Statement 1444 Views

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့်ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်း များ၏ အိတ်ဖွင့်ပေးစာ။

January 20th, 2021  •  Author:   172 Civil Society Organizations , (Progressive Voice)  •  4 minute read
Featured image

 

သို့ 

ဦးဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ဥက္ကဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်

အကြောင်းအရာ။    ။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့်ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်း များ၏ အိတ်ဖွင့်ပေးစာ။

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား/ရှင့်  

အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) ၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army – KNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးတင်းမာမှုနှင့် ဖာပွန်ခရိုင်၊ သထုံခရိုင်နှင့်‌ ညောင်လေးပင်ခရိုင်အတွင်း လက်ရှိအရှိန်မြင့်ဆက်လက်ဖြစ်ပွားနေသော ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု ၄,၀၀၀ ခန့်သည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပေါ်ချိန် စိန်ခေါ်မှုများနေသည့်ကာလမျိုးတွင် ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာပြီး နီးစပ်ရာ‌ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည့်အပေါ် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ထိုတင်းမာမှုနှင့် တိုက်ပွဲပြဿနာများကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးပါရန် အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထု အဖွဲ့အစည်းနှင့် ကွန်ရက် (၁၇၂) ဖွဲ့တို့မှ တာဝန်ရှိလူကြီးမင်းများထံ လေးစားစွာ တင်ပြတောင်းဆိုအပ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းတွင် မြန်မာ့တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ပါ သ‌ဘောတူညီချက်များကို လျစ်လျူရှုလျက် KNU ၏ သတ်မှတ်နယ်မြေအတွင်းရှိ ဖာပွန်ခရိုင်နှင့် အခြားဒေသများတွင် တပ်အင်အား တိုးချဲ့မှုများနှင့် လှုပ်ရှားမှုများ လုပ်ဆောင်လာသဖြင့် မြန်မာ့တပ်မတော်နှင့် KNU တို့အကြား တင်းမာမှုများ တိုးမြင့်လာပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖာပွန်ခရိုင်အတွင်းရှိ မဲ၀ယ်‌စခန်း အခြေစိုက် မြန်မာ့တပ်မတော် စစ်သားများ၏ လှုပ်ရှားလုပ်ဆောင်မှုများကြောင့် လုံခြုံရေးယူထားသည့် KNU လက်အောက်ခံ KNLA တပ်ရင်းနှင့် မြန်မာ့တပ်မတော်တို့အကြား ထိပ်တိုက်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။ ထိုသို့ ပစ်ခတ်ရာတွင် မြန်မာ့တပ်မတော်သည် ရွာတွင်းနှင့် ရွာပြင်ပနေရာများအပါအဝင် ပြည်သူလူထုများ အသက်မွေး၀မ်းကျောင်း လုပ်ကိုင်သည့်‌ နေရာဒေသများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာခဲ့သဖြင့် ‌ဖာပွန်ခရိုင်အတွင်းရှိ အပြစ်မဲ့ ဒေသခံပြည်သူလူထု ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် မြန်မာ့တပ်မတော် ခလရ ၄၀၄ မှ ဖာပွန်ခရိုင်၊ မဲချိုကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ရွာသူကြီးတစ်ဦး သေဆုံးသွားခဲ့ရသည်။ ထိုမျှမကသေး ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဖာပွန်ခရိုင်၊ မဲဝယ်ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော် ခမရ ၃၃၉ မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်လက်ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် (ကျား) တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။ ထိုသေဆုံး ထိခိုက်ရမှုများအတွက် တရားမျှတမှု ‌ဖော်ဆောင်ပေးရန်နှင့် ၎င်းကဲ့သို့သောဖြစ်ရပ်မျိုး နောက်နောင် ထပ်မံ မဖြစ်ပွားစေရေး အာမခံပေးရန် တိုက်တွန်းတောင်းဆိုပါသည်။ 

လက်ရှိအခြေအနေအရ နှစ်ဘက်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများကြောင့် ယုံကြည်မှု လျော့နည်းခြင်းဘက်ကို ဦးတည်ပြီး တင်းမာမှုအခြေအနေ မြင့်တက်လျက်ရှိသည်ဟု သိရှိရပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်သည့် သတ်မှတ်နယ်မြေအတွင်း စစ်တပ်လှုပ်ရှားမှုများ မရပ်တန့်သ၍ နှစ်ဘက်ကြား တင်းမာမှုနှင့် တိုက်ပွဲများ အဆုံးသတ်ရန် ခဲရင်းမည်ဟု မိမိတို့အနေဖြင့် သုံးသပ်မိပါသည်။

ထိုမျှသာမက အပစ်ရပ်နယ်မြေ ညောင်လေးပင်ခရိုင်ရှိ သတ်မှတ်နယ်မြေအတွင်း မြန်မာ့တပ်မတော်မှ ၀င်‌ရောက်လှုပ်ရှားနေမှုကြောင့် KNU ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေသည့် ပစ်ခတ် တိုက်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၄ ရွာမှ လူဦးရေ ၇၉၀ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ခမရ ၆၀၃ မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ပယ်ကောခီးကျေးရွာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။  ပြီးခဲ့သော ဒီဇင်ဘာလမှစ၍ မြန်မာ့တပ်မတော်သည် ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အပြင် အခြားသော KNU ထိန်းချုပ်ရာ နယ်မြေများအတွင်း စစ်အင်အားတိုးချဲ့မှုများ ပိုမို လုပ်ဆောင်နေလျက် ရှိသောကြောင့် ဒေသအတွင်း တိုက်ပွဲများ ကျယ်ပြန့်ပြင်းထန်လာမည်ကို ပြည်သူများက အထူးစိုးရိမ်ပူပန် နေကြကြောင်း သိရှိရပါသည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် ကာလတွင် တိုင်းရင်းသားပြည်သူများ ဆက်လက်၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရမှုအပေါ်  မိမိတို့မှ အထူးပင် စိုးရိမ်ပူပန်မိပါသည်။ 

NCA အား လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU နှင့် မြန်မာ့တပ်မတော်တို့အကြား ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းခံကို လေ့လာကြည့်ရာတွင် မြန်မာ့တပ်မတော်ဘက်မှ စီမံကိန်းများအပါအဝင် အကြောင်းအမျိုးမျိုးပြ၍ NCA ကို ချိုးဖောက်သည့် နယ်မြေကျူးကျော်ဝင်ရောက်မှုနှင့် စစ်အင်အားတိုးချဲ့မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် ယခုကဲ့သို့ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများ ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေးအား ရှေ့ရှုကာ မြန်မာ့တပ်မတော်မှ ဤသို့ NCA ကို ချိုးဖောက်၍ စစ်အင်အားတိုးချဲ့မှုများ၊ KNU နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှုများ ရုပ်သိမ်းစေရေး အပါအဝင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် လူသောမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံရွာသား ၁၀,၀၀၀ ကျော်ခန့် ဆန္ဒပြတောင်းဆိုထားသည့် အခြားသောအချက်များကိုလည်း ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် မိမိတို့မှ ထပ်ဆင့်တိုက်တွန်းတောင်းဆိုပါသည်။

မိမိတို့နိုင်ငံတွင် ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်ထိ မိမိတို့ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် စစ်မှန်သောငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နိုင်ငံတော်ဘဏ္ဍာကို အသုံးပြု၍ ယခုကဲ့သို့ စစ်အင်အားသုံး ဆက်လက်လုပ်ဆောင်နေမှုများသည် သင့်လျော်မှု မရှိဘဲ ငြိမ်းချမ်းရေးနှင့် လည်း ပိုမိုဝေးကွာစေသည်ဟု မိမိတို့မှ သုံးသပ်ပါသည်။ 

ပဋိပက္ခများဖြစ်ပွားရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများအပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို ပိုမိုခံစားရလေ့ရှိသည်။ မိမိတို့ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Elimination of all Forms of Discrimination Against Women – CEDAW) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Child – CRC) အား လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ၎င်းစာချုပ်များပါ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အ‌ရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပါသည်။ 

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား‌ဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏ အကြောင်းရင်းခံများသည် နိုင်ငံရေးပြဿာနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့် သည်ဟု မိမိတို့မှ ယုံကြည်ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများနှင့် နည်းလမ်းများ ဖော်ဆောင်ပေးရန် နှင့်  တိုင်းရင်းသားဒေသများအား စစ်ဆင်ရေးများ ပြုလုပ်ခြင်း၊ အင်အားတိုးချဲ့နေရာယူခြင်းများအားလုံး ရုပ်သိမ်း ရပ်တန့်စေရေးတို့အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထု အဖွဲ့အစည်းများမှ လေးစားစွာ တိုက်တွန်းတောင်းဆိုအပ်ပါသည်။ 

လေးစားစွာဖြင့်   

 

တင်ပြတောင်းဆိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများ

  1. ဒို့မြေကွန်ရက်
  2. စစ်တောင်းသံစဉ်လူမှုကွန်ယက်
  3. မေတ္တာရှေ့ဆောင်လူမှုအဖွဲ့ (သံတောင်ကြီ:)
  4. သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့
  5. အားသစ်ရောင်ခြည်အဖွဲ့
  6. ရွှေပန်းပျိုးလက် (ကလေးသူငယ်များယဉ်ကျေးလိမ္မာရေးနှင့် အကြမ်းဖက်မှုပပျောက်ရေးအဖွဲ့)
  7. လူမှုရေးရာသုတေသနအဖွဲ့
  8. ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်း
  9. ဂီတရပ်ဝန်း
  10. အစ္စလာမ့်တံခွန်လူမှုကူညီရေးအဖွဲ့
  11. ရှစ်လေးလုံးမျိုးဆက်သစ် (မိုးညှင်း)
  12. သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာမွန်လူငယ်အဖွဲ့အစည်း
  13. ရွှေခြင်္သေ့တောင်သူကွန်ယက်
  14. ကမ်းခြေအလှဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်
  15. ကမ်းခြေအားမာန် ရေလုပ်သားငယ်များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  16. ပန်းတိုင်ရှင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  17. ရောင်နီဦးလူမှုဖွံ့ဖြိုးရေးအဖွဲ့
  18. စာဖြူလယ်သမားဦး‌ဆောင်အဖွဲ့
  19. အနာဂတ်အလင်းသစ်လူငယ်ဖွံ့ဖြိုးရေးအဖွဲ့
  20. ပုံရိပ်စစ် လူမှုဖွံ့ဖြိုးရေးအဖွဲ့ 
  21. ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့  
  22. မင်းဘူးတောင်သူအစုအဖွဲ့
  23. မင်းလှတောင်သူအစုအဖွဲ့ 
  24. ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  25. ပုံတောင်ပုံညာတွဲလက်များ
  26. ငြိမ်းချမ်းရေးကွန်ယက် 
  27. လွတ်လပ်သောအရှိုချင်းအမျိုးသားများအင်အားစု
  28. ဝံလက်ဖောင်ဒေးရှင်း
  29. မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့
  30. ဗေဓါ လူမှုဖွံဖြိုးရေးအဖွဲ့
  31. တွံတေးကွန်ရက်
  32. မျိုးဆက်သစ် (ရှမ်းပြည်)
  33. အလင်းသစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  34. အားမာန်သစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  35. 3 Dimension Community Development Group
  36. Accountable Actions for Arakan
  37. Action Committee for Democracy Development
  38. Action Group for Farmer Affair
  39. Active Women Development Initiative 
  40. AISANA
  41. Ann New Generation
  42. Ann Women Generation Network
  43. Arakan CSO Network
  44. Arakan Students’ Union
  45. Assistance Association for Political Prisoners 
  46. Association of Human Rights Defenders and Promoters 
  47. Athan – Freedom of Expression Activist Organization
  48. Ayayarwaddy Youth Network
  49. Ayeyarwaddy Transparency and Accountability Association 
  50. Ayeyarwaddy West Development Organization (Ngaphae)
  51. BEE House
  52. Bilin CSO Network
  53. Burma Monitor 
  54. Burmese Women’s Union 
  55. CAN-Myanmar
  56. Center for Social Integrity
  57. Charity Youth Organization
  58. Child Protection Network
  59. Chin Human Rights Organization
  60. Chin MATA Working Group
  61. Citizens Action for Transparency
  62. Colorful Girls Organization
  63. Community Response Group (ComReG)
  64. Crown School of Capacity Building and Leadership
  65. CSO Thaton 
  66. Democracy, Peace and Women’s Organization
  67. Democratic Education Corner
  68. Equality Myanmar 
  69. Farmers and Land Workers Union (Myanmar)
  70. Farmers Development and Environmental Watch Group
  71. Freedom and Labor Action Group 
  72. Future Light Center 
  73. Future Young Pioneer Organization
  74. Gaia Organization
  75. Gender Equality Network
  76. Generation Wave 
  77. Genuine People’s Servants 
  78. Golden Future Social Development Organization
  79. Gracious Heart Foundation
  80. Green Rights Organization 
  81. Halcyon
  82. Harmony Youth Association 
  83. Htoi Gender and Development Foundation
  84. Htum Thit Sa Rural Development Organization
  85. Human Rights Educators Network 
  86. Human Rights Foundation of Monland 
  87. Humanity Institute 
  88. IFI Watch Myanmar
  89. iSchool Myanmar
  90. Justice Movement for Community (Innlay)
  91. Kachin National Youth Network
  92. Kachin Women’s Association Thailand 
  93. Karen Affairs Committee 
  94. Karen Environmental and Social Action Network 
  95. Karen Human Rights Group 
  96. Karen Institute of Strategic Studies
  97. Karen Organization for Relief and Development
  98. Karen Peace Support Network
  99. Karen Refugee Committee 
  100. Karen Rivers Watch 
  101. Karen Student Network Group 
  102. Karen Teachers Working Group
  103. Karen Women’s Organization 
  104. Karen Youth – Rangoon
  105. Karen Youth Network 
  106. Karenni Human Rights Group
  107. Karenni State Farmer Union 
  108. Kayah Earthrights Action Network 
  109. Keng Tung Land Group
  110. Kyaukkyi Development Watch 
  111. Kyaukpyu Rural Development Association
  112. Let’s Help Each Other 
  113. Light Social Development Organization
  114. Lighthouse Social Development Organization 
  115. Literature Garden Organization 
  116. Maramagri Youth Network
  117. Maye Bon Youth Association
  118. Metta Development Foundation
  119. Min Bra Youth Association
  120. Mrauk-U Youths Association
  121. Mro Youth Association
  122. Myanmar Cultural Research Society 
  123. Myanmar People Alliance (Shan State)
  124. National Indigenous Women Resource Center 
  125. National Network for Education Reform
  126. Nyan Lynn Thit Analytica
  127. Olive Organization
  128. Open Development Foundation
  129. Oway Institute 
  130. Pa-O Women’s Union
  131. Pa-O Youth Organization
  132. Pauktaw Public Center
  133. Paung Ku
  134. Paungsee Myittar Organization
  135. Peace Working Committee 
  136. Progressive Voice 
  137. Rakhine Youth New Generation – Network
  138. Rambree Youth Network
  139. Rathedaung Youth Network
  140. Regional Development Organization
  141. Reliable Organization
  142. Saytanashaesoung CSO     
  143. Shan MATA
  144. Shan State Peace Task Force
  145. Shan Women Development Network
  146. Southern Youth Development Organization
  147. Swamsutyi CSO
  148. Synergy – Social Harmony Organization
  149. Ta’ang Legal Aid
  150. Ta’ang Women’s Organization 
  151. Takapaw Group
  152. Taungoke Youth Network
  153. Thandar Rontwee Youth Network
  154. The Seagull:Human Rights, Peace & Development
  155. Thet Youth Organization
  156. True Friends 
  157. Union of Karenni State Youth 
  158. Waingmaw CSOs Network
  159. Women Empowerment and Development Organization (WE DO)
  160. Women Generation
  161. Women’s League of Burma  
  • Burmese Women’s Union
  • Kachin Women’s Association Thailand
  • Karen Women’s Organization
  • Karenni National Women’s Organization 
  • Kayan Women’s Organization
  • Kuki Women’s Human Rights Organization
  • Lahu Women’s Organization 
  • Pa-O Women’s Union 
  • Shan Women’s Action Network 
  • Ta’ang Women’s Organization 
  • Tavoy Women’s Union
  • Women’s for Justice 

162. Women’s Organizations Network 

163. Yangon Watch

164. Zinlum Committee (Tanphaye)

165. Zomi Students and Youth Organization

ထပ်တိုးစာရင်း
166. Summer Shelter Library

167. Kanbawza youth library

168. Enlightened Myanmar Research Foundation

169. Kayah Baptist Association – Christian Social Service and Development Department

170. Women for Women Foundation

171. YOUNITY

172. Kawyaw National Youth Organization (KyNYO)

 


PDF ဖိုင်ဖြင့်ရယူရန်။

English version.