7 May 2025


အကြမ်းဖက်စစ်အုပ်စုသည် လူသားမျိူးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်မြဲ ဖြစ်ပြီး ယခု ဧပြီလတွင်လည်း အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ သဘာဝဘေး အန္တရာယ် ကြုံသည့် ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ယခင်လများထက် ပိုမို အသုံးပြုခဲ့သည်ကိုလည်း လေ့လာ တွေ့ရှိရသည်။။ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက် ရှိသည်။
19 May 2026