မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခြေအနေ ကြီးကြီးမားမားတိုးတက်လာစေရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအတွင်းတွင် ပိုမိုရဲရင့်ပြတ်သားသော လုပ်ဆောင်ချက်များ အမြန်ဆုံးချမှတ်ဆောင်ရွက်ရမည်

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခြေအနေ ကြီးကြီးမားမားတိုးတက်လာစေရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအတွင်းတွင် ပိုမိုရဲရင့်ပြတ်သားသော လုပ်ဆောင်ချက်များ အမြန်ဆုံးချမှတ်ဆောင်ရွက်ရမည်

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခြေအနေ ကြီးကြီးမားမားတိုးတက်လာစေရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအတွင်းတွင် ပိုမိုရဲရင့်ပြတ်သားသော လုပ်ဆောင်ချက်များ အမြန်ဆုံးချမှတ်ဆောင်ရွက်ရမည်

Leila M. de Lima
ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော် ကိုယ်စားလှယ်
အတိုက်အခံအင်အားစု အကြီးတန်းဒုခေါင်းဆောင်
၆ ရက်၊ မေလ၊ ၂၀၂၆ ခုနှစ်

ဤတစ်ပတ်တာအတွင်း ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် စီဘူး အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အချေအတင်ဖြစ်နိုင်စရာ အကြောင်းအရာတစ်ခုမှာ မြန်မာနိုင်ငံ၏ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် နှင့် ၎င်း၏ စစ်အုပ်စုတို့က အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပစားပေးခြင်းခံရန် အသည်းအသန်ကြိုးပမ်းနေသည့်အပေါ် အာဆီယံက ပိုမိုတိုက်ရိုက်ကျသော နည်းလမ်းဖြင့် မည်သို့ကိုင်တွယ်သွားမည်ဆိုသည့် ကိစ္စဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် လုံးဝလိမ်လည်လှည့်စားခြင်း မခံရရန် လိုအပ်သည်။ ထို့အတွက် ပြီးခဲ့သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲများကို ပြန်လည်အမှတ်ရရန် လိုအပ်သလို တရားဝင်မှုရှိမရှိ မေးခွန်ထုတ်ဖွယ်ရာများရှိနေသော မတ်လ လွှတ်တော်ခေါ်ယူမှုကိုလည်း ပြန်လည် အမှတ်ရရန် လိုအပ်သည်။ မင်းအောင်လှိုင်သည် အဆိုပါ ‘လွှတ်တော်’ အမည်ခံ အစည်းအဝေးတွင် ‘ရွေးကောက်တင်မြှောက်ခြင်း’ ခံခဲ့ရသူဖြစ်သည်။

နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ် ချုပ်နှောင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့ချပြီး နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့သည့် သတင်းနှင့် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေးလိုက်သည့် သတင်းများ မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ရိုးသားမှုမရှိသော မစို့မပို့ လုပ်ရပ်များဖြစ်ကြောင်း အလွယ်တကူတွေ့နိုင်သည်။ ဤကာလ တလျှောက်လုံးတွင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက် ခြောက်လှန့်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများ ပို၍ပင် တိုးမြှင့်လုပ်ဆောင်လာခဲ့သည်ဟူသည့် အမှန်တရားတစ်ခုကို အာဆီယံခေါင်းဆောင်များ နှင့် မိမိတို့အားလုံးက သတိမူသင့်သည်။ မတ်လ ၂၀၂၆ ခုနှစ်သည် မှတ်တမ်းများအရ စစ်အုပ်စု၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားနှင့် တိုက်ပွဲဝင်စစ်သည် မဟုတ်သူများ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့သည့် လတစ်လဖြစ်ခဲ့ပြီး လေကြောင်းမှ ရမ်းကား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးခဲ့သူ ၅၀၀ ကျော်အထိ ရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် မင်းအောင်လှိုင်နှင့် ၎င်း၏စစ်အုပ်စုက ပြည့်စုံလေးနက်သော အစီအမံများ ချက်ချင်း ချမှတ်အကောင်အထည်ဖော်ပေးရန် မဖြစ်မနေတောင်းဆိုရမည်။ အာဆီယံ ခေါင်းဆောင် များသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး အောက်ဖော်ပြပါ ပိုမိုရဲရင့်သော ဆောင်ရွက်ချက်များကို ပြတ်သားစွာ ချမှတ်ဆောင်ရွက်သွားရမည်။

  • ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတုအယောင်ရွေးကောက်ပွဲနှင့် မတ်လ တရားမဝင်လွှတ်တော်မှ ထွက်ပေါ် လာသူများ အပါအဝင် စစ်အုပ်စုကို တရားဝင်မှုရစေနိုင်သည့် အခွင့်အလမ်းများပေးခြင်းကို ငြင်းဆန်ရန်။
  • စစ်အုပ်စုကဦးဆောင်သော အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုလုပ်ငန်းများအားလုံး အလုံးစုံ ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုရန်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ချက်ချင်း လွှတ်မြောက်ရေး အခိုင်အမာဆောင်ရွက်ရန်။
  • မြန်မာနိုင်ငံအတွင်းသို့ လူသားချင်းစာနာမှုအကူအညီများ လွတ်လပ်စွာ ဝင်ရောက်နိုင်ရေး တွန်းတိုက် တောင်းဆိုရန်။ ထို့အတူ လူသားချင်းစာနာမှုအရေး တုန့်ပြန်ဆောင်ရွက်မှုများတွင်လည်း မြန်မာ့ အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂယန္တရားများ နှင့် အခြားအစိုးရများက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုရှိအောင် အခိုင်အမာ ဆောင်ရွက်ရန်။
  • မြန်မာပြည်သူများ၏ စစ်မှန်သောဆန္ဒနှင့် မျှော်မှန်းချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပေါ်ပေါက်လာရေးအတွက် စုံလင်သောကိုယ်စားပြုမှုနှင့် ပူးပေါင်းပါဝင်မှု အားကောင်းသော ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံရှိ တရားဝင်ဒီမိုကရက်တစ် အစုအဖွဲ့များ၊ အင်စတီကျူးရှင်းများကို တရားဝင်ဆွေးနွေးဖက်များအနေဖြင့် ထိတွေ့ဆက်ဆံခြင်းကို အားပေးပံ့ပိုး ကူညီရန်။
  • မင်းအောင်လှိုင်နှင့် ၎င်း၏စစ်အုပ်စုကို ၎င်းတို့ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု များနှင့် အခြားဆိုးရွားသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုများအတွက် အထူးသဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၊ နိုင်ငံတကာတရားရုံး (ICJ)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)နှင့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) တို့ကဲ့သို့သော နိုင်ငံတကာဖိုရမ်များ နှင့် ယန္တရားများအပါအဝင် နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ယန္တရားမှ တဆင့် အပြစ်ပေး အရေးယူနိုင်ရန် ပိုမိုရဲရင့်ပြတ်သားစွာ တွန်းတိုက်ဆောင်ရွက်ရန်။ ထို့ပြင် အာဂျင်တီးနား၊ ဖိလစ်ပိုင်၊ တီမောလက်စ်တေနှင့် အင်ဒိုနီးရှား နိုင်ငံတို့၏ တရားရုံးများနှင့် တရားရေးဌာနများတွင် တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်ရန် နိုင်ငံတစ်ခုစီအလိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေး ထောက်ခံကြောင်း အာဆီယံအနေဖြင့် အတည်ပြုထုတ်ဖော်ပြသရန်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းနှင့် လူ့အခွင့်အရေး ကပ်ဆိုးကို အဆုံးသတ် ရမည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အာဆီယံသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော၊ ငြိမ်းချမ်းသော၊ လူထုဦးဆောင်မှုရှိသော ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများ အမြန်ဆုံး ရှာဖွေနိုင်ရန် ပြတ်သားသောလုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်ရမည်။


ထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် (မြန်မာဘာသာEnglish)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia