08 June 2023
နောက်ဆုံးခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ ကျရှုံးမှုက ထိုရာထူးတာဝန် အပြီးတိုင်အဆုံးသတ်ရေးသို့ ဦးတည်ရမည်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် စစ်အုပ်စုအား တာဝန်ယူတာဝန်ခံလာစေရန်အတွက် ဦးဆောင်သည့်အခန်းကဏ္ဍကို တာဝန်ယူရမည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ တာဝန်မှအနားယူမှုသည် ကုလသမဂ္ဂမှ အထူး သံ တမန်များအပေါ် မှီခိုနေခြင်းနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ထိရောက်မှုမရှိသော ငြိမ်းချမ်းရေးကြားဝင် စေ့စပ်မှု သမိုင်းကြောင်းတို့ကို အဆုံးသတ်သည်အထိ ဖြစ်စေရမည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်အနေဖြင့် မြန်မာပြည်သူများအပေါ် ရှိနေသည့် ၎င်း၏ တာဝန်ဝတ္တရားများကို ရှောင်လွှဲနေခြင်းအား အဆုံး သတ်ပြီး မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော တရားမဝင်စစ်အုပ်စု၏ အကြမ်းဖက်လှုပ်ရှားမှုများ အဆုံးသတ်ရန်အတွက် ၎င်း၏ခေါင်းဆောင်မှုကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာနိုလင်းဟေဇာသည် ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့်သက်တမ်း လပေါင်း ၂၀ ကျော်တွင် မြန်မာ ပြည်သူများအတွက် အနှစ်သာရရှိသော သို့မဟုတ် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲ တစ်စုံ တရာ ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိပေ။ ဤသည်မှာ အရပ်ဘက်လူထုအဖွဲ့အစည်းများ တင်ပြခဲ့သည့် သတိ ပေးချက်များ၊ တောင်းဆိုချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို အထူးသံတမန်မှ လျစ်လျူရှုခဲ့သည့် အတွက် အထွေအထူးအံ့သြဖွယ် မဟုတ်ပေ။ အထူးသံတမန်၏ ရာထူးသည် ကုလသမဂ္ဂ၏ ခေါင်းဆောင်မှု ဖြင့် ခိုင်မာအားကောင်းသော အရေးယူမှုများ ဖြစ်ပေါ်လာရေးကို ဆက်လက်၍သာ နှောင့်နှေးနေစေခြင်း အဖြစ် ရှုမြင်ခံရသည်။
မျိုးစုံသောအထူးသံတမန်များနှင့် “ဆွေးနွေးပွဲများ”တို့မှတစ်ဆင့် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်လုပ်ဆောင်သည့် ကုလသမဂ္ဂ၏ ဆယ်စုနှစ်များစွာချီသော ကြိုးပမ်းမှုများသည် စစ်အုပ်စုမှ ပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာကို တားဆီး နိုင်ခြင်း မရှိဘဲ အစဥ်တစိုက် ကျရှုံးလာနေသည်ကို နောက်ဆုံးခန့်အပ်ထားသည့် အထူးသံတမန်၏ ကျရှုံးမှုက ပေါ်လွင်စွာ ဖော်ပြနေသည်။ ယင်းအစား ကုလသမဂ္ဂ၏ကြိုးပမ်းမှုများသည် ပြစ်မှုကျူးလွန်သူ မြန်မာစစ် အုပ်စုကို မှားယွင်းစွာ တရားဝင်မှုပေးနေသည့်အပြင် စစ်အုပ်စုကို အမြစ်ဖြတ်ဖြိုချပြီး ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံအား တည်ဆောက်နေသည့် မြန်မာပြည်သူများ၏ ညီညွတ်သော ကြိုးပမ်းအားထုတ်မှုများကိုသာ ယုတ်လျော့စေသည်။
ကုလသမဂ္ဂ၏ ထူးမခြားနားသော အားလုံးပုံမှန်အတိုင်းချဥ်းကပ်မှုကို မြန်မာပြည်သူများ၏ အခွင့် အရေးအား အပြည့်အဝလေးစားသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအစုအဖွဲ့များအကြားတွင် အခြေခံမူများနှင့်ကိုက်ညီသော ကျင့်ဝတ်နှင့်ညီသည့် စုပေါင်းပါဝင်မှုရှိသော အားထုတ်မှုအဖြစ် အသွင်ပြောင်း လုပ်ဆောင်ရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာ ပြည်သူများအပေါ်ရှိသော ၎င်း၏တာဝန်ဝတ္တရားများကို ရှောင်လွှဲနေခြင်းမှ ရပ်တန့်ရမည် ဖြစ်သည်။ ၎င်း သည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အထူးဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စအဖြစ် သတ်မှတ်ပြီး စစ် အုပ် စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်နိုင်ရန် ထိရောက်သော ဦးဆောင်မှုကို ပြသရမည် ဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အနေဖြင့် ၂၀၂၁ ခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံ နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲအဖြစ် ဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ချမှတ်ပြီး အထူး သံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းအဆုံးသတ်ရမည် ဖြစ်သည်။
ထို့အပြင် UNGA အနေဖြင့် စစ်အုပ်စုခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးသုဥ်း သတ် ဖြတ်မှုနှင့်၊ နိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင် သောရာဇဝတ်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရန် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ခြင်း အပါအဝင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာ ခြင်းအတွက် ကုလသမဂ္ဂပဋိညာဥ် အခန်း ၇ အရ စစ်အုပ်စုအပေါ် အရေးယူမည့် အစီအမံများပါရှိသည့် မြန် မာနိုင်ငံဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အား တိုက်တွန်းတောင်းဆိုရမည် ဖြစ်သည်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါ်ခင်ဥမ္မာက “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်ရဲ့ လုံလောက်မှုမရှိသလို ထိရောက်မှုလည်းမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကြောင့် စစ်အုပ်စုရဲ့ နိုင်ငံ တကာရာဇဝတ်မှုတွေဟာ လျော့နည်းသွားတာ၊ ပြစ်ဒဏ်ပေးခံရတာမျိုးမရှိဘဲ ကာလအတော်ကြာတဲ့အထိ အခုလိုဆက်လက် ရှိနေတာ ဖြစ်တယ်။” ဟု ပြောသည်။
“ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ နိုင်ငံအတွင်းမှာ နက်ရှိုင်းလှတဲ့ ဒုက္ခတွေကို ခံစားနေရပြီးသားဖြစ်တဲ့ ထိခိုက်အလွယ်ဆုံးအနေအထေားရောက်နေတဲ့ မြန်မာပြည်သူတွေအပေါ် နောက်ထပ် ထိခိုက်နစ်နာမှု မဖြစ် စေရေး ကာကွယ်တားဆီးဖို့ ဒီအထူးသံတမန် ခန့်အပ်ထားရှိခြင်းကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း မှာဖြစ်ပွားနေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး ကျူးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က သူကိုယ်တိုင် ကတိကဝတ်ပြုပြီး ဦးဆောင်မှု အခန်းကဏ္ဍမှာ ဝင်ရောက်လုပ်ဆောင်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။”ဟု သူမ က ဆက်ပြောသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ နော်ဝါးခူရှီးက “ကုလသမဂ္ဂနဲ့ အထူးသံတမန်တို့အနေနဲ့ လူ့ အခွင့်အရေး၊ တာဝန်ယူမှုတာဝန်ခံမှုနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ကိစ္စရပ်တွေကို အာရုံစိုက် လုပ်ဖို့အတွက် သူတို့ရဲ့ချဥ်းကပ်မှုပုံစံကို ပြောင်းလဲပစ်ဖို့ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုနေတာ ကြာပါပြီ။” ဟု ပြောသည်။
“မြေပြင်ကလာတဲ့ အသံတွေဖြစ်တဲ့ CSO တွေရဲ့ အဓိကအကြုံပြုတိုက်တွန်းချက်တွေကို အထူးသံတမန်က အလေးမထားတာဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချဖို့အတွက် ကြီးမားတဲ့ အခွင့်အရေးဆုံးရှုံးမှု တစ် ရပ်ပဲ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ အာဏာခွဲဝေရေး အဆိုပြုချက်ကြောင့်လည်း သူ့အပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Za Uk Ling က “မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ လက်ရှိချဥ်းကပ်မှုက မြေပြင်မှာရှိတဲ့ မြန်မာပြည်သူတွေအတွက် ပျက်စီးဆုံးရှုံးမှုနဲ့ ကြီးမားတဲ့ဒုက္ခတွေကို ပိုမိုဆိုးရွားစေတဲ့အပြင် ထောင်နှင့်ချီတဲ့ လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးရစေသလို လူနှစ်သန်းနီးပါးကိုလည်း နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ရမှုတွေ ဖြစ်စေပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်မှု အခန်းကဏ္ဍမှာ စစ်အုပ် စုကို မြန်မာပြည်သူတွေအပေါ် မညှာမတာ အကြမ်းဖက်လှုပ်ရှားမှုတွေ ထပ်ခါတလဲလဲ လုပ်ဆောင်ခွင့် ပြုနေ တဲ့ သက်သေခံမှတ်တမ်းတွေ ရှိနေပါတယ်။” ဟု ပြောသည်။
“အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးတွေအပေါ် ခြိမ်းခြောက်မှုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံ စစ်အုပ်စုကို ဖြိုချဖယ်ရှားရေး အတွက် ဦးစားလုပ်ဆောင်မယ့် မူဝါဒအသစ်တစ်ရပ်ကို ကုလသမဂ္ဂအနေနဲ့ ဗဟိုပြု လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ စစ်မှန်တဲ့ ကတိကဝတ်ကို ကျနော် တို့ မျှော်လင့်နေပါတယ်။” ဟုလည်း ၎င်းက ဆက်ပြောသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.