အသွင်ပြောင်း မြန်မာစစ်တပ်၏ နိုင်ငံရေးပုံစံကို အသိအမှတ်မပြုရန်၊ မြန်မာစစ်တပ်ကို တရားစွဲထားသည့်  နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများကို ထောက်ခံရန် အာဆီယံခေါင်းဆောင်များထံသို့ အရပ်ဘက်အဖွဲ့  ၂၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို

25 April 2026

အသွင်ပြောင်း မြန်မာစစ်တပ်၏ နိုင်ငံရေးပုံစံကို အသိအမှတ်မပြုရန်၊ မြန်မာစစ်တပ်ကို တရားစွဲထားသည့်  နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများကို ထောက်ခံရန် အာဆီယံခေါင်းဆောင်များထံသို့ အရပ်ဘက်အဖွဲ့  ၂၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၅

အသွင်ပြောင်း မြန်မာစစ်တပ်၏ နိုင်ငံရေးပုံစံကို အသိအမှတ်မပြုရန်၊ မြန်မာစစ်တပ်ကို တရားစွဲထားသည့်  နိုင်ငံတကာ တရား စီရင်ရေး ယန္တရားများကို ထောက်ခံရန် အာဆီယံခေါင်းဆောင်များထံသို့ အရပ် ဘက်အဖွဲ့ ၂၀၀ ကျော်က ဧပြီလ ၂၄ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း စုစုပေါင်း ၂၀၁ ဖွဲ့က အာဆီယံခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ကာ မြန်မာ့အရေးနှင့် ပတ်သက်၍ ပြတ်သားသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အရေးပေါ် တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အစည်းများသည် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ၂၀၂၆ ခုနှစ်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အချက် ၅ ချက်ကို အဓိက တောင်းဆိုထားသည်။

ပထမဆုံးအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲများနှင့် ၎င်းတို့တည်ဆောက်နေသည့် တရားမဝင် လွှတ်တော်၊ အစိုးရယန္တရားများကို အာဆီယံအနေဖြင့် အသိအမှတ်မပြုဘဲ ပယ်ချရန် တောင်းဆိုထားသည်။ ထို့အပြင် အာဆီယံအစည်း အဝေးများသို့ စစ်တပ်ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ပိတ်ပင်ရန်လည်း ပါဝင်သည်။

ယင်းအပြင် ပြည်သူ့အခြေပြုအဖွဲ့အစည်းများ (CSOs)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) တို့နှင့် တိုက်ရိုက်ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် အကူ အညီများ ပေးအပ်ရန် တောင်းဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာရသူ ၃ ဒသမ ၇ သန်းကျော်ရှိနေပြီး စစ်တပ်က  အကူအညီပေးရေးလုပ်ငန်းများကို တားဆီးနေကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီများ မရောက်ရှိစေရန် ထိရောက်စွာ တားဆီးပေးရန်နှင့် အာဆီယံနိုင်ငံများက လက် နက်စီးဆင်းရာ လမ်းကြောင်းမဖြစ်စေရန် လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် အင်ဒိုနီးရှားနှင့် တီမောလက်စတေနိုင်ငံတို့တွင် မြန်မာစစ်ခေါင်းဆောင်များကို တရားစွဲဆိုထားသည့် “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်” (Universal Jurisdiction) မူဝါဒအရ ဆောင်ရွက်ချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဝိုင်းဝန်းကူညီကြရန်နှင့် စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အခြေခံ၍ NUG၊ EROs နှင့် အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့သော ဒီမိုကရေစီအင်အားစုများကို ဗဟိုပြုကာ ဆွေးနွေးမှုများလုပ်ဆောင်ရန် တောင်းဆိုထားသည်။

အခြားတစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်မှာ အခြေခံကျသည့် လိုအပ် ချက်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ပြေဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ အဆိုအရ ၂၀၂၆ ခုနှစ် မတ်လသည် မြန်မာနိုင်ငံ၌ အရပ်သားများ အစုလိုက် အပြုံလိုက် အသတ်ခံရမှု အများဆုံးလဖြစ်ခဲ့ပြီး စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက်  ၅  ရပ်ကို လုံးဝ လေးစားလိုက်နာခြင်းမရှိဘဲ အကြမ်းဖက်မှုများကိုသာ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာပြည်သူများဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ကြံရာပါမဖြစ်စေရန် ပြတ်သားသည့် ခေါင်း ဆောင်မှုဖြင့် အရေးယူဆောင်ရွက်ပေးရန် အိတ်ဖွင့်ပေးစာမှတစ်ဆင့် အလေးအနက် တိုက်တွန်းထားသည်။


မူရင်း original post.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia