အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄၇ဉီး သေဆုံး

အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄၇ဉီး သေဆုံး

တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၅) နှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်။ ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်း ကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်။ ထို့ကြောင့်၂၀၂၅ ခုနှစ် စက်တင်ဘာလတွင်လည်း အမျိုးသမီး (၄၇)ဦး သေဆုံးခဲ့ရသည်။ ထိုထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများပါ ပါဝင်နေသည်ကိုပါ တွေ့ရှိရသည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိသည်။


pdf ဖိုင်ရယူရန် in English | Myanmar

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia