“သုံးနိုင်ငံပေါင်းပြီး ဆောင်ရွက်မယ်ဆိုတာကတော့ ချည်းကပ်ပုံ ယန္တယားအသစ်လို့ ဆိုနိုင်ပါတယ်” – ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ – Progressive Voice)
“အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို သုံးနိုင်ငံပေါင်းပြီးဖိအားပေးမယ်ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ ချည်းကပ်ပုံယန္တယားအသစ်ဖြစ်တယ်။ ဒါပေမယ့် မူ ၅ ချက်ကို စစ်ကောင်စီက မလိုက်နာသေးတဲ့အတွက် လက်တွေ့အလုပ်ဖြစ်ဖို့တော့ အများကြီးကြိုးစားရဦးမယ်” လို့ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့ – (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံအလှည်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးကို ဘာများဆောင်ရွက်ပေးနိုင်မလဲ၊ အလှည့်ကျဥက္ကဌအပြင် ဥက္ကဌဟောင်း၊ လက်ရှိဥက္ကဌနဲ့ အသစ်ဖြစ်လာမယ့် ဥက္ကဌ သုံးဦး ပူးပေါင်းဆောင်ရွက်ခြင်းက အလုပ်ဖြစ်နိုင်သလား… စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ …