28 October 2025

အစီရင်ခံစာအကျဉ်းချုပ်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော အဖျက်စွမ်းအားကြီးမားသည့် ငလျင် သည် နိုင်ငံ၏ အန္တရာယ်ရှိသောတုံ့ပြန်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ ပိုမိုဆိုးရွားသည့် လူမှုဒုက္ခများ ဖြစ်ပေါ်စေခဲ့သည်။ ဤအစီရင်ခံစာအရ စစ်တပ်၏ ငလျင်ဘေးအန္တရာယ်ကျရောက်ပြီးသည့်နောက်ပိုင်း လုပ်ဆောင်ချက်များသည် အရပ်ဘက်လွတ်လပ်ခွင့်များကို စနစ်တကျဖိနှိပ်မှုဆီသို့ ဦးတည်သွားခဲ့ ကြောင်း တွေ့ရှိရသည်။ စစ်တပ်သည် ရှိနှင့်ပြီးသား ၎င်းတို့၏ အရပ်ဘက်အဖွဲ့အစည်းများအပေါ် ကြိုတင် ကန့်သတ်မှုများကို အရှိန်မြှင့်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အခွင့်ကောင်းယူခဲ့ပြီး၊ နိုင်ငံတကာဥပဒေဖြင့် ကာကွယ်ထားသည့် အခြေခံလူ့အခွင့်အရေးများကိုအသက်ဆုံးရှုံးမှုများဖြစ်စေသည်အထိ ချိုးဖောက်ခဲ့သည်။ ဤဗျူဟာကို လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများ ပြန်လည်ပေါ်ပေါက်လာခြင်းအား တားဆီးရန်နှင့် တစ်ချိန်တည်းမှာပင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို စစ်တပ်၏ အကျိုးစီးပွားအတွက် ဦးတည်အသုံးချရန် လုပ်ဆောင်ခဲ့ သည်။
အဓိကလေ့လာတွေ့ရှိချက်များ
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရာ၌ စစ်တပ်သည် လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် အရပ်ဘက်အဖွဲ့အစည်းတို့၏ တုံ့ပြန်မှုအတွက် အဓိကအတားအဆီးအဖြစ် ဆက် လက်တည်ရှိနေသည်။ ယင်းအမှန်တကယ် ဖြစ်ပေါ်နေသည့် အခြေအနေသည် နိုင်ငံတကာအသိုက်အဝန်း ၏ ချဉ်းကပ်ပုံအတွက် လမ်းညွှန်ချက် ဖြစ်သင့်သည်။ သက်ဆိုင်ရာပါဝင်ပတ်သတ်သူများသည် လက်ရှိ မြေပြင်တွင် စနစ်တကျပုံသေကားကျပုံစံမျိုးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အရပ်ဘက်အဖွဲ့အစည်း ကွန်ယက်များကို အသိအမှတ်ပြုကာ တိုက်ရိုက် ရန်ပုံငွေထောက်ပံ့ပေးရန် စဉ်းစားသင့်သည်။ ၎င်းအတွက် ပြောင်းလွယ်ပြင်လွယ်ရှိပြီး မြန်ဆန်သော၊ ယုံကြည်မှုအပေါ် အခြေခံသည့် ရန်ပုံငွေထောက်ပံ့မှု ယန္တရား များကို ဖန်တီးရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင် အရပ်ဘက်အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ရရှိရေးနှင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအပါအဝင် အခြားကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကို ရုပ်သိမ်းရန် တောင်းဆိုရေး အတွက် ခိုင်ကျည်သော နိုင်ငံတကာဖိအားပေးမှုကို ပြုလုပ်ရမည့်အပြင်၊ အန္တရာယ်ကြီးမားသော ဤပတ်ဝန်းကျင်တွင် လည်ပတ်လုပ်ကိုင်နေသည့် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ရေရှည် လုံခြုံရေးနှင့် ခံနိုင်ရည်ရှိမှုတို့၌လည်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
19 May 2026