Statement 511 Views

Joint Statement of the Myanmar Alliance for Transparency and Accountability (MATA) and Civil Society Organizations

March 9th, 2020  •  Author:   335 Civil Society Organizations , Myanmar Alliance for Transparency and Accountability  •  2 minute read

March 9, 2020
MATA/YGN/9-2020

MATA strongly condemns the charges filed against environmental activist and MATA member, Saw Tha Phoe, under Section 505(b) of the Penal Code, for ‘defaming the state’. MATA also strongly condemns the actions of the Myanmar Police Force who carried out a nighttime raid on Saw Tha Phoe’s home.

1. On the night of March 6, Myanmar police used excessive force to raid the home of Saw Tha Phoe, a leading environmental activist in Karen State and Myanmar. His family and children were in shock as a result of the aggressive actions of the police. MATA condemns the actions of state authorities and calls them an “abominable dictator”, exercising their power just like the previous military dictatorship who they inherited their power from.

2. The supposed reason for the charge is that Saw Tha Phoe participated in a public action on January 17, 2020, calling for the termination of the use of coal power at the Myaing Kalay Cement Factory. We call on the government to publicly explain how the state is defamed by his actions. As a responsible citizen, he is trying to save the country, which is facing an environmental crisis with natural resources eroding by the day.

3. We, civil society organizations, upholding the principles and practices of democracy, demand the withdrawal of charges against Saw Tha Phoe. We do not tolerate authoritarianism. We are therefore clearly informing responsible authorities that we will take strong action if the case proceeds and the authorities will be responsible for any consequences.


မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ နှင့် အရပ်ဘက်အဖွဲ့များ၏ ပူးပေါင်းသဘောထားထုတ်ပြန်ချက်

(၉) ရက် မတ်လ ၂၀၂၀

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ MATA အဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် တရားစွဲ ဆိုခြင်း နှင့် စောသာဘိုး၏မိသားစုနေအိမ်အား ညအချိန်တွင် အင်အားဖြင့် ဝင်ရောက်ရှာဖွေခြင်းတို့ အပေါ် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု ၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

၁။ ကရင်ပြည်နယ် နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများတွင် ဦးဆောင်သူတစ်ဦး ဖြစ်သည့် စောသာဘိုး၏ နေအိမ်အား မတ်လ (၆) ရက်နေ့ ညအချိန်တွင် ရဲတပ်ဖွဲ့အင်အားဖြင့် ရုတ်ရုတ်သဲသဲ ဝင်ရောက် ရှာဖွေခဲ့သည့် အခြေအနေကြောင့် ကလေးသူငယ်များအပါအဝင် မိသားစုဝင်များအား အထိတ်တလန့် ဖြစ်စေပြီး ၎င်းဖြစ်စဉ် မှာ စစ်အာဏာရှင် အမူအကျင့်များအား နှစ်နှစ်ခြိုက်ခြိုက် အမွေဆက်ခံကျင့်သုံးသည့် လုပ်ရပ်ဖြစ်သည့်အတွက် ထိုဖြစ်စဉ် အတွက် တာဝန်ရှိသူများ အား လွန်စွာ ရွံရှာစက်ဆုတ်ဖွယ်ကောင်းသည့် “အာဏာရှင် သူငယ်နာမစင်သူများ” အဖြစ် မိမိတို့ အနေဖြင့် သတ်မှတ် ရှုတ်ချလိုက်သည်။

၂။ တရားစွဲဆိုရခြင်း အကြောင်းရင်းဖြစ်သော ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ပြုလုပ်ခဲ့သော “မြိုင်ကလေး ဘိလပ်မြေစက်ရုံ ၏ ကျောက်မီးသွေး လောင်စာအသုံးပြုမှုကို ဖျက်သိမ်းပေးရန် ဒေသခံများ၏ မေတ္တာပို့ ဆုတောင်းပွဲ” တွင် စောသာဘိုး အနေဖြင့် ပါဝင်ခဲ့ခြင်းသည် နေ့စဉ်နှင့် အမျှ သယံဇာတများ လေလွင့်ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်ကပ်နှင့် ရင်ဆိုင်နေရသော မိမိ နိုင်ငံ၏ ဂုဏ်အား ပြန်လည်အဖတ်ဆည်ရန် နိုင်ငံသားတစ်ဦး၏ တာဝန်သိ ကြိုးပမ်းမှု ဖြစ်သည့်အတွက် “ နိုင်ငံတော်အား မည်သို့ မည်ပုံ အကြည်ညိုပျက်စေသနည်း” ဟု နိုင်ငံရေးယုတ္တိရှိရှိ ချက်ချင်းဖြေရှင်းရန် အစိုးရအား တောင်းဆိုလိုက်သည်။

၃။ မိမိတို့ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီ ကျင့်ဝတ် ကျင့်ထုံးများကို လက်ကိုင်ထားသည့် အားလျှော်စွာ အာဏာရှင်စရိုက်ဖြစ်သည့် မည်သည့် မတရား ဖိနှိပ်မှုမျိုးကိုမျှ လက်သင့်ခံမည် မဟုတ်ပဲ စောသာဘိုး အား တရားစွဲဆိုသည့် ကိစ္စအား ချက်ချင်း အမှု ပိတ်သိမ်းရန် နှင့် ဆက်လက်ဆောင်ရွက်မည်ဆိုပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည် ဖြစ်ပြီး နောင်ဖြစ်လာမည့် အကျိုးဆက်များအား ထိုဖြစ်စဉ်တွင် ဆုံးဖြတ် စေခိုင်းသူများမှသာ အပြည့်အဝ တာဝန်ယူရလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိစေအပ်ပါသည်။

ဆက်သွယ်ရန် –
ကိုနိုင်လင်းထွဋ် – ၀၉၄၂၂၅၀၀၀၈၈
ကိုရဲလင်းမြင့် – ၀၉၇၉၁၆၈၅၀၅၆

အပြည့်အစုံကိုရယူရန်။