နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့
ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်
၁။ ယနေ့ ကျရောက်သော နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူးနေ့မြတ်တွင် တအောင်းအမျိုးသား ပြည်သူတရပ်လုံး စိတ္တသုခ၊ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေဟု ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ၁၉၆၃ ခုနှစ်မှစတင်၍ တအောင်းအမျိုးသားပြည်သူများသည် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ခဲ့ကြသည်။
၃။ နှစ်ပေါင်း (၆၀) တော်လှန်ရေးခရီးအတွင်း အသက်၊သွေး၊ချွေး၊စည်းစိမ်များစွာ ရင်းနှီးပေးဆပ် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သော တအောင်းအမျိုးသား သူရဲကောင်းအာဇာနည်များနှင့်တကွ တအောင်း ပြည်သူများအားလုံးကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
၄။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု နောက်ပိုင်း တွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)သည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာလက်တွဲလျက် ခုခံတွန်းလှန် လျက်ရှိသည်။
၅။ ယနေ့အချိန်အခါတွင် တအောင်းအမျိုးသားများနှင့်တကွ ပြည်သူတရပ်လုံး၏ မျှော်မှန်း တောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့် အတူတကွ စုစည်းညီညွတ်စွာဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် အောင်မြင်ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
View the original