နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ထိရောက်သည့်ဖိအားပေး တောင်းဆိုမှုများလုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းများသို့ တောင်းဆိုခြင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ထိရောက်သည့်ဖိအားပေး တောင်းဆိုမှုများလုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းများသို့ တောင်းဆိုခြင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ထိရောက်သည့်ဖိအားပေး တောင်းဆိုမှုများလုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းများသို့ တောင်းဆိုခြင်း

ရက်စွဲ။    ။ဧပြီလ ၂၁ရက်၊ ၂၀၂၆။

ယနေ့ ၂၀၂၆ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့သည် အကျဉ်းထောင်အတွင်း လွတ်မြောက်လာသည့် အချိန်မှ စ၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ အပြာရောင်ဝတ်စုံကို အစဉ်တစိုက် ဝတ်ဆင်၍ တိုက်ပွဲဝင်တောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကတစ်ဦးလည်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့်မြောက်သည့် နေ့ရက် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုခေါင်းဆောင်များအပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်စနှစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည့် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သပိတ်အဖွဲ့ဝင်များ၊ သတင်းသမားများ၊ သမဂ္ဂအသီးသီး၏ အဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ၊ CDMများ (အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ ပြည်သူလူထုများအား တရားဥပဒေမဲ့ ဖမ်းဆီး၍ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး၊ LGBTQI+ နှင့် ကလေးသူငယ်များအပေါ် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်မှုများ၊ အကျဉ်းသားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ၂၀၂၆ခုနှစ် ဧပြီလ ( ၂၀ ) ရက်နေ့ ထုတ်ပြန်ချက်များ အရ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား အမျိုးသား( ၇၂၁၆)ဦး ၊အမျိုးသမီး ( ၆၃၉၄ ) ဦးနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်(၆၃၇) ဦးတို့ကို ဖမ်းဆီးအကျဉ်းချထားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ(၁) ရက်နေ့အထိ အကျဉ်းထောင်များတွင် မတရားဖမ်းဆီး အကျဉ်းချခံထားရစဉ် နိုင်ငံရေးအကျဉ်းသား အမျိုးသား(၂၃၇) ဦး၊ အမျိုးသမီး(၄၁)ဦး၊ LGBT (၁)ဦးသည် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ချိန် အရေးပေါ်ဆေးဝါးကုသခွင့်မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

မိမိတို့ အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဧပြီလ(၁၀)ရက်နေ့မှစတင်ကာ ယနေ့ ဧပြီလ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ  Blue Shirt Campaign လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်လျက်  ရှိပါသည်။

သို့ပါသောကြောင့် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံ၊ အမေရိကန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထား၍ ကြိုးစားဆောင်ရွက်ပေးရန်၊ စစ်အုပ်စုမှ တဆင့် နိုင်ငံတကာအား လှည့်စားရန် ဖော်ဆောင်လာသော တရားမဝင် အတုအယောင်အစိုးရအား အသိအမှတ်မပြုရန်နှင့် ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုများကို ရပ်တန့်နိုင်ရန်အတွက် လေယာဉ်ဆီရောင်းချနေမှုများအား ရပ်တန့်ရန်၊ မြန်မာပြည်သူများအပေါ် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မတရားအာဏာသိမ်းရန်ကြိုးပမ်းနေသည့် စစ်တပ်အား နိုင်ငံတကာဥပဒေအရအရ တာဝန်ခံစေရေး ကြိုးပမ်းပေးရန်၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေလျက်ရှိသည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေသည့် ရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်ရန် ထိရောက်မြန်ဆန်သည့် ဖိအားပေးလုပ်ဆောင်ချက်များ လုပ်ဆောင်ပေးပါရန် အထူးအလေးထား တောင်းဆိုအပ်ပါသည်။

#Blueshirt4politicalprisoners
#Blueshirt4Burma
#Blueshirtmovementmyanmar

ဆက်သွယ်ရန်။

သိုက်ထွန်းဦး(PPNM) – ( Signal Username – PPNM_tto.06 )
ချောစုစံ (GSCB) – ( Signal Username – @su21.93 )
မပိုးအိ(NOTM) – (Signal Username – BSMM4PP.2026)
ကောင်းယံလင်း(ထောင်ဝင်စာပို့ကြမယ်-ကလေးမြို့)  – ( Telegram Username @bsmm4pp )

တောင်းဆိုသည့်အဖွဲ့အစည်းများ

၁။ All Arakan Students’&Youths’ Congress (AASYC)
၂။ Asia Justice and Rights (AJAR)
၃။ Athan- Freedom of Expression Activist Organization
၄။ Blood Money Campaign
၅။ Federal Myanmar Tourism Committee
၆။ FNCC Burma Fact Check Community
၇။ Freelance Volunteer Myanmar
၈။ Generation Wave
၉။ Generation Youth Development Association (GYDA)
၁၀။ Human Rights Educators Network (HREN)
၁၁။ India For Myanmar (I4M)
၁၂။ Justice and Equality Focus (JEF)
၁၃။ Karenni Civil Society Network
၁၄။ Karenni Nurses Association (KNA)
၁၅။ Karenni State Student Union (KSSU)
၁၆။ Kawyaw Manumanaw National Youth Organization (KyNYO)
၁၇။ Kayah State Basic Education Teachers’ Union (KBETU)
၁၈။ Kayan New Generation Youth (KNGY)
၁၉။ Keng Tung Youth
၂၀။ Magway Region Human Rights Network (MHRN)
၂၁။ Magway University Student Union_MGUSU
၂၂။ Myanmar (CRPH) Support Group, Noway
၂၃။ Network for Human Rights Documentation – Burma
၂၄။ New Myanmar Foundation (NMF)
၂၅။ Nway Oo Guru Lay Myar (NGLM)
၂၆။ Nyan Lynn Thit Analytical(NLTA)
၂၇။ Olive organization
၂၈။ Our Rights
၂၉။ Pakokku Youth Development Council
၃၀။ Politics for Women Myanmar (PFWM)
၃၁။ Progressive Voice ( PV)
၃၂။ Shan MATA
၃၃။ Southern Youth Development Organization
၃၄။ Spring Revolution Myanmar Muslim Community_SRMMC
၃၅။ Stars of Myanmar Friendship UK
၃၆။ Taiwan Alliance for Myanmar
၃၇။ Tanintharyi Youth Network (TYN)
၃၈။ The Calling Digest
၃၉။ Women Alliance Burma- -WAB
၄၀။ Women Lead Resource Center (WLRC)
၄၁။ Youth Empowerment (YE)
၄၂။ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA)
၄၃။ ကျေးလက်မြေ
၄၄။ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်(DPPN)
၄၅။ ထောင်ဝင်စာပို့ကြမယ်(ကလေးမြို့)
၄၆။ နွေဦးတမာန်-နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(NOTM)
၄၇။ ပြည်သူ့သပိတ်အင်အားစု
၄၈။ ပဲခူးယူနှစ် ဖက်ဒရယ်အင်အားစု (BUFF)
၄၉။ ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၅၀။ မြန်မာနိုင်ငံ သူနာပြု သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (SULMNMTS)
၅၁။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
၅၂။ မြန်မာ့အကျဉ်းထောင်သက်သေ(MPW)
၅၃။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
၅၄။ မြိတ်ခရိုင် (၈၈) ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း
၅၅။ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
၅၆။ သူနာပြုသင်တန်းကျောင်း မန္တလေးကျောင်းသားများသမဂ္ဂ (NTS-MDYSU)
၅၇။ သမိုင်းသယ်ဆောင်သူများ
၅၈။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)


PDF ဖိုင်ရယူရန် (မြန်မာဘာသာEnglish)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia