အစီရင်ခံစာအတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရသည့် အကြောင်းအရင်းများ၊ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များ၏ အရေးပါမှု၊ နှစ်နှင့်ချီ ကြာမြင့်လာသော သိမ်းပိုက်မြို့များ၊ စစ်အုပ်စု ပြန်လည်ထိန်းချုပ်သွားသည့် မြို့များ၊ မအောင်မြင်သော မြို့သိမ်းဖြစ်စဉ်များ၊ မြို့သိမ်းဖြစ်စဉ်များနှင့် ပြည်သူ့လုံခြုံရေး၊ မြို့သိမ်းခြင်း၊ ထိန်းခြင်းနှင့် တော်လှန်ရေး၏ ဦးတည်ရာ၊ မြို့သိမ်းဖြစ်စဉ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုကို မျှော်ကြည့်ခြင်း စသည့်အကြောင်းအရာများကို အချက်အလက်များဖြင့် ချဉ်းကပ်တင်ပြထားပါသည်။