သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား ဝင်ရောက်ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ (မြန်မာ့ သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့) မှ ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချခြင်း

ရက်စွဲ – ၂ဝ၂ဝ ခုနှစ် မတ်လ ၁ဝ ရက်

ကရင်ပြည်နယ် ဘားအံမြို့နယ် ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ တရားလိုပြု၍ သဘာ၀ပတ်၀န်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်သူ စောသာဘိုးအား ရာဇသတ်ကြီးပုဒ်မ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် (၂၀၂၀ ခုနှစ် မတ်လ ၆ ရက်နေ့) ဘားအံမြို့တရားရုံးတွင် ဦးတိုက်လျှောက်ထား၍ တရားရုံးဆင့်ခေါ်စာကို ကာယကံရှင်ထံသို့ တိုက်ရိုက်ပေးပို့ခြင်း မရှိပဲ ညအချိန် ၀င်ရောက်ဖမ်းဆီး ခဲ့မှုအပေါ် မြန်မာ့ သဘာ၀ ပတ်၀န်းကျင် အလုပ်အဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချသည်။

အာဏရှင်လမ်းစဉ်ဟောင်းအတိုင်း ညအချိန်မတော် စောသာဘိုး၏ နေအိမ်တွင် ဝင်ရောက်ရှာဖွေသော်လည်း စောသာဘိုးသည် ခရီးလွန်နေသဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခြင်းမရှိခဲ့ပေ။

ဖွံ့ဖြိုးရေး အကြောင်းပြု၍ တိုင်းရင်းသားပြည်သူများ၏ သဘောထား ဆုံးဖြတ်ချက်မပါသော ဒေသအကျိုးစီးပွားအတွက် ဦးတည်မှုမရှိသော ကျောက်မီးသွေးလောင်စာသုံး စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ နှင့် ဌာနေတိုင်းရင်းသားတို့၏ သဘာ၀ပတ်၀န်းကျင်အပေါ်၊ ကျန်းမာရေး နှင့် လူမှုစီးပွားအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေသည့်အတွက်ဒေသခံပြည်သူများ နှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေ စောသာဘိုးအပါအ၀င် ကရင်ရိုးရာဓလေ့၊ ဘာသာရေး ယုံကြည်ချက်အရ ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒထုတ်ဖော်မှုအပေါ် ဆုတောင်းပွဲကျင်းပပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသည် တိုင်းပြည်၏ ရေရှည်အနာဂတ်အတွက် အလွန်အရေးကြီးသည့်အလျောက် သဘာ၀ပတ်၀န်းကျင် ကာကွယ်ထိန်းသိမ်းနေသည့်သူများအား ဖမ်းဆီးအရေးယူခြင်းသည် ဒီမိုကရေစီအရ လူထုများ၏ ပူးပေါင်းပါ၀င်မှုကို ဟန့်တားခြိမ်းခြောက်ခြင်းဖြစ်သည်။ တိုင်းပြည်၏ အနာဂါတ်ကို ပိုမိုဆိုးရွားစေပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စံတန်ဖိုး နှင့်လည်း သွေဖယ်နေသည့်အပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ထိခိုက်စေနိုင်သည်။

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးအရငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ဆုတောင်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သည့် နိုင်ငံသားများသည် နိုင်ငံတော် အကြည်ညိုပျက်မှုအဖြစ် တရားစွဲဆိုမှုသည် အစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလားဟု မေးခွန်းထုတ်စရာဖြစ်စေသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများအားတရားစွဲဆိုမှုသည် ပြည်သူများ ရွေးချယ်တင် မြှောက်လိုက်သော လက်ရှိအာဏရအစိုးရ၏ လုပ်ရပ်သည် ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် ကိုက်ညီပါသလား။

လက်ရှိ အာဏရအစိုးရအနေဖြင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ရေး၊ လူ့အခွင့်အရေး နှင့် သဘာ၀ပတ်၀န်းကျင် ကာကွယ်မြင့်တင်ရေးအတွက်
(၁) သဘာ၀ပတ်၀န်းကျင် နှင့် ဒေသခံလူထုများအတွက် တက်ကြွလှုပ်ရှားနေသော စောသာဘိုးအား တရားစွဲဆိုထားအား အမြန်ဆုံး ပြန်လည်ရုတ်သိမ်းရန်။
(၂) သဘာ၀ပတ်၀န်းကျင်ထိခိုက်မှု နှင့် ဒေသအကျိုးမဖြစ်ထွန်းသော ကျောက်မီးသွေးလောင်စာ အသုံးပြုမှု ရပ်တန့်ရန်။
(၃) ဖက်ဒရယ် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ လူ့အခွင့်အရေး နှင့် နိုင်ငံသား အခွင့်အရေးများကို တန်ဖိုးထား လေးစားလိုက်နာရန်။

ဆက်သွယ်ရန်
(၁) ခွန်ဦး 09765600812
(၂) Naw Blossom 09254020650

မူရင်းပို့စ်ကြည့်ရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia