုက် ရိုက်ခြိမ်းခြောက်ရာရောက်သဖြင့် အရပ်ဖက်၊ စစ်ဖက်တာဝန်ရှိသူများအနေဖြင့် ရာစုသစ်တွင် အသွင်သစ်ဖြင့်ရင်ဆိုင်လာရမည့် အမျိုး သားလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းစစ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုင်ရာကိစ္စရပ်များကို စိတ်ရင်းစေတနာမှန်ဖြင့် စောစီးလျင်မြန်စွာအကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ပါသည်။
၃။ ပြည်ထောင်စုမပြိုကွဲရေးကို အကြောင်းပြု၍ ခေတ်အဆက်ဆက်အစိုးရတပ်မတော်၏ အင်အားနှင့် စစ်သုံးစရိတ်ကို အဆမတန်တိုးချဲ့ခဲ့ ကြသော်လည်း အစိုးရတပ်မတော်နှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ပဋိပက္ခအသွင်ဆောင်နေသရွေ့ ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်ရာ အစိုးရ တပ်မတော်ခေါင်းဆောင်များအနေဖြင့်
(က) အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အယူအဆဟောင်းများကို လူသားလုံခြုံရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအ ခြေခံဖြင့် ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုပြုပြင်ပြောင်းလဲရန်၊
(ခ) အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်း စည်းရေးကိစ္စများကို အသစ်တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံမူများနှင့်အညီ ဆောင်ရွက်ပြုလုပ်ရန် နည်းလမ်းရှာသင့်ပြီ ဖြစ်ပါသည်။
၄။ ပဋိပက္ခဖြစ်ပွါးရာဒေသမှ စွန့်ခွါထွက်ပြေးလာသည့် ပြည်သူလူထုအား မူလဌာနေသို့ အတင်းအကြပ် ပြန်လည်ရွေ့ပြောင်းခိုင်းခြင်း၊ စစ်မှုမ ထမ်းမနေရစနစ်ဖြင့် အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် လက်ရှိပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည်မဟုတ်ဘဲ နယ်စပ်ဒေသရှိ တိုင်း ရင်းသားလူမျိုးများ၏ ဘဝဖူလုံရေး၊ လူနေမှုစနစ်မြင့်မားရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့်အစီအစဉ်များကို သက်ဆိုင်ရာဒေသခံများ နှင့်ညှှိနှိုင်း၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှသာလျှင် ၎င်းတို့၏ရင်တွင်းမှ စိုးရိမ်ကြောင့်ကြမှုများကို ဖြေဖျောက် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
၅။ မိမိတို့ရခိုင်ပြည်တပ်မတော် (Arakan Army) အနေဖြင့် လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အ တားဖြစ်စေမည့် အကြမ်းဖက်ဝါဒမှန်သမျှကို ဘုံရည်မှန်းချက်တူ လူပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတကာအစိုးရတိုင်းနှင့် ပူးပေါင်း တိုက်ဖျက်သွားရန် အဆင်အသင့်ရှိကြောင်းနှင့် အမျိုးသားလုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စအဝဝကို လူထုဆန္ဒနှင့်သဘော ထားရယူပြီး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လျှက်ရှိကြောင်း ပြည်သူလူထုအား အသိပေးကြေငြာအပ်ပါသည်။
ဗဟိုစစ်ဦးစီးအဖွဲ့
ဗဟိုစစ်ဌာနချုပ်ရုံး
အရှေ့ဖက်စစ်ဒေသ
ရခိုင်ပြည်တပ်မတော် (Arakan Army)
ဖုံး – +၆၆ (ဝ) ၉၁၁ ၃၇၁ ၇၃၆
Email – [email protected]
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.