ကာကွယ်ရေး ဝန်ကြီးဌာန
၅-၁ Honmura-cho၊ Ichigaya Shinjuku-ku
တိုကျိုမြို့ ၁၆၂-၈၈၀၁
ဂျပန်နိုင်ငံ
သို့
H.E Nobuo Kishi၊ ကာကွယ်ရေးဝန်ကြီး၊ ဂျပန်နိုင်ငံ
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်
အကြောင်းအရာ။ ။ ADMM-Plus Experts ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပါဝင်မှု။
လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းခင်ဗျား/ရှင့်
အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ အဖွဲ့အစည်း ၄၄၈ ဖွဲ့တို့က ဂျပန်နိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သကဲ့သို့ ထိုနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အာဆီယံနှင့် ထိတွေ့ဆောင်ရွက်ရန် တာဝန်ရှိသော ဝန်ကြီးတစ်ဦးလည်းဖြစ်သည့် လူကြီးမင်းအား ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ စစ်တပ်များက ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုသည်။ ထိုအစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်သော ဩစတေးလျ နှင့် နယူးဇီလန် နိုင်ငံတို့၏ ဆုံးဖြတ်ချက်များကို မိမိတို့မှ ကြိုဆိုသည်။ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများက ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်မည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပါဝင်တက်ရောက်ခြင်းသည် ဂျပန်အစိုးရအနေဖြင့် အခြားသော ADMM မိတ်ဖက်များနှင့် ကင်းကွာသွားနိုင်သည့် အန္တရာယ်ရှိသည်သာမက အကြမ်းဖက်ဝါဒဆိုင်ရာ ချဥ်းကပ်တုံ့ပြန်ရာတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားစစ်တပ် နှစ်ခုစလုံးတို့ကို ပံ့ပိုးအားပေးသော နိုင်ငံအဖြစ် ပုံဖော်ခြင်း ခံရနိုင်သည့် အန္တရာယ်သို့လည်း ကျရောက်နိုင်ဖွယ် ရှိသည်။
မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေး အရေးယူခံရခြင်း လုံးဝမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်နေသော်ငြား ဂျပန်အစိုးရသည် ၎င်း၏ ကာကွယ်ရေးအစီအစဉ်များမှတစ်ဆင့် မြန်မာစစ်အုပ်စု၏ တပ်သားများကို ဆက်လက်ပြီး သင်တန်းများ ပေးနေခြင်းအပေါ် မိမိတို့မှ အထူးစိုးရိမ်ပူပန်ပါသည်။ ဂျပန်အစိုးရမှ သင်တန်းပေးထားသော မြန်မာစစ်အုပ်စု၏ တပ်သားများသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သော တပ်ဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် အထောက်အထားများကိုလည်း တွေ့ရှိရသည်။ ဤအခြေအနေသည် ဂျပန်အစိုးရအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြံရာပါအဖြစ် ကျရောက်နိုင်သည့် ဘေးအန္တရာယ် ရှိနိုင်သဖြင့် ဂျပန်အစိုးရအတွက် အထူးစိုးရိမ်ရမည့်အရာ ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီး၏ ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပါဝင်တက်ရောက်မှုသည် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ပို၍ ထောက်ခံအသိအမှတ်ပြုပေးခြင်းအဖြစ် ရှုမြင်ခံရနိုင်ဖွယ် ရှိသည်။
မြန်မာစစ်တပ်သည် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ခေါင်းစဉ်အောက်တွင် ကာလရှည်ကြာ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်လာခဲ့ပြီး ဖြစ်သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ၏ တွေ့ရှိချက်အရ ထိုကျူးလွန်မှုသည် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အား “ဖယ်ရှားရှင်းလင်းရေး” ဆိုသည့် ရွည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သော “နယ်မြေရှင်းလင်းရေး” စီမံချက်ပုံစံဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ယင်းဆောင်ရွက်မှုတွင် ရိုဟင်ဂျာများအား သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ မုဒိမ်းကျင့်မှုနှင့် အုပ်စုလိုက် မုဒိမ်းကျင့်မှုများ ကျူးလွန်ခဲ့ခြင်းတို့ ပါဝင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဟူသော ခေါင်းစဉ်အောက်တွင် လူပေါင်း ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးစေခဲ့သည်။
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား အလွဲသုံးစားပြုမှုသည် ၎င်း၏တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းအထိတွင်လည်း ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စု၏ မဟာဗျူဟာတစ်ခုမှာ ဒီမိုကရက်တစ်အစုအဖွဲ့များကို တိုက်ခိုက်ရန်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား “အကြမ်းဖက်သမားများ” အဖြစ် တံဆိပ်ကပ်ခြင်း ဖြင့် ၎င်းကျူးလွန်နေလျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို မှန်ကန်ကြောင်း သက်သေပြရန် လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က ၎င်း၏ ADMM Experts’ လုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌရာထူးကို အသုံးပြုပြီး တရားမဝင်သော ၎င်း၏စစ်အုပ်စုကို တရားဝင်မှု ရရှိစေရန်နှင့် NUG၊ CRPH နှင့် PDF များအပေါ် အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခြင်းအတွက် ထောက်ခံမှုများ ရရှိရန် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဤလုပ်ငန်းအဖွဲ့ရှိ ၎င်း၏ခေါင်းဆောင်မှုကို မြန်မာပြည်သူများအား ပစ်မှတ်ထားသော ပြည်တွင်းဝါဒဖြန့်ချိရေးတွင်လည်း ငါးစာအဖြစ် အသုံးပြု၍ စစ်အုပ်စုက ထိန်းချုပ်ထားသော မီဒီယာများတွင် ထိုအစည်းအဝေးများ၏ အသေးစိတ်အချက်အလက်များနှင့် ဓါတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြခဲ့သည်။
တစ်ချိန်တည်းတွင် ၂၀၂၂ ခုနှစ် ဇွန်လ၌ စစ်ကောင်စီသည် အာဆီယံဥက္ကဌ ဝန်ကြီးချုပ်ဟွန်ဆန်၏ ပန်ကြားချက်ကို ပယ်ချလျက် အများလေးစားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးအပါအဝင် လူလေးဦးကို အခြေအမြစ်မရှိသော အကြမ်းဖက်မှု စွပ်စွဲချက်များဖြင့် သေဒဏ်စီရင်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုသို့သော လုပ်ဆောင်မှုသည် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အလေးထားခြင်း မရှိသည့်အပြင် အကောင်အထည်ဖော်ရန် စိတ်ဆန္ဒ လုံးဝမရှိကြောင်းကိုလည်း ပြသနေသည်။ နှိပ်စက်ညှဥ်းပန်းခြင်း၊ အရမ်းကာရော ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာများမီးရှို့ခြင်း၊ နှင့် လုယက်ခြင်းများ အပါအဝင် စစ်အုပ်စု၏ အရပ်သားများအပေါ် ဆက်လက်လုပ်ဆောင်နေလျက်ရှိသော စစ်ဆင်ရေးများသည် နိုင်ငံတလွှားကျယ်ပြန့်ပြီး ရာဇဝတ်မှုများကို စနစ်ကျစွာ ကျူးလွန်ရန် အကြမ်းဖက်မှု နည်းလမ်းသစ်များကို တိုးမြင့်အသုံးပြုနေသည်။ ဤအချက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော စစ်အုပ်စုတပ်သားများမှ လက်နက်မဲ့ အရပ်သား ပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများက မီးမောင်းထိုး ဖော်ပြနေသည်။ ယင်း လုပ်ရပ်များမှာ နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများအောက်တွင် အကြမ်းဖက်မှု မြောက်သည်မှာ ထင်ရှားသည်။ ထိုအကြမ်းဖက်မှုများနှင့် ဆိုးရွားလှသော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခုသည် တရားဝင်မှု ကင်းမဲ့ပြီး ADMM-Plus Experts ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် ဦးဆောင်ရန် နေရာမရသင့်သကဲ့သို့ ပါဝင်တက်ရောက်ရန်လည်း နေရာမရှိသင့်ပေ။
အလားတူပင် လုပ်ငန်းအဖွဲ့၏ နောက်ထပ် ပူးတွဲဥက္ကဌဖြစ်သော ရုရှားသည်လည်း အာဆီယံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်မှုများကို ဦးဆောင်ရန် သို့မဟုတ် ပါဝင်ရန် အနေအထား မရှိသင့်ပေ။ ယူကရိန်းနိုင်ငံကို မကြေညာဘဲ ကျူးကျော်ဝင်ရောက်သည့် ရုရှား၏လုပ်ရပ်သည် ဒီမိုကရေစီ စံနှုန်းများကို တိုက်ခိုက်ခြင်းနှင့် နိုင်ငံတကာဥပဒေနှင့် စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်းအဖြစ် ရှုတ်ချရမည် ဖြစ်သည်။ ၎င်း၏ ကျူးကျော်ဝင်ရောက်ချိန်မှစ၍ မေလ ၃၁ ရက်နေ့အထိတွင် စစ်ရာဇ၀တ်မှုများ မြောက်နိုင်သော ကျူးလွန်မှုပေါင်း ၁၅,၀၀၀ ကို ယူကရိန်းက မှတ်တမ်းတင်ထားနိုင်ပြီး ယူကရိန်းနိုင်ငံ၏ အခြေအနေကို အဖွဲ့ဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံက နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးခဲ့ပြီးလည်း ဖြစ်သည်။ ရုရှားကျူးကျော်မှု၏ ပထမရက်ပေါင်း ၁၀၀ အတွင်းတွင် အနည်းဆုံး “သောင်းဂဏန်း” သော ယူကရိန်းအရပ်သားများ သတ်ဖြတ်ခံခဲ့ရသည်ဟု ယူကရိန်းအစိုးရမှ ခန့်မှန်းထားသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ အနည်းဆုံး ယူကရိန်း လူဦးရေ၏ သုံးပုံတစ်ပုံမှာ အတင်းအဓမ္မအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖြစ်သည်။ Group of Seven (G7) ၏ ဆုံးဖြတ်ချက်နှင့်အညီ လူကြီးမင်းတို့အစိုးရက ချမှတ်ထားသည့် အဓိပ္ပါယ်ပြည့်ဝသော ဆုံးဖြတ်ချက်များ ဖြစ်သည့် – ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း 700 ကျော်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း၊ ရုရှားစစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပစ္စည်းတင်ပို့မှုများကို တားမြစ်ခြင်း၊ ရုရှားရေနံနှင့် ကျောက်မီးသွေးကို သပိတ်မှောက်ခြင်းနှင့် တားမြစ်ခြင်း၊ နှင့် ရုရှားသံတမန်များနှင့် အရာရှိများကို နှင်ထုတ်ခြင်း – တို့အတိုင်း မြန်မာနိုင်ငံအတွက် စစ်အုပ်စုနှင့် ချဉ်းကပ်မှုများတွင်လည်း ဤကဲ့သို့ ထင်ဟပ်နေရမည် ဖြစ်သည်။
ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ခြင်းသည် မြန်မာစစ်အုပ်စုနှင့် ရုရှားတို့ကို နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေရန် ပိုမိုအတင့်ရဲစေမည် ဖြစ်သည်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် ASEAN-Plus ကာကွယ်ရေးဝန်ကြီးများ အနေဖြင့် မူအပေါ်ရပ်တည်သည့် ခြေလှမ်းလှမ်းရမည် ဖြစ်သည့်အပြင် လာမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ရန် ငြင်းဆိုရမည် ဖြစ်သည်။ ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မြန်မာစစ်အုပ်စုနှင့် ရုရှားတို့အား ပါဝင်ခွင့် ပြုခြင်းသည် အစည်းအဝေး၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေပြီး လုပ်ငန်းအဖွဲ့နှင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်။ မြန်မာနှင့် ယူကရိန်းနိုင်ငံတို့၏ ပြည်သူများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်း ပြသရန်အတွက် လာမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ရန်နှင့် အခြားသော ADMM အစည်းအဝေးများတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားတို့ကို ဖယ်ထုတ်ထားရန်အတွက် နောက်ထပ်သော အရေးယူမှုများ လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
လေးစားစွာဖြင့်
အောက်ပါ လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၄၁၅ ဖွဲ့တွင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမှ နွေဦးတော်လှန်ရေး သပိတ်ကော်မတီများနှင့် ကျောင်းသားသမဂ္ဂများ ပါဝင်သည်။ ထိုအဖွဲ့များအပြင် ဤစာကို အမည်မဖော်ပြလိုသည့် မြန်မာနိုင်ငံမှ နောက်ထပ်သော အဖွဲ့အစည်း ၃၃ ဖွဲ့တို့လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။ သို့ဖြင့် ယခုအိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း စုစုပေါင်း ၄၄၈ ဖွဲ့တို့မှ ပါဝင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။
- 8888 Generation (New Zealand)
- Action Committee for Democracy Development
- Action Committee of Basic Education Students (ACBES)
- Active Youth (Kalay)
- Activists Group for Human Rights ‘BARAM’
- Ah Nah Podcast- conversation with Myanmar
- All Arakan Students’ and Youths’ Congress
- All Aung Myay Thar San Education Strike
- All Burma Democratic Face in New Zealand
- All Burma Federation of Student Unions (Monywa District)
- All Sagaing Township Basic Education Students’ Union
- All Schools of Aungmyaythazan Township Strike
- Alliance of Students’ Union – Yangon (ASU-Yangon)
- Alliance Organization Myanmar Bankers Union
- ALTSEAN-Burma
- Anti Dictatorship in Burma – DC Metropolitan Area (ADB-DCMA)
- Anti-Junta Alliance Yangon-AJAY
- Anti-Junta Forces Coordination Committee (AFCC)
- Arakan CSO Network
- Arakan Humanitarian Coordination Team- AHCT
- Asia Democracy Network (ADN)
- Asia Pacific Solidarity Coalition (APSOC)
- Asian Dignity Initiative
- Asian Forum for Human Rights and Development (FORUM-ASIA)
- Assistance Association for Political Prisoners (AAPP)
- Association of Human Rights Defenders and Promoters
- Association of United Nationality in Japan (AUN)
- Association Suisse-Birmanie (Swiss Burma Association)
- Athan – Freedom of Expression Activist Organization
- Auckland Kachin Community NZ
- Auckland Zomi Community
- Aung Myay Tharzan Basic Education Students’ Union-ABFSU
- Aung Pin Lal Main Strike
- Ayeyarwaddy Youths’ Union
- Bago Basic Education Students’ Union
- Bank Trade Unions Federation of Myanmar – BTUFM
- Basic Education General Strike Committee (BEGSC)
- Basic Education Worker Unions – Steering Committee (BEWU-SC)
- BEHS-1, Hpa-An Basic Education Students’ Union
- BEHS-1, Mandalay Basic Education Students’ Union-ABFSU
- BEHS-11, Aungmyethazan Basic Education Students’ Union-ABFSU
- BEHS-24, Mahaaungmyay Basic Education Students’ Union-ABFSU
- BEHS-4, Mandalay Basic Education Students’ Union-ABFSU
- BEHS-8, Aungmyethazan Basic Education Students’ Union-ABFSU
- Blood Money Campaign
- Burma Action Ireland
- Burma Campaign UK
- Burma Refugee Saving Association (B.R.S.A)
- Burman suomalaiset Finland
- Burmese Canadian Network
- Burmese Community Group (Manawatu, NZ)
- Burmese Community in France
- Burmese Rohingya Welfare Organisation New Zealand
- Cambodian Americans and Friends for Democracy and Human Rights Advocate
- CDM Medical Network (CDMMN)
- CDM Support Team Mandalay
- Chanayetharsan Basic Education Students’ Union
- Changjak21
- Chanmyatharzi Township People’s Strike
- Chin Community of Auckland
- Chin Community of Japan (CCJ)
- Chin Human Rights Organization
- Chin Youth Organization (Matupi)
- Chin Youth Organization of Japan (CYO-JP)
- Chindwin (West) Villages Women Strike
- Citizen of Burma Award – New Zealand
- CIVICUS: World Alliance for Citizen Participation
- Civil Information Network (CIN)
- Civil Society Organizations Coordination Committee (Monywa)
- Coalition of Mandalay Engineers
- Coalition Strike Committee – Dawei
- Colorfulspring (ရောင်စုံနွေဦး)
- Community Resource Center, Thailand
- Co-operative University Mandalay Students’ Strike
- CRPH & NUG Supporters Ireland
- CRPH Funding Ireland
- CRPH Support Group, Norway
- CRPH, NUG Support Team Germany-Deutschland
- Daik-U Basic Education Students’ Union
- Daung Sitthe Strike
- Dawei (Ashaetaw) Women Strike
- Dawei Basic Education Students’ Union
- Dawei Youths in Japan (DYJ)
- Dawei Youths Revolutionary Movement Strike Committee
- Democracy for Ethnic Minorities Organization
- Democracy for Myanmar – Working Group (NZ)
- Democracy Movement Strike Committee-Dawei (DDMSC)
- Democracy, Peace and Women’s Organization
- Democratic Youth Council
- Demoso Basic Education Students’ Union
- Depayin Township Revolution Steering Committee
- Depayin Women Strike
- Doh Atu – Ensemble pour le Myanmar
- Dragon Dawn (Japan)
- Education Family Strike
- Educational Initiatives Prague
- Equality Myanmar
- Ethnic Youth General Strike Committee (Mandalay)
- European Karen Network
- Family Private School Basic Education Students’ Union-ABFSU
- Federal Myanmar Benevolence Group (NZ)
- Federation of Worker’s Union of Burmese Citizens in Japan (FWUBC)
- Former Political Prisoners and New Generation Group – Monywa
- Foundation of Khmer Samaki, CA
- Free Burma Campaign (South Africa)
- Free Rohingya Coalition
- Future Thanlwin
- Gangaw Women Strike
- General Strike Collaboration Committee (GSCC)
- General Strike Committee of Basic and Higher Education (GSCBHE)
- General Strike Coordination Body – GSCB
- Generation Wave
- GenY For Revolution Japan
- German Solidarity with Myanmar Democracy e.V.
- Global Movement for Myanmar Democracy (GM4MD)
- Global Myanmar Spring Revolution – Japan
- Global Myanmar Spring Revolution (South Korea)
- Golden Heart Organization
- Grass-root People
- Hinthada Basic Education Students’ Union-ABFSU
- Hlaing Thar Yar Basic Education Students’ Union
- Hope For Youth -Kyushu Japan
- Hopin Basic Education Students’ Union
- HTY Scout Channel
- Human Rights Foundation of Monland
- In Defense of Human Rights and Dignity Movement (iDEFEND), Philippines
- Incorporated Organization Shilcheon Bulgyo
- India for Myanmar
- Industries Strike
- Info Birmanie
- Information & Scout News (Hlaing)
- Initiatives for International Dialogue (IID)
- Insein Scout Channel
- Institute for Asian Democracy
- Inter-Faith Strike Column
- Interfaith Youth Coalition on Aids in Myanmar (IYCA – Myanmar )
- International Association, Myanmar- Switzerland
- International Child Rights Center
- International Society of Myanmar Scholars and Professionals (Japan)
- Japan Myanmar Future Creative Association (JMFCA)
- Japan Myanmar Help Network
- Justice For Myanmar
- Justice Movement for Community – Innlay
- Kachin Affairs Organization – Japan
- Kachin State Women Network
- Kachin Student Union
- Kachin Women Union
- Kachin Women’s Association Thailand
- Kalay Township Strike Force
- Kalay Women Strike
- Kalyarna Metta Association (Khin U)
- Kamayut Scout Channel
- Kanbung Youth (Matupi)
- Kanpetlet Land Development Organization
- Kansai Group Japan
- Karen Human Rights Group
- Karen National League Japan-KNL
- Karen Swedish Community (KSC)
- Karen Women’s Organization
- Karen Rivers Network
- Karenni National Society (KNS) Japan
- Karenni National Women’s Organization
- Karenni Society Finland
- Karenni Society New Zealand
- Katha Basic Education Students’ Union
- Kayan Internally Displacement Supervising Committee (KIDSC)
- Keng Tung Youth
- Khanthar Farmers Network
- Khumzup Local Development Committee
- Kings N Queens
- Know Us More Myanmar (KUM)
- Kobe Myanmar Community (KMC)
- Korea Christian Solidarity for Democracy in Myanmar
- Korean Civil Society in Support of Democracy in Myanmar (106 NGOs)
- Korean House for International Solidarity
- Kyaikhto Basic Education Students’ Union – KBESU
- Kyain Seikgyi Spring Revolution Leading Committee
- Kyaukse Basic Education Students’ Union
- Kyaukse University Interim Administrative Council
- Kyauktada Strike Committee (KSC)
- Kyause University Students’ Union
- Kyimyindaing Scout Channel
- La Communauté Birmane de France
- Labor Union Federation
- Labutta Basic Education Students’ Union-ABFSU
- Langkho Basic Education Students’ Union
- Lanmadaw, Latha & Pabedan Scout Channel
- Lashio Basic Education Students’ Union
- Latpadaung Region Strike Committee
- Launglon Basic Education Students’ Union
- League For Democracy in Burma (L.D.B Japan)
- Let’s Help Each Other
- Letpadan Basic Education Students’ Union-ABFSU
- LGBT Alliance Myanmar
- LGBT Alliance Myanmar (Kalay Region)
- LGBT Alliance Myanmar (Kyaukse Region)
- LGBT Community Yangon
- LGBT Union Mandalay (LGBTIQ Strike of Mandalay)
- Magway People’s Revolution Committee
- Maharaungmyay Township People’s Strike
- Mandalar College Students Strike
- Mandalar University Students’ Strike
- Mandalar University Students Union
- Mandalay Alliance Coalition Strike
- Mandalay Civil Society Organization
- Mandalay Engineer Group (MEG)
- Mandalay Medical Family (MFM)
- Mandalay People Strike
- Mandalay Poets’ Union
- Mandalay Private Universities Students Union
- Mandalay Regional Youth Association
- Mandalay Strike Force (MSF)
- Mandalay Technology University (MTU) Students Union
- Mandalay Universities, Degree and College Teachers and Staffs Strike
- Mandalay University Alumni Strike
- Mandalay University of Foreign Languages Students Union
- Mandalay Wholesale Centers Strike
- Mandalay Women Strike
- Mandalay Youth Strike
- Mandalay-based People’s Strike
- Mandalay-Based University Students’ Unions
- Matu Forum Committee
- Matu Women Association
- Mawkmai Basic Education Students’ Union
- Mawlamyine Basic Education Students’ Union
- Mayangone News
- Me Boun Foundation
- Medical Family Mandalay (MFM)
- Meikhtila Basic Education Students’ Union-ABFSU
- Metta Campaign Mandalay
- Midwifery Training School Students Union (Mandalay)
- MilkTeaAlliance friends of Myanmar
- Minbu Basic Education Students’ Union-ABFSU
- Mindanao Peacebuilding Institute Foundation, Inc.
- Minority Affairs Institute – Mai (Myanmar)
- Mogaung Basic Education Students’ Union
- Mohnyin Basic Education Students’ Union
- Mon Youth For Federal Democracy (MYFD)
- Monywa Basic Education Students’ Union – ABFSU
- Monywa LGBT Strike
- Monywa People’s Strike Steering Committee
- Monywa Women Strike
- Monywa-Amyint Road Strike Leading Committee
- Monywa-Amyint Road Women Strike
- MRJ (Maraja)
- Mudon Basic Education Students’ Union
- Multi-Religions Strike
- Muslim Youth Network
- Muslim Youths Association
- Mya Taung Strike
- Myanmar Accountability Project
- Myanmar Active Students & Businesspeople Organization (MASBO)
- Myanmar Democratic Force in Denmark
- Myanmar Development Support Group (MDSG)
- Myanmar Diaspora Group Finland
- Myanmar Emergency Fund Canada (MEF Canada)
- Myanmar Engineers – New Zealand
- Myanmar Ethnic Rohingya Human Rights Organization Malaysia (MERHROM)
- Myanmar Gonye (New Zealand)
- Myanmar Institute of Information and Technology ( Mandalay) Students Union
- Myanmar Institute of Information Technology Students’ Strike
- Myanmar Labor Alliance (MLA)
- Myanmar Nationalities’ Support Organization – JP (MNSO)
- Myanmar People Alliance (Shan State)
- Myanmar Railway Division (3) CDM Staffs Strike
- Myanmar Secret Information – MSI
- Myanmar Spring Revolution Japan (MSRJ)
- Myanmar Students’ Union in New Zealand
- Myanmar Tozan Club (MTC)
- Myanmar Youth and Student Association, Japan (MYSA)
- Myanmar’s Youth Association Hokkaido (MYAH)
- Myingyan Civilian Movement Committee
- National University of Arts and Culture (Mandalay) Students Union
- Netherlands – Myanmar Solidarity Platform
- Network of University Student Unions – Monywa
- New Zealand Doctors for NUG
- New Zealand Karen Association
- New Zealand Zo Community Inc.
- No (12) Basic Education Middle School Student Union
- No (7) Basic Education High School Alumni Strike
- No.12 Basic Education Branch High School (Maharaungmyay) Students’ Union
- No.12 Basic Education Middle School (High Branch) Basic Education Students’ Union
- NOK Information & Scout Echo
- North Dagon & East Dagon News
- Northern Spectrum Youth Association
- Nursing Training School Students Union (Mandalay)
- Nyaunglebin Basic Education Students’ Union
- OCTOPUS Youth Organization
- Okinawa Myanmar Association (OMA)
- Olive Organization
- Open Development Foundation
- Overseas Mon Association (New Zealand)
- Padaung Basic Education Students’ Union-ABFSU
- Palaung National Society Japan, PNS-Japan
- Palaw Supporting Group Japan
- Pale Township People’s Strike Steering Committee
- Pa-O Women’s Union (PWU)
- PEC Private School Basic Education Students’ Union
- People’s Hope Spring Revolution (PHSR)
- People’s Initiative for Development Alternatives
- People’s Action Against Dictator CHUN Doo-Hwan
- People’s Solidarity for Participatory Democracy (PSPD)
- Phayagyi Peace Strike
- Platform.c
- Private pre school Teachers’ Association
- Progressive 3.0
- Progressive Voice
- Punnyakari Mon National Society Japan, PMNS-Japan
- Pyay Basic Education Students’ Union-ABFSU
- Pyay Underground News – PUGN
- Pyigyidagon Strike
- Pyin Nyar Nan Daw Private School Basic Education Students’ Union
- Pyin Oo Lwin Basic Education Students’ Union
- Pyinmana Basic Education Students’ Union-ABFSU
- Pyithu Gonye (New Zealand)
- Representative Committee of University Teacher Associations (RC of UTAs)
- Representing The Arrested People Strike
- Revolution Tokyo Myanmar (RTM)
- Rohingya Action Ireland
- Rvwang Community Association New Zealand
- Samgha Sammaga-Mandalay
- Sangha Union Strike
- Save and Care Organization for Women at Border Areas
- SAVE MYANMAR – USA
- Save Myanmar Fundraising Group (New Zealand)
- Save the Salween Network
- Sein Pan Strike
- Shan Community (New Zealand)
- Shan Community in Japan (SCJ)
- Shan MATA
- Shan Women Development Network
- ShizuYouth For Myanmar
- Shwechinthae Farmers Network
- Sintgaing Basic Education Students’ Union
- Sisters 2 Sisters
- Sitt Nyein Pann Foundation
- Solidarity for Another World
- Sone See Yar (Volunteer Group)
- South Dagon Scouting Info (SDG)
- Southern Youth Development
- Spring Revolution Interfaith Network-SRIN
- Spring Revolution Myanmar Muslim- SRMMN
- Spring Revolution Restaurant
- Stiftung Asienhaus
- Students for Free Burma
- Support Group for Democracy in Myanmar (The Netherlands)
- Ta’ang Women’s Organization
- Taekwondo Federation
- Tai Youths Network Japan (TYNJ)
- Tampawadi People Strike
- Tamwe Nway Oo Channel
- Tanintharyi MATA
- Taunggyi Basic Education Students’ Union
- Taze Women Strike
- Technological University (Yadanabon Cyber City) Students Union
- Technological University Mandalay (TUM) Students Union
- Tha Pyay Nyo Newsletter
- Thaketa & Dawbon Scout Channel
- Thakhin Kodaw Mhine Peace Network (Monywa)
- Thaton Basic Education Students’ Union
- Thayat Chaung Women Strike
- The 88 Generation Peace and Open Society (Monywa)
- The Center for Freedom of Information
- The May 18 Memorial Foundation
- Thint Myat Lo Thu Myar Organization
- Township Leading Group (Winwmaw)
- Try Together At Japan (TTAJ)
- Twitter Team for Revolution (TTFR) – Myanmar
- U.S. Campaign for Burma
- Uakthon Local Social Development Organization
- Union of Myanmar Citizen Association – Japan
- University of Computer (Mandalay) Students Union
- University of Dental Medicine (Mandalay) Students Union
- University of Medical Technology (Mandalay) Students Union
- University of Medicine (Mandalay) Students Union
- University of Nursing (Mandalay) Students Union
- University of Pharmacy (Mandalay) Students Union
- University of Traditional Medicine (Mandalay) Students Union
- University Students’ Unions Alumni Force
- US Advocacy Coalition for Myanmar (USACM)
- VEC Private School Basic Education Students’ Union
- Voice For Justice
- We Are One Saga MOSA
- We for All
- We Love Motherland-MM (Malaysia)
- We Support (Japan)
- Wetlet Basic Education Students’ Union-ABFSU
- Wetlet Revolution Leading Committee
- Wetlet Township Women Strike
- White Coat Society Yangon (WCSY)
- Winemaw Civil Society Network
- Winemaw Lisu Development Association
- Women Alliance Burma (WAB)
- Women’s League of Burma
- Wundwin Basic Education Students’ Union-ABFSU
- Yadanabon University Students’ Union (YDNBUSU)
- Yangon Medical network
- Yangon Revolution Force – YRF (Soft Strike Community)
- Yangon Women Strike
- Yaw Funding Japan
- Yedashe Basic Education Students’ Union-ABFSU
- YG Network
- Yinmarpin and Salingyi All Villages Strike Committee
- Yokohama Pamphlet Campaign – Myanmar
- Youth Network (Tanintharyi Region)
- Youth Poets’ Union
- Youth Scout For Democracy (YSD)
- Z Fighter News
- Zabuthiri Basic Education Students’ Union-ABFSU
- Zeegwat News
- ဂျပန်ပြည်မှတွဲလက်များ
- မျိုးဆက်-Generations
- လူငယ်များသမဂ္ဂ – ပုသိမ်
- လူငယ်များသမဂ္ဂ – ဗဟို
- 一般社団法人 ミャンマーグローバル支援財団 (MGSF)
***အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက်ပိုင်း ထပ်မံရရှိသော အဖွဲ့အစည်းအမည်စာရင်းကို အောက်ပါအတိုင်း ဖြည့်စွက်ထားပါသည်။
- Yangon People’s Strike
- Save Myanmar San Francisco
အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ