3 December 2019

အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ဖွဲ့ မှ ပူးတွဲရေးသားထားသော လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ကာကွယ်ခြင်းနှင့် လူမှုအဝန်းအဝိုင်းကျဉ်းမြောင်းလာခြင်း အခင်းအကျင်း တွင် မြန်မာနိုင်ငံအမျိူးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်အား ဆန်းစစ်သုံးသပ် ထားသော အစီရင်ခံစာတစ်စောင်ကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထိုအစီရင်ခံစာကို ၁၉၄၈ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုခဲ့သည့် နေ့ဖြစ်သော လာမည့်ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် “လူ့အခွင့်အရေးနေ့” မတိုင်မီ တစ်ရက်အလိုတွင် အချိန်ကိုက် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ထိုစီရင်ခံစာထဲတွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အစောပိုင်း လအနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးဖော်ပြထားပြီး တစ်ချိန်တည်းတွင် လူ့အခွင့်အရေး မြင့်တင်ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များအား ပိုမိုအားကောင်းလာစေရန်အတွက် MNHRC အနေဖြင့် ပြန်လည်သွေးသစ်လောင်းနိုင်ရန် အကြံပြု တိုက်တွန်းချက်များကို ထည့်သွင်းဖော်ပြ ပေးထားပါသည်။
နေ့ရက်။ ။၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ (တနင်္လာနေ့)
အချိန်။ ။ မနက် ၁၀း၀၀ မှ ၁၂း၀၀ နာရီအထိ
နေရာ။ ။ BEST WESTERN Green Hill Hotel ၊ ၁၂ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်
ဤအစီရင်ခံစာကို ပူးတွဲရေးသားသူများမှာ
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
19 May 2026

29 May 2026