ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက်ရှိ မြေရှားနှင့်ရွှေတူးဖော်မှုများ တိုးချဲ့လာမှုနောက်တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံကုမ္ပဏီများရှိနေ

ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက်ရှိ  မြေရှားနှင့်ရွှေတူးဖော်မှုများ တိုးချဲ့လာမှုနောက်တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံကုမ္ပဏီများရှိနေ

ဂြိုဟ်တုဓာတ်ပုံသစ်များက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ထုတ်ဖော်ပြသနေသည်။ အတွင်းပိုင်းသတင်းရင်းမြစ်များအရ အဆိုပါသတ္တုတွင်းများကို တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီမှ လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါ ဂြိုဟ်တုဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အထင်ရှားဆုံး ပြောင်းလဲမှုကို ထိုင်းနယ်စပ်မှ  ကီလိုမီတာ ၃၀ အကွာရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တုတူးဖော်ရေး ဧရိယာတွင်တွေ့မြင်ရပြီး  ထိုနေရာ၌ သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူးဖော်၍ လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားသည်။ မြေကြီးထဲမှ ထွက် လာသည့် သတ္တုဓာတ်များပါဝင်သော ဤသတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် နမ့်ခုတ်မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေသည်။ နမ့်ခုတ်မြစ်၏ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံများတွင် ရွှေ ရိုင်း များကို ဆက်လက် ထုတ်ယူ သန့်စင်နေပြီး၊ ထိုစက်ရုံများမှ ဓာတုအကြွင်းအကျန်များသည်လည်း မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေဖွယ် ရှိသည်။

SHRF (ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်) ၏ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက် အပြီးတွင် နမ့်ခုတ်မြစ်အနီးရှိ မြစ်၏အနောက်ဘက်တစ်ခြမ်းနှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစ လုံးသည် ယခုအခါ တိုးချဲ့မှုအသစ်များကိုတွေ့နေရသည်။ နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြသည်။

၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့က ရိုက်ကူးခဲ့သော နမ့်ခုတ်မြစ်အနောက်ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်း၏ ဂြိုဟ်တုဓာတ်ပုံတွင် စက်ဝိုင်းပုံ သန့်စင်ကန်များကို တည်ဆောက်ဆဲအဖြစ် တွေ့ခဲ့ရသည်။ ဤသတ္တု တွင်း၏ နောက်ဆုံးဓာတ်ပုံတွင်မူ ၎င်းကန်များ တည်ဆောက်ပြီးစီးသွားပြီး အနက် ရောင်အမိုး များဖြင့် ဖုံးအုပ်ထားသည်ကို ပြသနေသည် (သို့သော် အမိုးအောက်တွင် မှိန်ပျပျ မြင်တွေ့နေရဆဲ ဖြစ်သည်)။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရသည့် အရှေ့ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်း သည် လည်းဆက်လက် လည်ပတ်နေဆဲဖြစ်သည် (နက်မှောင်ပြီး မြင်သာသောအဖုံးအောက်တွင် တောက်ပ သော အပြာရောင် ဓာတုအရည်များဖြင့် ပြည့်နေသည့် သန့်စင်ကန်တန်းများကို တွေ့မြင်ရသည်)။ ထူးခြား ချက်မှာ လုပ်ငန်းခွင်၏ အရှေ့မြောက်ဘက်ကဏ္ဍတွင် အဆောက်အအုံသစ် အများအပြားကို တွေ့မြင်နေ ရပြီး၊ ၎င်းက လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာသည်ကို ပြသနေသည်။

နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ ရှိနေသည့်ကြားက ဤသတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာကောင်းလှသည်။ ဤအထဲတွင် ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များအတွင်း ကုတ်မြစ် တလျှောက် နေထိုင်ကြသော ထိုင်းနိုင်ငံသား တစ်သန်းကျော် ပါဝင်သည် — နမ့်ခုတ်မြစ်သည် မဲခေါင်မြစ် ၏ မြစ်လက်တက်တစ်ခုဖြစ်ရာ၊ ထိုမဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတစ်လျှောက် နေထိုင်သူ သန်းပေါင်း ဆယ်နှင့်ချီမှာ ဆိုဖွယ်ရာမရှိပေ။

ထိုင်းအာဏာပိုင်များသည် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ နမ့်ခုတ်မြစ် (Kok River) ရှိ ရေကို နှစ်ပတ်တစ် ကြိမ် စစ်ဆေးလျက်ရှိရာ၊ စိန် (Arsenic) နှင့် ခဲ (Lead) ဓာတ် ပမာဏများ ဘေးကင်းလုံခြုံရေး စံနှုန်းများ ထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့သည်။

မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာစစ်အစိုးရတို့က ပူးတွဲထိန်းချုပ်ထားရာ၊ သတ္တုတွင်းများ လည်ပတ်နိုင်ရန်အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံမှ ခွင့်ပြုချက် ရယူရန် လိုအပ်သည်။ အတွင်းပိုင်းသတင်းရင်းမြစ်များ၏အဆိုအရ၊ မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို လုပ် ကိုင်နေသူမှာ China Investment Mining Company ဖြစ်ပြီး၊ အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံ မြောက် ပိုင်းတွင်လည်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

China Investment Mining Co. ၏ ၉၀% ကို Shanghai Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်သည်။ ၎င်းကုမ္ပဏီသည် လာအိုနိုင်ငံတွင် မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ် ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နှင့် တရုတ် နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်း ခဲ့သော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။ Xiamen Tungsten Corporation (XTC) သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သည်။

လာအိုမြောက်ပိုင်းတွင် Chifeng Gold ကုမ္ပဏီအား ခွင့်ပြုပေးထားသော မြေရှားသတ္တု တူးဖော်ခွင့် (concession) ဧရိယာများ မြေပုံ (ရင်းမြစ်:

လာအိုနိုင်ငံမြောက်ပိုင်း၊ Xiangkhuang (ရှန်ခွမ်) ပြည်နယ်၊ မိန်းခမ်း (Mengkang ဟုလည်း သိကြသော) မြို့၏ အရှေ့မြောက်ဘက် (Chifeng Gold ၏ မြေပုံပေါ်ရှိ တောင်ဘက် လိမ္မော်ရောင်ခြယ်ထားသည့် တူးဖော်ခွင့် ဧရိယာအတွင်း) ရှိ China Investment Mining Company ၏ မြေရှားသတ္တုတွင်းများ၏ မကြာသေးမီကရရှိထားသော ဂြိုဟ်တုဓာတ်ပုံများတွင် ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တွေ့မြင်နေရပြီဖြစ်သည်။ ၎င်းက နမ့်ခုတ်မြစ်ဝှမ်းဒေသအတွက် မည်သည့်အရာက စောင့်ကြိုနေသည်ကို အရိပ်အမြွက် ပြသနေသည်။ မိန်းခမ်းမြေရှားသတ္တုတွင်းများမှ ရေများသည် Nam Khao (နမ့်ခေါင်) ချောင်းအတွင်းသို့ စီးဝင်ပြီး၊ ထိုမှတစ်ဆင့် Nam Khan (နမ့်ခန်) မြစ်အတွင်းသို့ စီးဝင်ကာ၊ လွမ်ပရာဘန် (Luang Prabang) မြို့တွင် မဲခေါင်မြစ်မကြီးနှင့် ပေါင်းဆုံသွားသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် Google Earth ပေါ်၌ မိန်းခမ်း အနီးရှိ China Investment Mining Co. ၏ မြေရှားသတ္တု တူးဖော်ရေးဧရိယာ တည်နေရာကို ပြသသော “China Investment” ဟု တံဆိပ်တပ် ထား သည့် တည်နေရာပြ အမှတ်အသား (peg) တစ်ခုကို တွေ့မြင်ခဲ့ရသော်လည်း၊ ၎င်းကို နောက်ပိုင်းတွင် ဖယ် ရှား လိုက်ပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလမှ Google Earth ၏ မှတ်တမ်းဓာတ်ပုံ (Screenshot)

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                         +66 94 728 6696                  Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                      +1 825 425 4099                  Signal (မြန်မာ)

ယိင်းဟွမ်                             +44 7418 602 464                Signal (ထိုင်း)

စိုင်ဟတ်စစ်                          +1 343 304 5332                  Signal  (အင်္ဂလိပ်၊ ရှမ်း)


pdf ဖိုင် ရယူရန် in English | Myanmar

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia