စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်းမှာ မိသားစုတွေ မိတ်ဆွေတွေကို အချိန်မတိုင်မီ ခွဲခွာသွားသူတွေက မနည်း လှပါဘူး။ ဒီလို မနှုတ်ဆက်ဘဲ ထွက်သွားသူတွေထဲမှာ ချင်းအမျိုးသမီးလည်းဖြစ်တဲ့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မအားခူတစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။
“ စစ်တပ်က ပစ်နေတဲ့အချိန်မှာ ကလေးတွေ ဘေးကပ်ကြ၊ ပစ်နေပြီ၊ ပစ်နေပြီဆိုပြီး သူအော်ပြီးသတိပေးတယ် နောက် တော့ ငါ့ကိုထိပြီ ငါ့ကိုထိပြီ ဆိုပြီးအော်ပြီးလဲကျသွားတယ်။ လဲကျသွားပြီးတော့ အသက်ရှူတွေကြပ်လာပြီလို့ ပြောတယ်”
မအားခူရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သေနတ်ထိမှန်ကျဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေတာပါ။ သူရဲ့ သူငယ်ချင်းလည်းဖြစ်၊ ကျဆုံးခဲ့စဉ်မှာလည်း သူ့အနီးမှာ နောက်ဆုံးထွက်သက်ထိ သူက ရှိနေခဲ့တာပါ။
မအားခူတယောက် သူမကျဆုံးခင်အထိတောင် အခြားသူတွေအတွက်ကို အော်ဟစ်သတိပေးစိတ်ပူနေခဲ့ပြီး ကိုယ့်ကိုယ် ကိုယ်တော့ အကာအကွယ်ယူဖို့တစိုးတစိမှ သတိထားမိခဲ့ပုံမပေါ်ပါဘူး။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့(WJ) ရဲ့စီမံခန့်ခွဲမှု ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ မအားခူဟာ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဆန္ဒပြပွဲမှာပါဝင်ရင်း ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့က အသက်ပေးသွားခဲ့ရတာပါ။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ)ဟာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ် သလို မအားခူဟာလည်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူကျဆုံးတယ်ဆိုတဲ့သတင်းကိုကြားရတဲ့ အချိန်မှာ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်တွေ အွန်လိုင်းကနေအစည်းအဝေးလုပ်နေကြချိန် မယုံနိုင်စရာ သတင်း စကားကြောင့်ရုတ် တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပြီး အစည်းအဝေးဆက်လုပ်ဖို့တောင် ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ခဲ့ကြရတဲ့ အထိဝမ်းနည်းခဲ့ကြရပါတယ်။
အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေးကို တက်ကြွစွာလုပ်ကိုင်ခဲ့သူ၊ အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေးနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတွေအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေခဲ့သူတယောက်ဟာ အခုလို လူ့အခွင့်အရေးကို တစိုး တစိမျှ မလိုက်နာတဲ့သူတွေရဲ့အကြမ်းဖက်တဲ့လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီ။
ဘယ်ကိစ္စမဆို စိတ်အားထက်သန်ပြီး အမြဲတက်ကြွနေတတ်တဲ့ မအားခူတယောက် ကလေးမြို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဖေဖော်ဝါရီ(၇)ရက်နေ့ သပိတ်စစ်ကြောင်းစထွက်ကတည်းက ရှေ့တန်းမှာပါဝင်ခဲ့သလို ရှေ့တန်း မှာနေတဲ့ ကလေးတွေ အတွက် လိုအပ်တာကို ပံ့ပိုးခဲ့သူလည်းဖြစ်ပါတယ်။
“ အားခူက လမ်းသိပ်မလျောက်နိုင်တော့ ဆိုင်ကယ်နဲ့ပတ်တယ်။ စစ်တပ်လမ်းကြောင်းကိုသတင်းလှမ်းပို့တယ်။ ဘယ် နေရာမှာ လူဘယ်လောက်ရှိတယ် ဘယ်နေရာမှာတပ်တွေရှိတယ်။ စစ်တပ်ကဘယ်ကိုရောက်နေပြီ စတာတွေ သူက လမ်းကြောင်းကြည့်ပေးတယ်”လို့ မအားခူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မငြိမ်းငြိမ်းထွန်းကပြောပြပါတယ်။
မအားခူနဲ့ မငြိမ်းငြိမ်းထွန်းတို့ဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာ အလုပ်အတူတူတွဲလုပ်ခဲ့ကြသူတွေဖြစ်ပြီး ဆိုးတူကောင်း ဖက်အတူလက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ အရမ်းရင်းနှီးကြတဲ့လုပ်ဖော်ကိုင်ဖက်မောင်နှမတွေပါ။
မအားခူဟာ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က မွန်းလိုင်ရပ်ကွက်၊ EBC လမ်းထောင့်မှာရှိတဲ့ တာဟန်းသပိတ်စခန်းကို မနက် အစောကြီးထဲက ရောက်နေခဲ့တာဖြစ်ပြီး သပိတ်စခန်းကလူတွေအတွက် လိုအပ်တာတွေပြင်ဆင်ပေးရင်း ရှိနေခဲ့ပါတယ်။ နေ့လည် (၂) နာရီကျော်မှာတော့ စစ်တပ်က သပိတ်ဖြိုခွင်းဖို့ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ပါတော့တယ်။ မအားခူဟာ ဆန္ဒပြတဲ့ကလေးတွေကို စိုးရိမ်စိတ်နဲ့ စစ်တပ်က ပစ်ခတ်နေပြီဆိုတဲ့အကြောင်း အော်ဟစ်သတိပေးနေစဉ်မှာပဲ သူ့ရဲ့ ရင်ဘတ်ကို ကျည်ဆန်ထိမှန်ကာ လဲကျသွားခဲ့ပါတော့တယ်။
အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေးကို တက်ကြွစွာလုပ်ကိုင်ခဲ့သူ၊ အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေးနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတွေအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေခဲ့သူတယောက်ဟာ အခုလို လူ့အခွင့်အရေးကို တစိုး တစိမျှ မလိုက်နာတဲ့သူတွေရဲ့အကြမ်းဖက်တဲ့လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီ။
ဘယ်ကိစ္စမဆို စိတ်အားထက်သန်ပြီး အမြဲတက်ကြွနေတတ်တဲ့ မအားခူတယောက် ကလေးမြို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဖေဖော်ဝါရီ(၇)ရက်နေ့ သပိတ်စစ်ကြောင်းစထွက်ကတည်းက ရှေ့တန်းမှာပါဝင်ခဲ့သလို ရှေ့တန်း မှာနေတဲ့ ကလေးတွေ အတွက် လိုအပ်တာကို ပံ့ပိုးခဲ့သူလည်းဖြစ်ပါတယ်။
“ အားခူက လမ်းသိပ်မလျောက်နိုင်တော့ ဆိုင်ကယ်နဲ့ပတ်တယ်။ စစ်တပ်လမ်းကြောင်းကိုသတင်းလှမ်းပို့တယ်။ ဘယ် နေရာမှာ လူဘယ်လောက်ရှိတယ် ဘယ်နေရာမှာတပ်တွေရှိတယ်။ စစ်တပ်ကဘယ်ကိုရောက်နေပြီ စတာတွေ သူက လမ်းကြောင်းကြည့်ပေးတယ်”လို့ မအားခူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မငြိမ်းငြိမ်းထွန်းကပြောပြပါတယ်။
မအားခူနဲ့ မငြိမ်းငြိမ်းထွန်းတို့ဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာ အလုပ်အတူတူတွဲလုပ်ခဲ့ကြသူတွေဖြစ်ပြီး ဆိုးတူကောင်း ဖက်အတူလက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ အရမ်းရင်းနှီးကြတဲ့လုပ်ဖော်ကိုင်ဖက်မောင်နှမတွေပါ။
မအားခူဟာ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က မွန်းလိုင်ရပ်ကွက်၊ EBC လမ်းထောင့်မှာရှိတဲ့ တာဟန်းသပိတ်စခန်းကို မနက် အစောကြီးထဲက ရောက်နေခဲ့တာဖြစ်ပြီး သပိတ်စခန်းကလူတွေအတွက် လိုအပ်တာတွေပြင်ဆင်ပေးရင်း ရှိနေခဲ့ပါတယ်။ နေ့လည် (၂) နာရီကျော်မှာတော့ စစ်တပ်က သပိတ်ဖြိုခွင်းဖို့ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ပါတော့တယ်။ မအားခူဟာ ဆန္ဒပြတဲ့ကလေးတွေကို စိုးရိမ်စိတ်နဲ့ စစ်တပ်က ပစ်ခတ်နေပြီဆိုတဲ့အကြောင်း အော်ဟစ်သတိပေးနေစဉ်မှာပဲ သူ့ရဲ့ ရင်ဘတ်ကို ကျည်ဆန်ထိမှန်ကာ လဲကျသွားခဲ့ပါတော့တယ်။
လဲကျကျခြင်း ဆိုင်ကယ်နဲ့ ဆေးရုံကို ပို့ခဲ့ကြပေမယ့် စစ်သားနဲ့ရဲတွေ ရပ်ကွက်ထဲအလွယ်တကူ မဝင်ရောက်အောင် လမ်းပိတ်ဆို့ထားတဲ့ အတားအဆီးတွေကိုရှောင်ကွင်းသွားရတဲ့အတွက် ဆေးရုံမရောက်ခင်လမ်းမှာပဲ အသက်ပျောက်ကာ သူ့ကိုချစ်တဲ့သူတွေကို ထားရစ်ခဲ့ပါတော့တယ်။
မအားခူဟာ ဆက်ဆံရေးပြေပြစ်သူဖြစ်တဲ့အတွက်သူနဲ့ပတ်သက်ဆက်ဆံဖူးတဲ့ လူတိုင်းဟာသူကို့အမှတ်ရနေတတ်ကြ ပါတယ်။ လူတိုင်းကိုကူညီချင်စိတ်ရှိတဲ့ မအားခူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလည်း ရှေ့တန်းမှာပါဝင်နေတဲ့ ကျောင်း သားအရွယ်ကလေးတွေကို ကူညီပံ့ပိုးရင်း တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။
“ တော်လှန်ရေးကာလမှာ ဒီတော်လှန်ရေးကအောင်ကိုအောင်ရမယ် အောင်အောင်လုပ်ဖို့တာဝန် ငါတို့ပုခုံးပေါ်ရောက် လာပြီဆိုတဲ့ စိတ်နဲ့သူနေ့တိုင်းဖြတ်သန်းခဲ့တယ်”လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်တဲ့မသန္တာအေးကဆိုပါတယ်။
မအားခူကို ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် ၅ နှစ်အလို ၁၉၈၃ ခုနှစ်က ဖလမ်းမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်း မောင်နှမ(၇)ဦးအနက် ဆဌမမြောက်သမီးဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အစိုးရဝန်ထမ်းဖြစ်တဲ့ ဖခင်ဖြစ်သူတာဝန်ကျရာ နေရာဒေသတွေမှာ လိုက်ပါနေထိုင်ခဲ့ရသူဖြစ်တဲ့ အတွက် လူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့ အလွယ်တကူရင်းနှီးချစ်ခင်တတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ တိုင်းရင်း သားဘာသာစကားများစွာကို ကျွမ်းကျင်စွာပြောတတ်ဖို ရောက်ရာနေရာမှာ အခက်အခဲ တွေကြား ဒေါင်ကျကျ၊ ပြားကျကျ စိတ်မပျက်၊ အပြုံးမပျက် ကျော်ဖြတ်တတ်သူဖြစ်လာစေဖို့ အားသာချက်ဖြစ်စေခဲ့သလို အခြားသူကိုလည်း သူ့လိုခွန်အား တွေဖြစ်အောင် ပြန်ပြီးအားပေးတတ်ခြင်းပါ။
အိန္ဒိယနိုင်ငံမှာ ပညာသင်ယူကာ အိန္ဒိယနိုင်ငံကပေးအပ်တဲ့ (BTH)ဘွဲ့ကိုရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့မှာပဲ ခင်ပွန်းဖြစ်သူ ကိုလဖိုင်လားစိုင်(ခ) ကိုအားလားနဲ့ ဖူးစာစုံကာ လက်ထပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ Chin Student’s Union အဖွဲ့အစည်းမှာ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သလို အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များအရေးကိုလည်း တက်ကြွစွာကူညီ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ဓလေ့ထုံးတမ်းတွေနဲ့ ရှေးရိုးစွဲအယူအဆအချို့ကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အခွင့် အရေးချိုးဖောက်ခံရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို အမျိုးသမီးတိုင်းခံစားခဲ့ကြရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေက အမျိုးသမီးတွေဟာ ရိုးရာဓလေ့ထုံးတမ်းတွေအကြားက ခွဲခြားဆက်ဆံမှုတွေကို မိန်းကလေးအဖြစ် မွေးဖွား ခဲ့စဉ်ကတည်းက စတင်သင်ကြားခံကြရပါတယ်။
ဒီလိုခံစားခဲ့ရသူတွေထဲမှာ မအားခူတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကပဲ သူ့ကိုအမျိုးသမီး အရေးဆောင်ရွက်သူတစ်ယောက်ဖြစ်လာဖို့ တွန်းအားဖြစ်စေခဲ့ပြီး ချင်းအမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။
“ သူဆိုရင်ငယ်ငယ်ထဲက သားနဲ့သမီးခွဲခြားဆက်ဆံခံရတာတွေကိုလည်း ခဏခဏပြောပြဖူးတယ်။ အရွယ်ရောက်လာ တဲ့အချိန်မှာ စားပွဲဝိုင်းမှာတူတူ စကားပြောရင်တောင်မှ မိန်းကလေးမို့ သူ့ကိုဖယ်ကြဉ်တာမျိုးတွေ ကလေးတစ်ယောက် လိုမြင်တာတွေ အဲ့ဒါမျိုးတွေသူကမကျေနပ်ဘူး” လို့ မငြိမ်းငြိမ်းထွန်းက ပြောပြပါတယ်။
မအားခူဟာ အသက်(၂၄)နှစ်အရွယ် ၂၀၀၇ ခုနှစ်ကစတင်တာ မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာ အဖွဲ့ (WRWAB)(လက်ရှိ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ)အဖွဲ့အဖြစ် အမည်ပြောင်းခဲ့)မှာ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊၂၀၀၉ ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ) WLB ရဲ့ရုံးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
၂၀၁၀မှာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ နယူးဒေလီအမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်ရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၁မှာ WRWAB Women’s Safe House လုပ်ငန်းမှာ အိန္ဒိယ တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံမှအမျိုးသမီးများအကြမ်းဖက်ခံရမှုများအတွက် လုံခြုံမှုပေးနိုင်ဖို့ ကူညီပံ့ပိုးပေးခြင်းတို့ အတွက် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
မအားခူဟာ အမြဲတက်ကြွနေလေ့ရှိပြီး သူရဲ့အဖွဲ့တိုးတက်ရေးအတွက် နေ့ညမလပ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်တဲ့အတွက် အလုပ်ကို အလွန်ဦးစားပေးသူတစ်ဦးအဖြစ် လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ထားကြပါတယ်။
သူ့ရဲ့အိမ်အလုပ်ထက် ရုံးအလုပ်ကိုပိုဦးစားပေးတက်ပြီး အိမ်မှာအိပ်ချိန်လောက်သာရှိကာ ရုံးမှာပဲသူ့ရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ရုံးပိတ်ရက်တွေမှာတောင် အိမ်မှာမနေဘဲ ရုံးမှာလာနေတတ်တယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပြပါတယ်။
“ အမျိုးသမီးထုကို ဘယ်လိုမြေတောင်မြောက်ပေးရမလဲ။ သူ့ရဲ့မျိုးနွယ်စုတွေအပေါ် ဘယ်ဘက်က ကူညီပေးရမလဲဆိုတာ အားသန်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့ဟာသူ ရုန်းကန်တယ် လွတ်လပ်မှုကိုကြိုက်တယ်၊ သူခြေထောက်ပေါ်သူရပ် တည်ပြီးတော့ ဒီအခြေအနေထိရောက်အောင်ကြိုးစားလာတယ်” လို့မငြိမ်းငြိမ်းထွန်းကပြောပြပါတယ်။
ခန္ဓာကိုယ် ခပ်ပြည့်ပြည့်ရှိတဲ့မအားခူဟာ အမြဲပြုံးရွှင်ရယ်မောနေတတ်ပြီး စိတ်ကူးဉာဏ်ကောင်း၊ စိတ်ရင်းကောင်းသူလည်း ဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို သည်းခံခွင့်လွှတ်တက်တာ၊ ပိုးမွှားလေးတွေကိုတောင် မသတ်ရဲတာ၊ ဖျားနာရင်ခံနိုင်ရည် မရှိတာ စတဲ့ စိတ်ထားနုနယ်တာတွေနဲ့ သူငယ်ချင်းတွေကို ကလေးသဖွယ်ချွဲ့နွဲ့ပေါင်းတတ်တာကြောင့်လည်း လူချစ်လူခင် များလှသူပါ။
မအားခူဟာ ကိုယ်တိုင်လည်းပျော်ပျော်နေတတ်တဲ့အပြင် သူများကိုလည်းပျော်အောင်လုပ်ပေးချင်စိတ်အမြဲရှိသူပါ။ ပြီး တော့ သူက အလွန်တော်တဲ့ စေ့စပ်ရေးသမားလည်း ဖြစ်နေပါသေးတယ်။ အစည်းအဝေးပဲဖြစ်ဖြစ် ဆွေးနွေးမှုတွေမှာ သ ဘောထားကွဲလွဲ ကတောက်ကဆ ဖြစ်တတ်တဲ့အခါတိုင်း သူကပျော်အောင် စနောက်ကာ ဝင်နောက်ပြီး ဖြန်ဖြေတဲ့အခါ စိတ်ဆိုးပြေကြသင့်မြတ်သွားကြပါတယ်။
“ သူကပျော်ပျော်နေတတ်တယ်။ သူများနဲ့လည်း မုန်းတာသိပ်မရှိဘူး သူများက ဘယ်လောက်မုန်းမုန်း သူစကား ပြောနိုင် တယ်။ ကျွန်မတို့ဆို တစ်ယောက်ယောက်နဲ့ရန်ဖြစ်တာ မကြိုက်တာတွေရှိတယ်။ သူ့မှာတော့အဲ့လိုမရှိဘူး။ ကျွန်မနဲ့ ရန်ဖြစ် တယ်ဆိုရင်တောင် နောက်နေ့ သို့မဟုတ် ခဏနေ သူပြန်ခေါ်နိုင်တယ်။ သူကအဲ့လိုလူမျိုး” လို့ မအားခူနဲ့ ညီအစ်မရင်းသ ဖွယ်နေခဲ့တဲ့ မသန္တာအေးကဆက်ပြောပြပါတယ်။
အသံကောင်းပြီး သီချင်းဆိုရတာနှစ်သက်တဲ့ မအားခူဟာ အဖွဲ့ကလုပ်တဲ့ အခမ်းအနားပွဲတွေတိုင်းမှာ အခမ်းအနား မှူးအဖြစ် ပါဝင်လေ့ရှိပါတယ်။ ပျော်ပွဲရွှင်ပွဲ၊ အလုပ်နဲ့ပတ်သက်တဲ့ပွဲတွေတိုင်းမှာ မအားခူမပါရင် ပွဲမစည်ဘူးလို့တောင် လုပ်ဖော်ကိုင်ဖက်တွေကဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ပြုလုပ်တဲ့ ၂၀၂၀ စိန်ခေါ်သံများ အငြိမ့်မှာလည်း အမျိုးသမီးလူရွှင်တော်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ အဲဒီကာလက ကိုဗစ်ကပ်ရောဂါလည်း ဆိုးရွားတဲ့အချိန် ဒီအငြိမ့်ဖြစ်ဖ့ို အတွက် လူသားအရင်းအမြစ်ရှာဖွေဖို့ အခက်အခဲဖြစ်နေချိန်မှာ မအားခူတယောက် ဝင်ရောက်အားဖြည့်ပေးခဲ့တာပါ။ သူ့ရဲ့ဟာသညဏ်ရွှင်ရွှင်နဲ့ ဖြေဖျော်တင်ဆက်မှုတွေက လူတွေကို ရယ်မောပျော်ရွင်စေခဲ့ပါတယ်။ နဂိုကတည်းက ဟာသ ဉာဏ်ရှိပြီးပျော်ပျော်နေတတ်တာကြောင့် အမျိုးသမီးလူရွှင်တော် ဇာတ်ရုပ်က မအားခူနဲ့ လိုက်ဖက်ခဲ့ပါတယ်။
အခုတော့ သူဟာ သူ့ကိုချစ်ချင်ကြတဲ့သူတွေကိုထားရစ်ကာတာကြောင့် သူ့အတွက် ငိုကြွေးနေခဲ့ရပါပြီ။
အရေးတော်ပုံပြီးရင် ခရီးသွားကြမယ်လို့လည်း သူ့တို့လုပ်ဖော်ကိုင်ဖက် မောင်နှမတွေအကြား တိုင်ပင်ထားခဲ့ကြပေမယ့် တကယ်တမ်းခရီးသွားဖြစ်ခဲ့ရင် မအားခူ တစ်ယောက် မလိုက်ပါနိုင်တော့ပါဘူး။
“ ကျွန်မတို့အောင်နိုင်ခဲ့တယ်ဆိုရင်တောင် သူနဲ့အတူတူပျော်ခွင့်မရတော့တဲ့အတွက် အထူးဝမ်းနည်းကြေကွဲရတယ်။” လို့ မအားခူကျဆုံးချိန်မှာဘေးမှာအတူတူရှိခဲ့တဲ့ မဂျူးဂျူးကဆိုပါတယ်။
လူချစ်လူခင်ပေါပြီး မိတ်ဆွေအပေါင်းအသင်းများတဲ့ မအားခူကျအတွက် မိတ်ဆွေတွေဟာ သူရဲကောင်း အမျိုးသမီး အဖြစ် ဂုဏ်ယူနေသလို မိတ်ဆွေကောင်းတစ်ယောက် ဆုံးရူံးလိုက်ရတဲ့အတွက် နှမြောတသစွာနဲ့ ဝမ်းနည်းနေကြပါတော့တယ်။
“ သူ့ကိုပြောချင်တယ်။ သူကတော့စိတ်ချလက်ချနဲ့ထားခဲ့ပြီ။ သူ့ကိုကျွန်မတို့ဆုံးရှံးလိုက်ရတာအရမ်းနှမြောတယ် ဒါပေမယ့် သူပေးဆပ်လိုက်တာ နိုင်ငံအတွက်ဆိုတော့ ကျွန်မတို့ရဲ့သူရဲကောင်းအဖြစ်မှတ်တမ်းတင်နေမှာ ဒီအရေးတော်ပုံကအောင် ကို အောင်ရမယ်လို့ ယုံကြည်ပါတယ်”လို့ မငြိမ်းငြိမ်းထွန်းကဆိုပါတယ်။
အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး တက်ကြွစွာတိုက်ပွဲဝင်ခဲ့တဲ့ လူတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့အတွက် အမျိုးသမီးအရေးလှုပ်ရှားမှုကြီးအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်။
“ ကျွန်မစကားကိုသူနားထောင်နေမယ်ကြားနေမယ်ဆိုရင် အရေးတော်ပုံအောင်ကိုအောင်ရမယ် အရေးတော်ပုံအောင် အောင် ဆက်ပြီးတိုက်သွားမယ်လို့ ပြောချင်ပါတယ်။”လို့ မသန္တာအေးက ငိုကြွေးရင်းပြောပြတော့တယ်။
(မအားခူအား အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့အဖွဲ့ဝင် ၁၃ ဖွဲ့မှ လုပ်ဖော်ကိုင်ဖက်ညီအစ်မများ၊ အခြားသော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူအဖွဲ့အစည်းများ၊ ကလေးမြို့အခြေစိုက်အဖွဲ့အစည်းများ၊ အထူးသဖြင့် သူနှင့် အနီး ကပ် ဆယ်စုနှစ်ကြာ အတူလက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ WJ အဖွဲ့သူ အဖွဲ့သားတွေအားလုံးရဲ့ရင်ထဲမှာ အမှတ်တရအဖြစ် ကျန်ရှိနေမှာဖြစ်ပြီး သူ့ရဲ့ပေးဆပ်ခဲ့မှုတွေကိုလည်း အမြဲတမ်းတလွမ်းဆွေးအောင့်မေ့စရာအဖြစ် အမှတ်ရနေစေမှာဖြစ် ပါတယ်။ မအားခူအား ဝမ်းနည်းစွာအလေးပြုလျက်…….)
Original post:Honest Information