09 August 2019
သြဂုတ်လ ၉ ရက် ယနေ့သည် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ ဖြစ်သည်။ တနင်္သာရီမြစ်ဝှမ်းတွင် အခြေချနေထိုင်သော ဌာနေတိုင်းရင်းသားများနှင့် အရပ်ဘက်အဖွဲ့အစည်း များသည် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းတိုင်းသားများနေ့တွင် အစီရင်ခံစာအသစ် နှစ်ရပ် ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာ နှစ်ရပ်စလုံးမှာဌာနေ တိုင်းရင်းသားတို့၊ တနင်္သာရီမြစ်နှင့် မြစ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများတို့ အချင်းချင်း အပြန်အလှန်အမှီအပြုနေကြပုံ နှင့်မြစ်ပေါ်တွင် တည်ဆောက်ရန်စီစဉ်နေသော ရေအားလျှပ်စစ်ထုတ်မည့် ရေကာတာစီမံကိန်းကြောင့် လတ်တလော စိန်ခေါ်မှုကြုံလာရပုံကို ဖော်ညွှန်းထားသည်။
TRIPNET က ပြုစုထုတ်ဝေသော ‘မြစ်ကြောင်းတို့ အလွန် – ဌာနေတိုင်းရင်းသားတို့၏ ဂေဟဒေသ အသိဖြင့်စိန်ခေါ်မှုများကို ဖြတ်ကျော်ခြင်း’ အစီရင်ခံစာ နှင့် ပနဲတာကပေါအဖွဲ့၊ တောင်ပိုင်း လူငယ်အဖွဲ့ နှင့် တာကပေါလူငယ်အဖွဲ့တို့က ပြုစုထုတ်ဝေသော ‘အသက်သွေးကြောကို တားဆီး ပိတ်ဆို့ခြင်း-တနင်္သာရီမြစ်ပေါ်တွင် ရေကာတာကြောင့် တနင်္သာရီဒေသခံများ စိုးရိမ်ထိတ်လန့် နေရမှု’ အစီရင်ခံစာတို့ထုတ်ပြန်ပြီး ဌာနေတိုင်းရင်းသားတု့ိ၏ နယ်ပယ်ဒေသ၊ ဒေသဆိုင်ရာ အသိဉာဏ် ဗဟုသုတ၊ ရိုးရာအတိုင်းကျင့်သုံးလာသော ထုံးထမ်းများကို အသိအမှတ်ပြုရန် အတူ အကွတောင်းဆို လိုက်သည်။ ယင်းအပြင် တနင်္သာရီမြစ်ကြောင်းပေါ်တွင် တည်ဆောက်ရန် စီစဉ်နေသည့်အကြီးစား ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းထားရန် လည်းတောင်းဆိုလိုက်သည်။
‘မြစ်ကြောင်းတို့အလွန် – ဌာနေတိုင်းရင်းသားတို့၏ ဂေဟဒေသအသိဖြင့် စိန်ခေါ်မှုများကို ဖြတ် ကျော်ခြင်း’ အစီရင်ခံစာတွင် တနင်္သာရီမြစ်ဝှမ်းတစ်လျှောက် နေထိုင်သော ဌာနေတိုင်းရင်းသားတို့၏ ဒေသခံပညာဗဟုသုတဖြင့် လေးနှစ်ကြာ သုတေသနပြု ပြုစုထားသော ငါးနှင့် ရေနေသတ္တဝါ မျိုးစိတ် ၁၁၅ မျိုးအကြောင်းကို တင်ပြထားသည်။ ဒေသခံပညာဗဟုသုတ အခြေပြုငါးသုတေသနသည် ဌာနေတိုင်းရင်းသား ရပ်သူရွာသားတို့ ဦးဆောင်သုတေသနပြုထားချက်ဖြစ်ပြီး ယင်းတွင်ဌာနေ တိုင်းရင်းသားတို့၏ ဂေဟအသိပညာနှင့် သဘာဝရိုးရာ နည်းအတိုင်းကျင့်သုံး လာခဲ့သောသယံဇာတ စီမံခန့်ခွဲမှုနည်းလမ်းများကို မှတ်တမ်းပြုထားသည်။ ဒေသခံများကို အားပေးမြှင့်တင်သည့် အနေနှင့် ၂၀၁၄ ခုနှစ်မှစ၍ တနင်္သာရီမြစ်ဝှမ်းရှိ ဒေသခံများ ဦးဆောင်ဦးရွက် ပြုသောသုတေသန ဖြစ်ပေါ် လာရေး TRIPNET က ပံ့ပိုးကူညီသူအနေနှင့် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
“ဒေသခံတွေက သဘာဝသယံဇာတ စီမံခန့်ခွဲမှုကို ကျွမ်းကျင်ကြတယ်။ ပြီးတော့ ဒေသခံထဲမှာရှိတဲ့ သတ္တဝါမျိုးစုံမျိုးကွဲတွေ အကြောင်းကိုလည်း အတွင်းကျကျသိကြတယ်။ ဒီသုတေသနပါ တွေ့ရှိချက် တွေဟာဒေသခံတွေက တနင်္သာရီမြစ်ကြီးနဲ့ ဘယ်လောက် အားကောင်းကောင်း အပြန်အလှန် ဆက်နွယ်မှုရှိနေတယ်ဆိုတာ ပြနေတာပါပဲ”ဟု TRIPNET မှ စီမံကိန်း ညှိနှိုင်းရေးမှူး စောအဲဘတ်က ဆိုသည်။
တနင်္သာရီမြစ်ဝှမ်းတွင် နေထိုင်သော ဌာနေတိုင်းရင်းသားတို့၏ ထိုသို့သော ဒေသဂေဟဗေဒ အကြောင်း အသေးစိတ်သိရှိနားလည်မှုကို အသိအမှတ်ပြု လက်ခံရန် အရေးကြီးပြီး မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆုံးဖြတ်ချက်ချမှတ်ခြင်း နှင့် ထိန်းသိမ်းရေးတောများ တည်ထောင် လုပ်ကိုင်ခြင်းတို့တွင် အသုံးချရန်လည်း အရေးကြီးသည်။ တနင်္သာရီမြစ်အတွင်း ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများသည် ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်းအပေါ် မည်မျှ အရေးပါကြောင်း၊ ထိုသို့မျိုးစုံမျိုးကွဲများနှင့် ဒေသခံတို့ နှစ်မျိုးစလုံးသည် မြစ်အတွင်း ရေကာတာ တည်ဆောက်ခြင်း ကြောင့် ပြန်အစားထိုးမရနိုင်စွာ ပျက်စီးသွားနိုင်ကြောင်း မြစ်ကြောင်းတို့ အလွန် အစီရင်ခံစာ တွင် ဖော်ညွှန်းထားသည်။
“ဌာနေတိုင်းရင်းသားတွေဟာ မြစ်နဲ့ သဘာ၀ သယံဇာတကို ကာကွယ်ပေးနေသူတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်အားထက်သန်မှုပြသဖို့နဲ့ ရပ်ရွာအခြေစိုက် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အောင်မြင်မှုတွေကို မျှဝေဖို့ ပလက်ဖောင်းလိုအပ်ပါတယ်”ဟု TRIPNET ၏ ဒါရိုက်တာ စောဖရန်ကီ အေဘရူး က ပြောကြားသည်။
ထိုသို့ ပူးပေါင်းပါဝင်သူနည်းအားဖြင့်ကောက်ယူထားသည့် ဒေသအသိဉာဏ် အခြေပြု သုတေသန ဖော်ဆောင်ခြင်းသည် မြစ်ကြောင်းတို့ အလွန် အစီရင်ခံစာပါ ရှာဖွေတွေ့ရှိချက်များ ထုတ်ပြန်ရုံ သက်သက်ထက်များစွာ ပိုမိုသောအကျိုးသက်ရောက်မှု ရှိသည်။ ထိုသို့ ရပ်ရွာအခြေပြု သုတေသန လုပ်ဆောင်ခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ရပ်ရွာအခြေပြု ငါးဘေးမဲ့အိုင်နှင့် ကာကွယ် ဧရိယာဖော်ဆောင်သည့် ကွန်ရက်ပိုကျယ်ပြန်လာရေး တိုက်ရိုက် အထောက်အကူပြုသည်။ ထိုသို့ ရပ်ရွာက စီမံသည့် ထိန်းသိမ်းရေးပုံစံသည် မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားနှင့် ရပ်ရွာက ထိန်းသိမ်းသည့် ဧရိယာ (ICCA) ပုံစံလည်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့သယံဇာတတွေကို ကိုယ်တိုင်အသိပညာ၊ စွမ်းရည်နဲ့စီမံနိုင်တဲ့ အတွက် ကျွန်တော်တို့ ဒေသနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအားလုံးမှာ ကျွန်တော်တို့ ဒေသခံတွေ ပါကိုပါရ ပါမယ်”ဟု Rays of Kamoethway Indigenous People and Nature မှ ဦးရဲအောင် ကပြော သည်။ “ကျွန်တော်တို့ ငါးမျိုးစိတ်တွေ ထိန်းသိမ်းဖို့ အားထုတ်နေတာဟာ တနင်္သာရီမြစ်ကြောင်း တစ်လျှောက်လုံးက ဂေဟစနစ်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်”
လျှပ်စစ် ၁၀၄၀ မဂ္ဂါဝပ်ထုတ်နိုင်မည့် ရေကာတာ စီမံကိန်းကြောင့် တနင်္သာရီမြစ်ကြောင်းနှင့် ယင်းတစ်လျှောက် နေထိုင်သော ရပ်ရွာဒေသခံများအပေါ် ကြီးစွာထိခိုက်နိုင်ကြောင်းကို ‘အသက် သွေးကြောကို တားဆီးပိတ်ဆို့ခြင်း – တနင်္သာရီမြစ်ပေါ်တွင် ရေကာတာကြောင့် တနင်္သာရီ ဒေသခံများ စိုးရိမ်ထိတ်လန့်နေရမှု’ အစီရင်ခံစာတွင် ဖော်ညွှန်းထားသည်။ တနင်္သာရီမြစ်ပေါ်တွင် အခြားဆည် ၁၇ ခုအပါအဝင် ထိုင်းအခြေစိုက် GMS ကုမ္ပဏီ၏ ရေကာတာ တည်ဆောက်ရေး အဆိုပြုချက်တွင် ဌာနေတိုင်းရင်းသားများ၏ လွတ်လပ်စွာ ကြိုတင်အသိပေးညှိနှိုင်း သဘော တူညီချက် (FPIC) မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။ ယင်းအပြင် ဌာနေတိုင်းရင်းသားများ၏ အစား အသောက်၊ သောက်သုံးရေ နှင့် သယ်ယူပို့ဆောင်ရေး အဓိက အရင်းအမြစ်များကို ခြိမ်းခြောက် လျက်ရှိသည်။
“ဒီဆည်တည်ဆောက်မှုကြောင့် မြစ်ညာပိုင်းက ကျေးရွာ ၃၂ ရွာက လူ ၇၀၀၀ အထိ ပြောင်းရ နိုင်ပါတယ်”ဟု ပနဲတာကပေါအဖွဲ့၏ တာဝန်ခံ နော်ဖောစေးဝါးက ပြောကြားသည်။ “နောက်ပြီး မြစ်အောက်ပိုင်းနေ လူ ၂၃၀၀၀ ကျော်ရဲ့ ဘဝနဲ့ အသက်မွေးမှုအပေါ် အကြီးအကျယ် ထိခိုက်စေ နိုင်ပါတယ်”
တနင်္သာရီမြစ်ကြောင်းတစ်လျှောက်ရှိ လူ ၁၂၀၀ ကို မေးမြန်းစစ်တမ်းပြုထားသော အစီရင် ခံစာတွင် ရပ်ရွာအသက်မွေးမှု၊ သောက်ရေသုံးရေ ရရှိမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဓလေ့ထုံးတမ်း ပွဲတော်များ ကျင်းပ၊ကျင့်သုံးမှု တို့ကိုအလေးပေးဖော်ပြထားသည်။ ယင်းအပြင် ဆည်တည်ဆောက် မှုကြောင့် ဌာနေတိုင်းရင်းသားများ၏ အသက်ဘေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်နိုင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။
“ဒီမြစ်က တနင်္သာရီတိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အစားအသောက်၊ ရေ၊ ကူးသန်းသွားလာဖို့ မြစ်ကို အမှီပြုနေရပါတယ်။ မြစ်ကြီးမရှိဘဲ ကျွန်တော် ရှင်သန်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု သရဘွင်အရှေ့ကျေးရွာမှ စောသန်းနိုင်က ပြောဆိုသည်။ “ကျွန်တော်တို့ဒေသမှာ အကြီးစား ရေကာတာကြီးဆောက်ရင် ကျွန်တော်တို့ အသက်မွေးမှု၊ ကျွန်တော်တို့ ဓလေ့ထုံးထမ်း၊ ကျွန်တော်တို့ သမိုင်း နဲ့ ကျွန်တော်တို့ အမျိုးသားရေး သင်္ကေတတွေ ပျောက်သွားပါလိမ့်မယ်”
ဆက်သွယ်ရန်
စောဆာဘိုး -09773962030 (TRIPNET)
မမြစုအောင် -09960939600 (TRIPNET)
နော်ဖောစေးဝါး- 09250244188 (ပနဲတာကပေါအဖွဲ့)
စောရောနယ် (ခ) စောသန်းနိုင်-09261612041 (သရဘွင်အရှေ့ကမ်း- ခိုင်မြဲသစ္စာကော်မတီအဖွဲ့)
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.