Press Release 766 Views

အစီရင်ခံစာသစ် တို့မြေများကို လောင်းကစားပစ်ခြင်း ရွှေကုက္ကိုလ်ဒေသအား စစ်မြေပြင်များအဖြစ်မှ ကာစီနိုများအဖြစ်သို့ပြောင်းလဲရေး နေပြည်တော်၏ မဟာဗျုဟာ

March 26th, 2020  •  Author:   Karen Peace Support Network  •  1 minute read
Featured image

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၏ အစီရင်ခံစာသစ်အား ယနေ့ မတ်လ၂၆ ရက် ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေလိုက်ပါသည်။

ရွှေကုက္ကိုလ် “မြို့သစ်စီမံကိန်း”မကာအိုစတိုင် ဧရာမကာစီနိုလောင်းကစားမြို့တော်သည် ဌာနေတိုင်းရင်းသား ကရင်လူမျိုးတို့၏ နယ်မြေပေါ်တွင်တည်ဆောက်ထားပြီး အွန်လိုင်း လောင်းကစား၏ အဓိကချိတ်ဖြစ်လာရန် တည်ဆောက်ထားကြောင်း တွေ့မြင်ရသည်။ ဒေသခံများအတွက် အကျိုးအမြတ်ရရှိရမည့်အစား၊ ရာဇဝတ် တိုးပွားလာမှုများနှင့် နိုင်ငံကာငွေကြေးခ ဝါချသည့်နေရာဖြစ်လာ မည့်အပြင် နှေးကွေးတုံ့ဆိုင်းနေပြီဖြစ်သော ငြိမ်းချမ်းရေးဖြစ်စဉ်အား မထီလေးစားပြုနေခြင်းပင်ဖြစ်သည်။

ဗမာတပ်မတော်မှ ဆယ်စုနှစ်များကြာ တိုက်ခိုက်ခဲ့ရသော ဗျူဟာမြောက်ကရင်နယ်စပ်ဒေသရှိ အငြင်းပွားဖွယ် မြို့သစ်စီမံကိန်းအကြောင်းအား ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၏ လပေါင်းများစွာ ပြုလုပ်ခဲ့သော သုတေသနပြုလေ့လာချက်များမှ ဖော်ထုတ်တင်ပြထားပါသည်။

ရထိုက် ဦးပိုင်အုပ်စု နှင့် ဗမာ့ နယ်ခြားစောင့်တပ်တို့အကြား အကျိုးတူပူးပေါင်းထားသော စီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပါသည်။ စီမံကိန်းအား မြန်မာရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုံဟု တရားဝင်နာမည် ပေးထားပါသည်။

အဓိကတွေ့ရှိချက်များမှာ –

  • အငြင်းပွားဖွယ်စီမံကိန်းမှ တပ်မတော်အနေဖြင့် ပတ်သက်မှုကင်းဝေးရမည့်အစား စီမံကိန်းကို စစ်တပ်၏ ထိပ်တန်းအရာရှိများမှ အပြည့်အဝခွင့်ပြုထားသည်။ စီမံကိန်းဒေသတွင်း တပ်မတော်အရာရှိကြီးများ နှင့်အတူ ဗမာတပ်မတော်အောက် နယ်ခြားစောင့်တပ်သည်လည်း အကောင်အထည်ဖော်ရာတွင် အပြည့်အ၀ ပါဝင်ထားသည်။ ကာစီနိုလောင်းကစားမြို့တော်အား တပ်မတော်စစ်စခန်း ၆ ခုမှ ဝန်းရံထားသည်။
  • အထူးစီးပွားရေးဇုံ ဟုကြေညာထားသော်လည်း စီမံကိန်းမှာ အထူးစီးပွားရေးဇုံဆိုင်ရာ တည်ဆဲဥပဒေ များအား ကျော်လွန် အကောင်အထည်ဖော်လျက်ရှိသည်။
  • ခွင့်ပြုသည့် ဆောက်လုပ်ရေး နယ်နမိတ်အား ကျော်လွန်ခဲ့သောကြောင့် စီမံကိန်းတည်ဆောက်မှုများ တရားဝင် ဆိုင်းငံ့ရန် သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိပဲ လုပ်ငန်းများအား ဆက်လက်အကောင်အထည် ဖော်နေသည်။ ထောင်ပေါင်းများ စွာသော တရုတ်လုပ်သားများမှာ လုပ်ငန်းခွင်အတွင်းတွင် ဆက်လက် နေထိုင်ဆဲဖြစ်သည်။
  • စီမံကိန်း ရင်းနှံမြုပ်နှံသူမှ တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း အစိတ်အပိုင်းတစ်ခုအဖြစ် ပြောဆိုထားသော်လည်း ခိုင်လုံသည့် မည်သည့် သက်သေအထောက်အထားများ မတွေ့ရပေ။
  • ရထိုက်ဦးပိုင်အုပ်စုသည် ဒေသတွင်းရှိ အွန်လိုင်းလောင်းကစားတွင် ဦးဆောင်အဖွဲ့အနေဖြင့် တွေ့ရှိရပြီး ဖိလစ်ပိုင်နှင့် ကမ္ဘောဒီယားတို့သည် အလားတူလုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
  • တရုတ်နိုင်ငံ၏ ဒေသတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်းများ အဆုံးသတ်ရန် ဖိအားပေးထာသည်မှ အပ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ၎င်းလုပ်ငန်းများက နေရာယူထားပြီးဖြစ်သည်။ ံ
  • အိမ်နီးချင်းနိုင်ငံများတွင် လုပ်ဆောင်ခဲ့သော အလားတူဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံတကာဆင့် ငွေကြေးခဝါချမှုများ၊ မူးယစ်ဆေး ကုန်ကူးမှုများ၊ တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုများ နှင့် အခြားရာဇဝတ်မှုများ အပြင် ရေရှည်တည်တံ့မှုမရှိကြောင်း သက်သေသာဓကများ ရှိထားပြီးဖြစ်သည်။
  • ၂၀၁၂ ကရင်အမျိုးသားအစည်းအရုံးက အပစ်ရပ်သဘောတူညီချက်အကောင်အထည်ဖော်ပြီးသည့် အချိန်မှစကာ စီမံကိန်းတောင်ဘက်ခြမ်း ဖာအံနယ်မြေအတွင်းတွင် တပ်မတော်မှ တပ်စခန်း ၁၁ ခုတိုးချဲ့နေရာချထားပြီးဖြစ်သည်။ တပ်မတော်၏ နယ်မြေချဲ့ထွင်မှုများသည် ဖွံ့ဖြိုးရေးစီမံကိန်းများ နှင့် ဆက်စပ်နေပြီး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားရသည့် အကြောင်းအရင်း နှင့် နေရပ်စွန်ခွာသူများ နှင့် ဒုက္ခသည်များ နေရပ်ပြန်ရန် အတားဆီး၏ အဓိက အချက်ပင်ဖြစ်သည်။

“ယခုစီမံကိန်းက ဥပဒေများအားလုံးကို ချိုးဖောက်သလို ငြိမ်းချမ်းရးဖြစ်စဉ်ကိုလည်း မထီမဲ့မြင်ပြုတဲ့အပြင် ဒေသခံများအတွက် ဘာမှ အကျိုးမရှိပါဘူး” ဟု နော်ဝါးခူရှီးမှ ပြောဆိုထားပါသည်။ ငြိမ်းချမ်းရေး စာချုပ်အား သဘောတူညီမှု မရခင်အချိန်ထိ တပ်မတော်သည် ကျယ်ပြောလှသော ကရင်ပိုင်နက်များအား နိုင်ငံခြားရင်းနှီးမြုပ်နှံသူများထံရောင်းချရန် မည်သည့်အခွင့်အရေးမှ မရှိပေ။

စာချုပ်များအားလုံး ပယ်ဖျက်ရန် နှင့် ရထိုက် နိုင်ငံတကာ ဦးပိုင်အုပ်စုနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအား ဒေသတွင်းမှ ထွက်ခွက်သွားရန် နှင့် ၎င်းတို့နှင့် ဆိုင်သော ပစ္စည်းများအား တပါတည်း ယူဆောင်သွားရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ဗမာအစိုးရအား တောင်းဆိုလိုက်သည်။ ဖယ်ဒရယ် ဖွဲ့စည်းပုံသစ်အောက် ခိုင်မာသော ငြိမ်းချမ်းရေး နှင့် အာဏာခွဲ့ဝေမှုများ မရှိသေးသည့်အချိန်တွင် တိုင်းရင်းသားဒေသများအတွင်း အကြီးစားရင်းနှီးမြုပ်နှံမှု စီမံကိန်းများအားလုံး ဆိုင်းငံမှုများ ချက်ချင်း လုပ်ဆောင်ရန်တိုက်တွန်းလိုက်သည်။

အစီရင်ခံစာအသေးစိတ်အား ဖတ်ရှုရန်။

ပိုမိုသိရှိလိုပါက နော်ဝါးခူရှီး (ကရင်၊ အင်္ဂလိပ်) – +66 861182261 နှင့် စောလေးကပေါ ( ဗမာ ၊ အင်္ဂလိပ်) – +66 654092280 သို့ ဆက်သွယ်နိုင်ပါသည်။

သတင်းထုတ်ပြန်ချက်အား pdf ဖြင့်ရယူရန်။