8 April 2025

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) သည် ပြီးခဲ့သည့် သောကြာနေ့က ဂျီနီဗာမြို့တွင်ပြီးဆုံးခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၈) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ပြန်လည်အားသစ်လောင်းလာသော နိုင်ငံတကာ၏အာရုံစိုက်မှုကို ကြိုဆိုပါသည်။
SAC-M သည် HRC58 ၏ ဒုတိယသီတင်းပတ်ဖြစ်သော မတ်လ ၃ ရက်မှ ၇ ရက်နေ့အထိ တက်ရောက်ခဲ့ပြီး အခရာကျသည့်နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့များ၊ အကြီးပိုင်းအရာရှိများနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ၏မြေပြင်အခြေအနေကိုအာရုံစိုက်လာစေရန် ဆောင်ရွက်ခဲ့သည်၊ မြန်မာပြည်မြေပြင်တွင် မြန်မာစစ်အုပ်စုသည် အရပ်သားများအပေါ်လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးအင်အားစုများက ၎င်းတို့၏ ပိုင်နက်နယ်နိမိတ်၊ ထိန်းချုပ်မှုနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို တိုးချဲ့လျက်ရှိသည်။
SAC-M ၏ အကြံပေးပုဂ္ဂိုလ်များသည် မတ်လ ၆ ရက်နေ့တွင် ကုလသမဂ္ဂ၏ Palais des Nations ၌ မီဒီယာရှင်းလင်းပွဲတရပ်ကိုလည်းကျင်းပခဲ့ပြီး စစ်တပ်အလွန်ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ပြည်သူ့အမြင်အတွက် ညှိနှိုင်းဆောင်ရွက်သောအထောက်အပံ့ကိုတွန်းအားပေးရန်၊ ထို့ပြင် “မြန်မာနိုင်ငံအတွင်း လေးနှစ်တာအစုလိုက်ပြုံလိုက်သတ်ဖြတ်မှုများ” ကိုမှတ်တမ်းတင်ခဲ့သည့် FORUM-ASIA ၏ ဘေးဖက်အစည်းအဝေးပွဲတွင် ပါဝင်ခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk နှင့် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews တို့၏ မျက်နှာစုံညီတင်ပြချက်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၏ ကြီးမားဆိုးရွားလှသော အတွဲလိုက်မြေငလျင်များမတိုင်မီကပင် မြန်မာနိုင်ငံအား မီးမောင်းထိုးမှုအောက်သို့ ပြန်လည်ဆွဲခေါ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မဟာမင်းကြီးက အခြေအနေအား “ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးများထဲမှတခု” အဖြစ်ဖော်ပြခဲ့ပြီး “နက်နဲလွန်း၍ ဉာဏ်ထောက်မမီသော လူသားတို့၏ ဒုက္ခ၀ေဒနာအဖုံဖုံ” ကို ဖြစ်ပေါ်ထိခိုက်စေသည့်အတွက် စစ်အုပ်စုအား ရှုတ်ချပြောဆိုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များ၊ လူငယ်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းမှကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံရေးလမ်းကြောင်းတခုကိုထောက်ပံ့ခြင်းဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သောဖိနှိပ်မှု အဆုံးသတ်မည့် “နေ့သစ်” ကိုရှေးရှုမျှော်မှန်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား မဟာမင်းကြီးက တိုက်တွန်းဖိအားပေးခဲ့သည်။
မတ်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အဖွဲ့ဝင်နိုင်ငံများအား “ဤဖြစ်ပေါ်နေသောဘေးဒုက္ခကြီးကိုဆန့်ကျင်သည့် declaration of conscience ထုတ်ပြန်ရန်” တောင်းဆိုခဲ့သည်။မစ္စတာ Andrews အတွက်မူ – မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစွာထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ဆုံးရှုံးစေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာခွဲတမ်းများကို ထက်ဝက်လျှော့ချခဲ့သည့် ပြင်းထန်ဆိုးရွားလှသောအထောက်အပံ့ဖြတ်တောက်မှုများသည် “ပေါ့ပေါ့တန်တန်စဥ်းစားကာ အကျိုးဆက်များအား အလေးထားမှုအလျင်းမရှိဘဲ စာနာစိတ်ကင်းမဲ့၍ ရက်ရက်စက်စက် လျစ်လျူရှုဥပေက္ခာပြုပြီး ချမှတ်သောဆုံးဖြတ်ချက်များ” သည် လှစ်ပြသည့် “သစ္စာဖောက်မှု” တရပ် ဖြစ်သည်ဟူ၍ဖော်ပြသွားသည်။ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ၏ မြေပြင်အရှိတရားများကိုလည်း အလေးပေးဖော်ပြခဲ့သည်၊ ဤတွင် စစ်အုပ်စုသည်နောက်သို့ ဆုတ်ခွာနေရပြီး ပြည်သူလူထုဦးဆောင်သည့် ပြင်းထန်သောတော်လှန်ရေးထံသို့ တဖြည်းဖြည်း နယ်မြေဆုံးရှုံးလျက်ရှိသည်ကိုလည်း ဖော်ပြခဲ့သည်။
ငလျင်များနောက်ပိုင်း မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေသည် အဆပေါင်းအလီလီတိုး၍ ပိုမိုဆိုးရွားလာခဲ့သည်၊ ၎င်းငလျင်များသည် အသစ်ပေါ်လာသော အဖြစ်ဆိုးအပူဖြစ်ပြီး အရင်းခံဘေးဒုက္ခအပူကြီးအပေါ်ဆင့်ခြင်းပင်ဖြစ်သည်။
“ဤကြိုးပမ်းမှုများကို ထောက်ပံ့ရန်၊ ငလျင်ကယ်ဆယ်ရေးရိက္ခာများကို ပြည်သူများထံ တိုက်ရိုက်ပေးအပ်ရန်နှင့် စစ်အုပ်စု၏လက်နက်ရရှိခွင့်ကိုဖြတ်တောက်ရန် ညှိနှိုင်းဆောင်ရွက်သော နိုင်ငံတကာအရေးယူဆောင်ရွက်မှုသည် ချွင်းချက်မရှိ လုံးဝဥဿုံအရေးပါသည်” ဟု SAC-M မှ Yanghee Lee က ပြောကြားခဲ့သည်။
“မြန်မာပြည်သမိုင်း၏ မည်သည့်ကာလနှင့်မဆိုနှိုင်းချင့်ကြည့်ပါက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ ကလေးများအပါအဝင် အရပ်သားများကိုသတ်ဖြတ်ခြင်းသည် ယခုကာလတွင် အများဆုံးပင်ဖြစ်သည်” ဟု မစ္စ Lee က ဖြည့်စွက်ပြောကြားခဲ့သည်။ “စစ်အုပ်စုသည် ရာစုနှစ်တခုကျော်အတွင်း မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့သည့် အဆိုးရွားဆုံးငလျင်ဘေးဒုက္ခကြီးကြောင့် အလွန်ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့်အရပ်သားများကို ယခုအချိန်မှာပင် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။ ဤသည်မှာ ၎င်းတို့နိုင်ငံအတွက် စစ်တပ်လွန် အနာဂတ်တခုတည်ဆောက်ရန် မြန်မာပြည်သူများ၏ကြိုးပမ်းမှုများအပေါ် မင်းအောင်လှိုင်၏ ပြောမပြနိုင်လောက်အောင်ပင် ရက်စက်ကြမ်းကြုတ်လှသော တုံ့ပြန်မှုပင်ဖြစ်သည်”။
ဧပြီလ ၃ ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူဆုံးဖြတ်ချက်အသစ် (58/20) ကိုအတည်ပြုချမှတ်ခဲ့ခြင်းသည် HRC58 ၏ မြန်မာနိုင်ငံဆိုင်ရာကိုင်တွယ်ဖြေရှင်းမှုကို အဆုံးသတ် မှတ်ကျောက်တင်ခဲ့သည်။ ခိုင်မာသောအစိတ်အပိုင်းသစ်များပါဝင်သည့်စာသားတရပ်ကို ရေးဆွဲခြင်းနှင့် လမ်းညွှန်ပေးခြင်းအတွက် ဥရောပသမဂ္ဂအား ဂုဏ်ပြုရမည်ဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည် –
ဤဆုံးဖြတ်ချက်သည် နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား ပိုမိုအားကောင်းသော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ရှင်းလင်းသောတောင်းဆိုမှုတရပ်ဖြစ်သည်။ ၎င်းသည် NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အာဆီယံနှင့် အာဆီယံပြင်ပရှိ ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် စည်းရုံးလှုံ့ဆော်ရေးပလက်ဖောင်းတခုကိုလည်း ပံ့ပိုးပေးသည်။
“အာဆီယံသည် မြန်မာနိုင်ငံနှင့်အာဆီယံဒေသတွင်းအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖော်ဆောင်ရန် လုံးဝပျက်ကွက်ခဲ့သည်” ဟု SAC-M မှ Marzuki Darusman က ပြောကြားသည်။ “ယခုအခါ တိုးမြင့်လာသော စစ်အုပ်စု၏အကြမ်းဖက်မှု၊ ရုတ်ခြည်း အကူအညီဖြတ်တောက်မှုများနှင့် ငလျင်ဘေးဒုက္ခကြီးတို့က မြန်မာနိုင်ငံရှိ အလွန်ဆိုးရွားလှသောအခြေအနေအား အလွန်တရာအားဖြင့် ဆိုးရွားစေခဲ့သည်”။
“အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအတွက် ဒေသဆိုင်ရာတုံ့ပြန်မှုတရပ်ကို ဦးဆောင်ရမည်ဖြစ်ပြီး၊ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍၊ နိုင်ငံ၏ဒေသအများစုဖြစ်သည့် စစ်တပ်၏ ထိန်းချုပ်မှုပြင်ပရှိဒေသများအပါအဝင် အလွန်အမင်းလိုအပ်နေသောအသိုင်းအဝိုင်းများထံသို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ရန်ဖြစ်သည်” ဟု မစ္စတာ Darusman က ပြောကြားသည်။
ဆုံးဖြတ်ချက် ၅၈/၂၀ သည် လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံအပေါ် ဖိအားအသစ်ကိုလည်း သက်ရောက်စေသည်။ UNSCR 2669 (2022) ကို ဆက်လက်ဖော်ဆောင်သည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အသစ်တရပ်ချမှတ်ရန်အတွက် အချိန် လင့်နေပြီပင်ဖြစ်သည်၊ ၎င်းဆုံးဖြတ်ချက်သည် စစ်အုပ်စုအပေါ်ပြစ်ဒဏ်ခတ်အရေးယူမှုများပြုလုပ်ပြီး ငလျင်ဘေးဒုက္ခကြီးအတွက် ချက်ချင်းဖြစ်သော၊ အတိုင်းအတာကြီးမားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုကို လုပ်ပိုင်ခွင့်ချမှတ်အပ်နှင်းရမည်။ ထို့ပြင် ၂၀၂၅ ခုနှစ် ဇွန်လသည်မြန်မာနိုင်ငံ၏ အခြေအနေဆိုင်ရာ အထွေထွေညီလာခံ၏ နောက်ဆုံးမျက်နှာစုံညီ ဆုံးဖြတ်ချက် (75/289) ချမှတ်ခဲ့သည်မှာ လေးနှစ်ပြည့်မြောက်မည်ဖြစ်ပြီး၊ အခြေအနေမှာ သိသိသာသာနှင့် နဂိုအတိုင်းပြန်မဖြစ်နိုင်အောင်ပင် ပြောင်းလဲခဲ့ပြီဖြစ်သည်။
“လေးနှစ်တာကာလအတွင်း မြန်မာပြည်သူများသည် ၎င်းတို့ အလိုအပ်ဆုံးအချိန်တွင် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်” ဟု SAC-M မှ Chris Sidoti က ပြောကြားသည်။
“မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သောအခြေအနေအပေါ် ဆုံးဖြတ်ချက်အသစ်တရပ်မချမှတ်ဘဲ လေးနှစ်နီးပါးကြာမြင့်ခဲ့သည်မှာ အထွေထွေညီလာခံ၏ ယုတ္တိမတန်အောင်ပင် တရားလွန်ခြင်းပင်ဖြစ်သည်” ဟု မစ္စတာ Sidoti က ထပ်လောင်းပြောကြားသည်။ “အထွေထွေညီလာခံ အနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ လုပ်ဆောင်ရန် ရှိသေးသည်ဆိုလျှင်၊ ယင်းအတွက်အချိန်မှာ အခုပင်ဖြစ်သည်။”
19 May 2026

03 July 2026

03 July 2026