02 January 2022
ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂)
၁၉၇၀-၇၇ နှစ်များအတွင်း ကမ္ဘောဒီးယားတွင်ခမာနီတပ်မှူးတစ်ဦးအဖြစ် “Killing Fields” မှတ်တမ်း ရုပ်ရှင်ထဲကအတိုင်း အပြစ်မဲ့ခမာပြည်သူသန်းနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူတစ်ဦးအဖြစ် နိုင်ငံတကာအစိုးရများကရှုမြင်ခံထားရသူ၊ ၁၉၉၃ ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲအာဏာတပ်မက်သူ၊ ဒု-ဝန်ကြီးချုပ်အဖြစ်မကျေနပ်ဘဲ ၁၉၉၇တွင် အာဏာသိမ်းခဲ့သူ၊ကမ္ဘာကျော် “Killing Fields“ ရုပ်ရှင်ကား ထဲကအတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေ သူ၊ တရုတ်အစိုးရ၏လက်ဝေခံ နောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကိုအလွန်အမင်းတပ်မက်ပြီး မဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူ၊ ၂၀၁၈တွင် ကမ္ဘောဒီးယား၏ အတိုက်အခံနိုင်ငံရေးပါတီကိုဖျက်သိမ်းပြီး တစ်ပါတီအာဏာရှင်စနစ်ကို သိက္ခာမဲ့စွာ ပြန်လည်အသက်သွင်းခဲ့သူ၊ ကမ္ဘောဒီးယားပြည်သူများအပေါ် နည်းမျိုးစုံဖြင့်ဖိနှိပ်ပြီး အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အဓိကတာဝန်ရှိသူဟု ကမ္ဘာတွင်နာမည်ဆိုးဖြင့်ကျော်ကြားသူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည့်အပြင် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။
မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သော အစုလိုက်အပြုံလိုက် ဖမ်းဆီးမီးရှို့ သတ်ဖြတ်မှုများကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ဆက်တိုက်ကျူးလွန်နေသည်။ ဤသို့သော အခြေအနေတွင် အာဆီယံအလှည့်ကျဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်တွင်ပါဝင်သော မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်များ မရရှိသေးဘဲ သွားရောက်မည် ဖြစ်သည့်အတွက် အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ချက်နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် လူသတ်အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များကို ကူညီဖုံးကွယ်ပေးပြီး၊ လူသတ်အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆန့်စေရန် ကြိုးပမ်းမှုသာဖြစ် သည်။
သို့ဖြစ်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် “လူသတ်အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီမည့် ဟွန်ဆန်” မြန်မာနိုင်ငံတွင် လုံးဝ ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ သဘောထားကို အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။
“မြန်မာနိုင်ငံတွင် “ဟွန်ဆန်” လုံးဝခြေချခွင့်မရစေရ”
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.