မပြန်ခင် ပြန်လည်ဖြည့်ဆည်းပေးမှာလား – ပီနဲရိုးအခြေခံမူများနှင့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးခြင်း

10 October 2019

မပြန်ခင် ပြန်လည်ဖြည့်ဆည်းပေးမှာလား – ပီနဲရိုးအခြေခံမူများနှင့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးခြင်း

ဤစာတမ်းတိုသည် ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများအတွက် အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ပြန်လည်ဖြည့်ဆည်းပေးခြင်းဆိုင်ရာ ကုလသမဂ္ဂ အခြေခံမှုများ (ပီနဲရိုးအခြေခံမူများ) ၏ အကျဉ်းချုပ်ဖြစ်ပြီး ကိုလံဘီယာနှင့် သီရိလင်္ကာနိုင်ငံများမှ ဖြစ်ရပ်နှစ်ခုကို ကိုးကားလေ့လာပြီး မြန်မာနိုင်ငံ၏ အခြေအနေနှင့် မည်သို့ဆက်စပ်ကြောင်း ဖော်ပြထားချက်ဖြစ်ပါသည်။ ပီနဲရိုးအခြေခံမူများသည် ဆယ်စုနှစ် များစွာကြာသည့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေခြင်းကြောင့် ထောင်သောင်းချီသော ပြည်သူလူထုအား ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ သို့မဟုတ် ဒုက္ခသည်များ ဖြစ်စေခဲ့သည့် မြန်မာနိုင်ငံ အခြေအနေနှင့် အထူးပင်သက်ဆိုင်သော အခြေခံမူများဖြစ်ပါသည်။ မွန်၊ ကရင်နီ၊ ရှမ်း၊ ဗမာ နှင့် ကရင် တိုင်းရင်သားများအပါအဝင် များစွာသောပြည်သူတို့သည် ၎င်းတို့၏နေအိမ်များ စွန့်ခွာ ထွက်ပြေး တိမ်းရှောင် လာခဲ့ရသည့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခိုင်မာမှုမရှိဘဲ အကဲဆတ်သော အပစ်အခတ် ရပ်စဲရေး များကြောင့် ယခုအချိန်အထိ လူသားလုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ မရှိမဖြစ်လိုအပ်သော ကျန်းမာရေး နှင့် ပညာရေးဝန်ဆောင်မှုများအတွက် စိုးရိမ်မှုများ ရှိနေသော်လည်း တစ်ဘက်တွင် ဒုက္ခသည်များ နေရပ်ပြန်ရေးကို အကောင်အထည်ဖော်ရေး စီစဉ်လုပ်ဆောင်မှုများ ရှိနေပြန်ပါသည်။ တစ်ချိန်တည်းတွင် နိုင်ငံ၏မြောက်ပိုင်း အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တစ်နေ့ပြီး တစ်နေ့ အရပ်သားပြည်သူူများပိုမို၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပါသည်။

ထို့ကြောင့် ပီနဲရိုးအခြေခံမူများတွင် ရှင်းလင်းထားသည့်အတိုင်း နေရပ်စွန့်ခွာရသူများ ဆုံးရှုံးသွားသော မြေယာနှင့် ပိုင်ဆိုင်မှုများအား ပြန်လည်ဖြည့်ဆည်းပေးခြင်းနှင့် နေရပ်ပြန်သူများ၏ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု (Housing, Land and Property – HLP) အခွင့်အရေးများအား တိုးမြှင့်ဖော်ဆောင်ခြင်းနှင့် ၎င်းတို့အား ကာကွယ်ပေးခြင်းသည် ဒုက္ခသည်များနှင့် IDP များ ရေရှည်တည်တံ့စွာနှင့် ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို ဤစာတမ်းတိုတွင် ရေးသားဖော်ပြ ထားပါသည်။ ယင်းအချက်သည် ပီနဲရိုးအခြေခံမူများက လူသားလုံခြုံမှုကိုသာမက HLP အခွင့်အရေးများကိုပါ အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ပီနဲရိုးအခြေခံမူများကို လိုက်နာသော မူဝါဒများ ချမှတ်ခြင်းကို မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ လူထုအသိုင်းအဝိုင်းများတွင် ကျင့်သုံးသည့် ဓလေ့ထုံးတမ်း မြေယာအသုံးပြုမှုစနစ်များအား အကာအကွယ်ပေးခြင်း အပါအဝင် ပြည့်စုံသော မြေယာပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများနှင့် တစ်ပြိုင်တည်း အတူအကွ လုပ်ဆောင်သွားရန် ဖြစ်ပါသည်။ သို့သော် မည်သည့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွင်မဆို IDP များနှင့် ဒုက္ခသည်များ၏ ပြန်လည်ဖြည့်ဆည်းပေးခြင်းဆိုင်ရာ ရပိုင်ခွင့်များကို ပေါင်းစပ်ထည့်သွင်းခြင်း၌ ပီနဲရိုးအခြေခံမူများသည် နိုင်ငံတကာ အသိအမှတ်ပြုသော စံနှုန်းသတ်မှတ်ချက်များကို ပံ့ပိုးပေးပါသည်။

အစီရင်ခံစာအပြည့်အစုံကို ရယူရန်။
အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia