လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေသည့်ကြားမှ ကလေးသူငယ်များအား ကလေးလုပ်သားဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် အရေးပေါ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေသည့်ကြားမှ ကလေးသူငယ်များအား ကလေးလုပ်သားဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် အရေးပေါ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့တွင် အိုင်အယ်လ်အိုက မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား အကာအကွယ်ပေးရေးနှင့် ၎င်းတို့၏အလားအလာများကို အပြည့်အ၀ ပြည့်ဆည်းပေးရန်  တောင်းဆိုထားပါသည်။

ရန်ကုန်၊ မြန်မာ (အိုင်အယ်လ်အိုသတင်း) — ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သက်ဆိုင်သူအားလုံးကို ၎င်းတို့၏ ကတိကဝတ်များ ဖြည့်ဆည်းရန်နှင့် ကလေးအလုပ်သမား အဆုံးသတ်ရေးအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

အဆိုးဝါးဆုံးပုံစံများဖြင့်  ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်၊ ၁၉၉၉ (အမှတ် ၁၈၂) ကို လက်ခံကျင့်သုံးခြင်းသည် ကလေးအလုပ်သမား တိုက်ဖျက်ရေးအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည်။ ယခု ၂၅ နှစ်ကြာသောအခါတွင် ၂၀၁၃ ခုနှစ်က ပြဌာန်းချက် (အမှတ် ၁၈၂)ကို သဘောတူအတည်ပြုခဲ့ခြင်းသည် ဂုဏ်ပြုထိုက်သော အောင်မြင်မှုတစ်ခုဖြစ်သည်။

သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်ရေးသည် ပြီးဆုံးရန် အလှမ်းဝေးကွာနေသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ ခန့်မှန်းခြေ ကလေး (သန်း ၁၆၀) သည် ကလေးအလုပ်သမား များအဖြစ် ပါဝင်နေဆဲဖြစ်ပြီး (၇၉ သန်း)မှာ အဆိုးဝါးဆုံးပုံစံများဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းထဲမှာမှ တစ်ခုဖြစ်သည့် ဘေးအန္တရာယ်ရှိသော အလုပ်များတွင် ပါဝင်လုပ်ကိုင်နေကြရပါသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် လုံခြုံရေး အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်၌ နေထိုင်ကြပြီး ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော်ထဲမှ သုံးပုံတစ်ပုံမှာ ကလေးသူငယ်များဖြစ်သည်။ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခုနှစ်အစောပိုင်းတွင် ပြဌာန်းလိုက်ခြင်းကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး စစ်မှုထမ်းဉပဒေကြောင့် ထွက်ပြေးသူများ ပိုမိုတိုးပွားလာစေပါသည်။

မြန်မာနိုင်ငံရှိ ရွေးချယ်ထားသော ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် ကလေးအလုပ်သမား ဖြစ်ရပ်များဆိုင်ရာ ILO လေ့လာမှုမှ တွေ့ရှိချက်များအရ ထို‌ပြည်နယ်များတွင် ကလေးအလုပ်သမားများသည် အ‌ကြောင်းအရာ များစွာကြောင့် တိုးပွားလာနေပြီး ထိုအချက်များစွာထဲမှ စစ်မှုထမ်းခြင်းကို ရှောင်ကြဉ်သည့် နည်းလမ်းအဖြစ် မိဘများက ၎င်းတို့၏ ကလေးများကို အလုပ်လုပ်ကိုင်ရန် လိုလားခြင်းကြောင့် ကလေးအလုပ်သမားများ များပြားလာကြောင်းလည်းဖော်ပြထားသည်။  ၎င်းတွေ့ရှိချက်သည် ပဋိပက္ခဒဏ်ခံရသောနိုင်ငံများတွင် ကလေးအလုပ်သမားနှုန်းက ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထားများထက် ၇၇ ရာခိုင်နှုန်း မြင့်မားနေကြောင်း မီးမောင်းထိုးပြထားသည့် ILO အစီရင်ခံစာ (၂၀၂၂ ခုနှစ်) နှင့် ကိုက်ညီပါသည်။

“မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာသော အခြေအနေတွေနဲ့ ပဋိပက္ခတွေ တိုးလာနေတာကြောင့် ကျွန်တော်တို့ လေးနက်စွာ စိုးရိမ်မိပါတယ်” ဟု ILO မြန်မာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ကိုယ်စားလှယ် Yutong Liu က ပြောသည်။ “ကလေးငယ်များ ပိုမိုဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပြီး သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ သို့မဟုတ် နေရာရွှေ့ပြောင်းမှုများနှင့် ရင်ဆိုင်နေရပြီး ကလေးလုပ်သားများအား ထိခိုက်မှု တိုးပွားလာစေသည်။ ကလေးများသည် မည်သည့်ပုံစံဖြင့် ပဋိပက္ခများ၏ သားကောင်မဖြစ်သင့်ပါ။ ယင်းအစား ၎င်းတို့ကို ကာကွယ်ပြီး တိုင်းပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်အဖြစ် ဆက်လက်ထားရှိခွင့်ကိုရရှိနေရမည်ဖြစ်သည်။ ဤကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ တွင် ပြဌာန်းချက် (အမှတ် ၁၈၂)တွင် ပါဝင်သော ကတိကဝတ်များကို လေးစားလိုက်နာရန်နှင့် ကလေးအလုပ်သမားတိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်သူအားလုံးအတွက် အရေးကြီးပါသည်” ဟု Mr Liu က ပြောကြားခဲ့သည်။

ILO သည် မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များ၏ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရပ်ရွာလူထုအခြေပြု ကလေးလုပ်သားစောင့်ကြည့်ရေး၊ အသိပညာပေးရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ကလေးလုပ်သားများအား ကိုင်တွယ်ဖြေရှင်းရာတွင် မိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုများ
ဤကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အတွက် ILO မြန်မာသည် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် လူမှုမီဒီယာပလက်ဖောင်းများတွင် လူမှုမိတ်ဖက်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သောမိတ်ဖက်များ ပူးပေါင်းပါဝင်မည့် လှုပ်ရှားမှုများကို ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ သုံးလကြာ လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပါသည်။


မူရင်းပို့စ်မှာ သွားရောက်ဖတ်ရှုရန်။

Announcements


Read Next

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia