၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်
သို့
ဗိုလ်ချုပ်ကြီး Tea Banh၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ
ဘုရင် Sultan Haji Hassanal Bokiah Mu’izzaddin Waddaulahibni Al-Marhum၊ ကာကွယ်ရေးဝန်ကြီး၊ ဘရူးနိုင်းဒရူစလန်နိုင်ငံ
Prabowo Subianto၊ ကာကွယ်ရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ
ဗိုလ်ချုပ်ကြီး Chansamone Chanyalath၊ ဒုတိယဝန်ကြီးချုပ် နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး၊ လာအိုနိုင်ငံ
The Honerable Dato’ Seri Hishammuddin bin Tun Hussein၊ ကာကွယ်ရေးဝန်ကြီး၊ မလေးရှားနိုင်ငံ
Delfin N. Lorenzana၊ အမျိုးသားကာကွယ်ရေးဆိုင်ရာ အတွင်းရေးမှူး၊ ဖိလစ်ပိုင်နိုင်ငံ
Dr. Ng Eng Hen၊ ကာကွယ်ရေးဝန်ကြီး၊ စင်္ကာပူနိုင်ငံ
ဗိုလ်ချုပ်ကြီး Prayut Chan-o-cha၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး၊ ထိုင်းနိုင်ငံ
ဗိုလ်ချုပ်ကြီး Phan Van Giang၊ ကာကွယ်ရေးဝန်ကြီး၊ ဗီယမ်နမ်နိုင်ငံ
အကြောင်းအရာ။ ။ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်အုပ်စုမှ ပါဝင်တက်ရောက်မည့် ကိစ္စ။
လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင်/ခင်ဗျား
မကြာမီကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ASEAN Defense Ministers’ Meeting – ADMM) သို့ မြန်မာစစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားခြင်း မပြုလုပ်ပါရန် ဤအိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသည့် မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၇၇ ဖွဲ့က တောင်းဆိုပါသည်။
မြန်မာစစ်အုပ်စု၏ ကျူးလွန်မှုများသည် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများက ဖွင့်ဆိုထားသည့် အကြမ်းဖက်မှု အဓိပ္ပါယ်နှင့် လုံးဝကိုက်ညီနေသည့်အပြင် စစ်အုပ်စုသည် ၎င်း၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေ ချိုးဖောက်မှုများအတွက်လည်း တာဝန်ရှိသည်။ စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းချိန်နောက်ပိုင်း မြန်မာပြည်သူများအပေါ် ကျူးလွန်သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၇၀၀,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ စစ်အုပ်စုသည် ပြည်သူလူထု၏ ခုခံတော်လှန်မှုနှင့်ကြုံနေရပြီး လူပေါင်း ၁,၉၀၀ ကျော်ကို သတ်ဖြတ်ခြင်း၊ လူဦးရေ ၁၄,၀၀၀ ကျော်ကို မတရားဖမ်းဆီးခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် အရမ်းကာရော ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းအပြင် ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ကျူးလွန်နေလျက် ရှိသည်။
လာမည့် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဥ်ထားသည့် ၁၆ ကြိမ်မြောက် ADMM အစည်း အဝေးတွင် စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်မြထွန်းဦးက မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်မည်ဟု မိမိတို့မှ သိရှိနားလည်ထားပါသည်။ ဗိုလ်ချုပ်မြထွန်းဦးသည် စစ်တပ်ကို စီမံခန့်ခွဲနေသည့် အရေးပါသော ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နေပြီး လက်ရှိဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာ ကျူးလွန်နေမှု များအတွက် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအတွက် မြထွန်းဦး၏ တိုက်ရိုက်တာဝန်ရှိမှုကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နယူးဇီလန် နိုင်ငံများက အသိအမှတ်ပြုထားပြီး ဖြစ်သကဲ့သို့ ၎င်းကိုလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီး ဖြစ်သည်။ မြထွန်းဦးသည် ၎င်း၏ ရာထူးအရ “အဆိုပါ ချိုးဖောက်မှုများအတွက် အမိန့်ပေးသည့်တာဝန် (Command Responsibility) ရှိသည်ဖြစ်ရာ အဆိုပါလုပ်ရပ်များအတွက် တာဝန်ခံရမည်ဖြစ်သည်” ဟု ယူကေနိုင်ငံ ထုတ်ပြန်ထားသည်။ ထို့အပြင် မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council – SAC) အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ “ဗိုလ်ချုပ်မြထွန်းဦးသည် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံ၏လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ချရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဆုတ်ယုတ်စေမှုအတွက် တာဝန်ရှိသည်” ဟု ဥရောပသမဂ္ဂက အသိအမှတ်ပြု ထုတ်ပြန်ထားသည်။ မြထွန်းဦးသည် မြန်မာစစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ၎င်း၏ ပါဝင်မှုအခန်းကဏ္ဍအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး ၎င်းအား ADMM အစည်းအဝေးသို့ ပါဝင်တက်ရောက်ခွင့် ပေးခြင်းအားဖြင့် ဂုဏ်မပြုသင့်ပေ။
အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့သကဲ့သို့ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ၂၀၂၂ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့် မပေးခဲ့သည့်အပေါ် မိမိတို့မှ ကြိုဆိုပါသည်။ သို့ရာတွင် ADMM သည် စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဝန်ကြီးဌာနအဆင့် အပါအဝင် ဗိုလ်ချုပ်ဗှူးကြီး မင်းအောင်လှိုင်နှင့် ဝဏ္ဏမောင်လွင်တို့ကို အစည်းအဝေး တက်ရောက်ခွင့် မပေးခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်များသည် တစ်သမတ်တည်း ရှိမနေသည်ကို မိမိတို့မှ စိုးရိမ်ဖွယ် တွေ့ရှိရပါသည်။ စစ်ရေးလေ့ကျင့်မှုများ ပါဝင်သည့် ADMM နှင့် စစ်အုပ်စုတို့၏ ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကူညီထောက်ပံ့ ပေးခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းကို ဦးတည်သွားစေလိမ့်မည် ဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုအား တရားဝင်မှုမပေးရန် အလွန်အရေးကြီးပြီး ၎င်း၏ ပဋိညာဥ်စာတမ်းကို ကိုင်စွဲ၍ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ များကို လေးစားလိုက်နာသောအားဖြင့် စစ်အုပ်စုကို ADMM မှ ဖယ်ထုတ်ထားရမည် ဖြစ်သည်။ ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းသည် အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာြဖစ်ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ထဲတွင် ကြံရာပါအဖြစ် ရောက်သွားမည့်အန္တရာယ် ပိုရှိသည့်အပြင် နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေရန်အတွက် အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မည် ဖြစ်သည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများအနေဖြင့် မြထွန်းဦးအား ယင်း ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် နောင်အနာဂတ်တွင် ကျင်းပပြုလုပ်မည့် အခြားအစည်းအဝေးများ အားလုံးသို့ ဖိတ်ကြားခြင်း မပြုရန် မိမိတို့မှ တောင်းဆိုပါသည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေး လုပ်ဆောင်ရန် တောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများတွင် အောက်ပါအမည်ဖော်ပြထားသည့် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၉ ဖွဲ့နှင့် အမည်မဖော်ပြလိုသော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၇၈ ဖွဲ့တို့ ပါဝင်ပါသည်။
Signed by:
- “Do” farmer Organization
- 8888 Generation (New Zealand)
- 8888 New Generation (Mohnyin)
- Action Against Myanmar Military Coup (Sydney)
- Action Committee for Democracy Development
- Active Youths (Kalaymyo)
- Ah Nah podcast- Conversation with Myanmar
- Ah. La. Ka (12) Hta Khwe, Primary Education Student Union
- All Arakan Students and Youths’ Congress
- All Burma Democratic Face in New Zealand
- All Burma Student Democratic Front – Australia Branch
- All Religions Strike Column
- All Young Burmese League (AYBL)
- Alliance for Free Burma Solidarity
- Alternative Solutions for Rural Communities (ASORCOM)
- ALTSEAN-Burma
- Anti Dictatorship in Burma DC Metropolitan Area
- Anti-Myanmar Dictatorship Movement
- Anti-Myanmar Military Dictatorship Network (AMMDN)
- Arakan CSO Network
- Arakan Humanitarian Coordination Team- AHCT
- ASEAN Parliamentarians for Human Rights (APHR)
- Asia Justice and Rights (AJAR)
- Asia Pacific Solidarity Coalition
- Asian Cultural Forum on Development (ACFOD) Philippines
- Asian Cultural Forum on Development Foundation (ACFOD) Thailand
- Asian Dignity Initiative
- Asian Forum for Human Rights and Development
- Association for Advancement of Freedom of Religion or Belief in Vietnam (AAFORB-VN)
- Association of Human Rights Defenders and Promoters
- Athan – Freedom of Expression Activist Organization
- Auckland Kachin Community NZ
- Auckland Zomi Community
- Aung Myay Thar Zan Education Schools Strike Column
- Aung Pin Lae Main Strike Column
- Australia Burma Friendship Association, Northern Territory
- Australia Karen Organization WA Inc.
- Australia Myanmar Doctors, Nurses and Friends
- Australia Myanmar Youth Alliance (AMYA)
- Australian Burmese Muslim Organisation
- Australian Chin Community (Eastern Melbourne Inc)
- Australian Karen Organisation (AKO)
- Australian Karen Organisation Inc
- Back Pack Health Workers Team
- Bamar Community Tasmania
- BCC (စစ်ကိုင်း)
- Blood Money Campaign
- Buddhist Solidarity Association
- Burma Action Ireland
- Burma Campaign UK
- Burma Human Rights Network
- Burma Lawyers’ Council (BLC)
- Burma Medical Association
- Burma Soumalaiset (Finland)
- Burmese Community – South Australia
- Burmese Community Development Collaboration (BCDC)
- Burmese Community Group (Manawatu, NZ)
- Burmese Community Support Group (BCSG)
- Burmese Friendship Association
- Burmese Medical Association Australia (BMAA)
- Burmese Rohingya Organisation UK
- Burmese Rohingya Welfare Organisation New Zealand
- Burmese Women’s Union
- Cambodian Americans and Friends for Democracy and Human Rights Advocate
- Campaign for a New Myanmar
- Canberra Karen Association
- CDM Support Team Mandalay (CSTM)
- Chan Mya Thar Si Township People Strike Column
- Chin Community – South Australia
- Chin Community of Auckland
- Chin Community of Western Australia Inc.
- Chin Community Tasmania
- Chin Human Rights Organization
- Chin MATA Working Group
- Chin Resources Center
- Chin Youth Organization (Matupi)
- Citizen of Burma Award – New Zealand
- CIVICUS: World Alliance for Citizen Participation
- Committee Representing Mandalay Region Hluttaw
- Cooperative University Student Strike Column
- CRPH & NUG Supporters Ireland
- CRPH Funding Ireland
- CRPH Support Group, Norway
- CRPH, NUG Support Team Germany – Deutschland
- CRPH/NUG support group Australia
- Dawei Development Association
- Dawei Probono Lawyer Network
- Democracy for Myanmar – Working Group (NZ)
- Democracy, Peace and Women’s Organization
- Democratic Youth Council
- Doh Atu – Ensemble pour le Myanmar
- Dragon Dawn
- Education and health care for Myanmar-Thailand Association
- Education Family (Anti – Fascists Education Strike Columns Coordination Committee)
- Educational Initiatives Myanmar
- Equality Myanmar
- Ethnic Youth General Strike Committee
- Falam Community – South Australia
- Federal Myanmar Benevolence Group (NZ)
- Foundation of Khmer Samaki
- Free Burma Campaign (South Africa)
- Free Expression Myanmar (FEM)
- Free Rohingya Coalition
- Future Light Center
- Future Thanlwin
- General Strike Committee of Nationalities – GSCN
- Generation Wave
- Generations (မျိုးဆက်)
- GenY For Revolution Japan
- German Solidarity with Myanmar Democracy e.V.
- Global Myanmar Spring Revolution
- Global Myanmar Spring Revolution – Japan
- Global Myanmar Spring Revolution – Korea
- Golden Heart Organization
- Grass-root People
- Human Rights Educators’ Network
- Human Rights Foundation of Monland
- In Defense of Human Rights and Dignity Movement (iDEFEND) Philippines
- India For Myanmar
- Industrial Training Centre (ITC) Family Sydney
- Info Birmanie
- Initiatives for International Dialogue
- Institute for Asian Democracy
- Inter Pares
- Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
- International Campaign for the Rohingya
- International Karen Organisation
- JASS Southeast Asia
- Joint Action Committee for Democracy in Burma (JACDB)
- Justice 4 Myanmar – Hope & Development
- Justice Movement for Community-Innlay
- Justice For Myanmar
- Kachin Association Australia
- Kachin Association of Australia WA Inc.
- Kachin Human Rights Watch
- Kachin State Women Network
- Kachin Women’s Association Thailand
- Kachin Women’s Union
- Kadu Youth Development Association (KYDA)
- Kalyarna Metta Association (Khin U)
- Kanbung Youth (Matupi)
- Kanpetlet Land Development Organization
- Karen Community – South Australia
- Karen Human Rights Group
- Karen Peace Support Network
- Karen Swedish Community (KSC)
- Karen Women’s Organization
- Karenni Community of Western Australia Inc.
- Karenni Federation of Australia
- Karenni Human Rights Group
- Karenni Society New Zealand
- Kayan Internally Displacement Supervising Committee (KIDSC)
- Kayan Women’s Organization
- Kayin Community Tasmania
- Keng Tung Youth
- Khanthar Farmers Network
- Khumzup Local Development Committee
- Kurawal Foundation
- Kyauktada Strike Committee
- LA COMMUNAUTÉ BIRMANE DE FRANCE
- LGBTIQ Strike of Mandalay
- Maha Aung Myay Township People Collective Strike Column
- Mandalar University Student Strike Column
- Mandalay Alliance Strike Collective Column
- Mandalay Based People Strike Column
- Mandalay Civil Society Organizations
- Mandalay Engineer Group
- Mandalay Engineer United Force
- Mandalay University Student Alumni Union
- Mandalay Wholesale Strike Column
- Mandalay Youth Association
- Mandalay Youth Strike Column
- MATA Sagaing Region
- Matu Chin Community – South Australia
- Matu Forum Committee
- Matu Women Association
- Medical Family – Mandalay
- Metta Campaign Mandalay
- MIIT Student Strike Column
- MilkTeaAlliance Calendar
- MilkTeaAlliance Galleries
- Mindanao Peacebuilding Institute Foundation, Inc. (MPI)
- Mindat Chin Community NSW
- Mindat Community – South Australia
- Mindat Emergency Response Team (MERT)
- Mizo Community – South Australia
- Mon Families Group
- Mon National Council (MNC)
- Mung Chying Rawt Jat (MRJ)
- Muslim Youth Network
- Muslim Youth Union
- Mya Taung Strike Column
- Myanmar Accountability Project
- Myanmar Action Group Denmark
- Myanmar Alliance for Transparency and Accountability
- Myanmar Buddhist Community of South Australia
- Myanmar Community Coffs Harbour (MCC)
- Myanmar Cultural Research Society (MCRS)
- Myanmar Democracy and Peace Committee (Australia)
- Myanmar Democratic Movement (MDM)
- Myanmar Diaspora Group Finland
- Myanmar Engineering Association of Australia (MEAA)
- Myanmar Engineers – New Zealand
- Myanmar Gonye (New Zealand)
- Myanmar People Alliance (Shan State)
- Myanmar People from Ireland
- Myanmar People Residing in Canberra
- Myanmar Professionals Association Australia (MPAA)
- Myanmar Railway, Region (3) CDM Strike Column
- Myanmar Students’ Association Australia (MSAA)
- Myanmar Students’ Union in New Zealand
- Netherlands Myanmar Solidarity Platform
- Network for Advocacy Action
- Network for Human Rights Documentation Burma (ND-Burma)
- New Zealand Doctors for NUG
- New Zealand Karen Association
- New Zealand Zo Community Inc.
- NLD Solidarity Association (Australia)
- No 7 State High School Alumni Strike Column
- No Business With Genocide
- Northern Spectrum Youth Association
- NSW Karenni (Kayah) Communities
- OCTOPUS (Youth Organization)
- Open Development Foundation
- Overseas Mon Association, New Zealand
- Pan Pa Wash People Strike Column
- Patriotic War Vetrans of Burma (PWVB)
- Peace and Culture Foundation
- People’s Hope Spring Revolution
- Phayagye Peace Strike Column
- Private Pre-school Teachers Association
- Progressive Voice
- Pusat Komas
- Pyi Gyi Ta Gon Strike
- Pyithu Gonye (New Zealand)
- Queensland Kachin Community (QKC)
- Queensland Myanmar Youth Collective (QMYC
- Queensland Rohingya Community
- Rohingya Action Ireland
- Rvwang Community Association New Zealand
- Sangha Samaga Strike Column
- Save and Care Organization for Women at Border Areas
- SAVE MYANMAR – USA
- Save Myanmar Fundraising Group (New Zealand)
- Sein Pan Strike Column
- Shan Community (New Zealand)
- Shan MATA
- Shan Women Development Network
- Shape-Sea
- Shwe Youth Democratic Alliance (SYDA)
- Shwechinthae Farmers Network
- Sisters 2 Sisters
- Sitt Nyein Pann Foundation
- Social Garden
- Southeast Asia Freedom of Expression Network (SAFEnet)
- Southern Youth Development Organization
- Strike Column of Representatives of Arbitrarily Arrested People
- Strike Column of Teachers from Universities and Degree Colleges of Mandalay
- Students & Youth Congress of Burma (SYCB)
- Support for Myanmar
- Swedish Burma Committee
- Swedish Foundation for Human Rights
- Sydney Friends for Myanmar Unity
- Ta’ang Women’s Organization
- Taekwando Sport Association
- Tanintharyi MATA
- Tanintharyi Nationalities Congress
- Tanintharyi People’s Voice
- Tanintharyi Women’s Network
- Thai Action Committee for Democracy in Burma (TACDB)
- Thapaynyo News Letter
- The Commission for the Disappeared and Victims of Violence (KontraS)
- The Institution of Professional Engineers Myanmar (IPEM)
- Together Thanlyin
- Twitter Team for Revolution
- U.S. Campaign for Burma
- Uakthon Local Social Development Organization
- United Myanmar Community of South Australia
- Victorian Burmese Care Community (VBCC)
- Victorian Myanmar Youth (VMY)
- Way Way Nay
- We Pledge CDM (Australia)
- Western Australia Myanmar Community (WAMC)
- Western Australia Myanmar Democratic Network (WAMDN)
- Winemaw Civil Society Network
- Winemaw Lisu Development Association
- Women Activists Myanmar (WAM)
- Women Advocacy Coalition-Myanmar
- Women’s League of Burma
- Women’s Peace Network
- Zo Community – South Australia
- Zomi Association Australia Inc.
- Zomi Community – South Australia
- Zomi Community Queensland
- ခုနစ်စင်ကြယ်အဖွဲ့
- ဒို့မြေကွန်ရက် (LIOH)
- ဒေါင်းစစ်သည်
- ပွင့်ဖြူလယ်ယာမြေကွန်ရက်
- ပဲခူး MATA
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ