Report 909 Views

Gambling Away Our Lands – Naypyidaw’s “Battlefields to Casinos” Strategy in Shwe Kokko

March 26th, 2020  •  Author:   Karen Peace Support Network  •  1 minute read
Featured image

A major new report from the Karen Peace Support Network

This briefing paper analyzes the available information about the controversial Shwe Kokko “New City” project, a giant Macao-style casino complex being built on indigenous Karen territory at the Thai-Burma border, about ten miles north of Myawaddy. The investors are a Hong Kong-based company called Yatai International Holding Group (IHG), who are partnering with the local Karen Border Guard Force (BGF) led by Col. Chit Thu to implement the project, officially named the “Myanmar Yatai Shwe Kokko Special Economic Zone.”

Land began to be confiscated for the project in early 2017. By the end of 2018, thousands of Chinese workers had been brought in, and the fields east of Shwe Kokko village had been transformed into a vast construction site, as apartment blocks, villas, hotels and casinos began springing up. Company plans revealed that the entire development would cover nearly 30,000 acres, stretching twelve miles along the border, and would cost 15 billion dollars.

For more detail, please download the full report in English.

 

တို့မြေများကို  လောင်းကစားပစ်ခြင်း – ရွှေကုက္ကိုလ်ဒေသအား “စစ်မြေပြင်များအဖြစ်မှ ကာစီနိုများအဖြစ်သို့ ပြောင်းလဲရေး” နေပြည်တော်၏မဟာဗျူဟာ

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၏ နောက်ဆုံးအစီရင်ခံစာ

ဤအစီရင်ခံစာစာတမ်းတွင် အငြင်းပွားဖွယ် ရွှေကုက္ကိုလ် “မြို့သစ်” စီမံကိန်းနှင့်ပတ်သက်၍ ရရှိနိုင်သမျှသတင်းချက်အလက်များကို အသေးစိတ်လေ့လာဆန်းစစ်ကာ သုံးသပ်ဆွေးနွေးတင်ပြသည်။ စီမံကိန်းသည် မြ၀တီမြို့၏မြောက်ဘက် ဆယ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနေတိုင်းရင်းသားကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင် မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်တစ်ခု တည်ဆောက်လျက်ရှိသော စီမံကိန်းပင်ဖြစ်၏။ စီမံကိန်းရင်းနှီးမြုပ်နှံသူများမှာ ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) အမည်ရ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗိုလ်မှူးကြီးချစ်သူဦးဆောင်သည့် နယ်မြေခံကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မိတ်ဖက်လက်တွဲပူးပေါင်းကာ “မြန်မာရာထိုက်ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန် (Myanmar Yatai Shwe Kokko Special Economic Zone) စီမံကိန်းဟူသောအမည်ဖြင့် တရား၀င်အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအရောက်တွင် ထောင်ချီသောတရုတ်အလုပ်သမားများရောက်ရှိနေခဲ့ခြင်းနှင့်အတူ ရွှေကုက္ကိုလ်ရွာအရှေ့ဘက်အရပ်ရှိ လယ်ကွင်းများက ကြီးမားကျယ်ပြန့်သောဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လူနေတိုက်ခန်းများ၊ လုံးချင်းအပန်းဖြေအိမ်ရာများ၊ ဟိုတယ်များနှင့် ကာစီနိုလောင်းကစားရုံများအလျင်အမြန် စတင်ပေါ်ထွက်လာခဲ့သည်။ မြေဧက သုံးသောင်းကျော်လွှမ်းခြုံပါ၀င်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ကုမ္ပဏီ၏စီမံချက်များတွင် လေ့လာတွေ့မြင်ခဲ့ရသည်။

အသေးစိတ်ကို ဖတ်ရှုရန်အတွက် မြန်မာဘာသာ အစီရင်ခံစာအပြည့်အစုံကို PDF ဖြင့် ဒေါင်းလုတ်ယူပါ။