14 June 2025

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က အောက်ပါ ရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည် –
၁။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရေးခံယူချက်အား လေးစားတန်ဖိုးထား၍ နိုင်ငံသားအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးအား အကာအကွယ်ပေးရန်၊
၂။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုအပ်သည့် ဝန်ထမ်းကောင်းများအဖြစ် အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်ရန်၊
၃။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စွမ်းရည်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန်၊
၄။ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးခြင်းနှင့် အမှန်တရားနှင့်တရားမျှတမှု ရှာဖွေဖော်ထုတ်ခြင်း အစီအမံများ ဆောင်ရွက်ရန်၊
၅။ ဂုဏ်သိက္ခာရှိပြီး အမှန်တရားနှင့် တရားမျှတမှုကို တန်ဖိုးထားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
၆။ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၏ မြင့်မြတ်သော ခံယူချက်နှင့်စိတ်ဓာတ်များ ရေရှည်တည်တံ့စေရန်၊
၇။ စီဒီအမ် မလုပ်သော နိုင်ငံ့ဝန်ထမ်းများကို ဥပဒေနှင့်အညီ စိစစ်၍ ၄င်းတို့၏ ပြုလုပ်မှု၊ ပျက်ကွက်မှုများအပေါ် အရေးယူမှုများ ပြုလုပ်ရန်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ကို PDF ဖိုင် ဖြင့်ဖတ်ရန်။
19 May 2026