15 October 2025

မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအစီအစဉ်ကို ပြတ်ပြတ်သားသားပယ်ချရန်နှင့် မြန်မာနိုင်ငံအပေါ် မဟာဗျူဟာမြောက်ပြန်လည်သုံးသပ်မှု အပြည့်အဝ ပြုလုပ်ရန် အာဆီယံအပေါ် ဖိအားများ တိုးပွားလျက်ရှိသည်။
မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးဟောင်း နှစ်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်း သုံးဦးနှင့် SAC-M ၏ တည်ထောင်သူအဖွဲ့ဝင်များနှင့်အတူ ဖိလစ်ပိုင်နိုင်ငံ တရားရေးဝန်ကြီးဟောင်း Leila de Lima သည် အာဆီယံမှ မြန်မာနိုင်ငံ၏အကျပ်အတည်းကို ဖြေရှင်းရန် လေးနှစ်ကျော်ကြာပျက်ကွက်ခဲ့ပြီးနောက် ၎င်းအနေဖြင့် အရေးယူဆောင်ရွက်ရန် တိုက်တွန်းသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ယမန်နေ့က ပူးတွဲလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါကြေညာချက်ကို ပူးတွဲလက်မှတ်ရေးထိုးသည့်အခြားသူများမှာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိ မလေးရှား အောက်လွှတ်တော်အမတ် Dato’ Sri Saifuddin Abdullah နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Khun Kasit Piromya တို့ ဖြစ်ကြသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အထက်လွှတ်တော်အမတ်ဟောင်းနှင့် လက်ရှိ အောက်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သူ De Lima သည် နိုင်ငံ၏လေးစားရဆုံးသော လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာပြည်သူများကို ထောက်ခံသည့် ထင်ရှားသော ဒေသတွင်းထုတ်ဖော်မှုပြုသူလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံက မလေးရှားနိုင်ငံထံမှ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယခုနှစ်ကုန်တွင် လွှဲပြောင်းယူရန် ပြင်ဆင်နေချိန်တွင် သူမ၏ ဤပူးတွဲကြေညာချက်ကိုထောက်ခံမှုသည် အလွန်အရေးကြီးသောအချိန်အခါတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပူးတွဲလက်မှတ်ရေးထိုးသူ Dato’ Sri Saifuddin Abdullah ကလည်း ယမန်နေ့က မလေးရှားပါလီမန်တွင် ပူးတွဲကြေညာချက်ကို တိုက်ရိုက်ကိုးကား၍ အာဆီယံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တိုက်တွန်းသည့် ပြင်းထန်သော ကြားဖြတ်ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
“အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ အဲဒီရွေးကောက်ပွဲမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ ရလဒ်ကိုလည်း ပယ်ချမှာဖြစ်ကြောင်း လုံးဝ ရှင်းလင်းပြတ်သားစွာ ပြောကြားသင့်တယ်” ဟု Abdullah က ပြောကြားခဲ့သည်။
“အာဆီယံဟာ ဒီလမှာကျင်းပမယ့် ၄၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွက် မဟာဗျူဟာသစ်တစ်ခုကို ချမှတ်ရမယ်။ အဲဒီမဟာဗျူဟာမှာ ရှင်းလင်းတဲ့ နောက်ဆုံးပန်းတိုင်တစ်ခုရှိရမယ်၊ အဲဒါဟာ ပြည်သူတွေမျှော်မှန်းထားသလို ဒီမိုကရေစီနည်းကျပြီး၊ ရေရှည်တည်တံ့ကာ အားလုံးအကျုံး၀င်ပါဝင်နိုင်တဲ့ ချဉ်းကပ်မှုဖြစ်တယ်။”
“ပြည်သူတွေက နိုင်နေပြီး စစ်အုပ်စုက ရှုံးနေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
စစ်အုပ်စုသည် ရွေးကောက်ပွဲမတိုင်မီ ခုခံတော်လှန်ရေးတပ်ဖွဲ့များထံ ဆုံးရှုံးခဲ့ရသောနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းနေစဉ် ကလေးသူငယ်များအပါအဝင် အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။
အောက်တိုဘာလ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် သီတင်းကျွတ်မီးထွန်းပွဲ ပြုလုပ်နေသည့် လူစုဝေးပွဲတစ်ခုကို စစ်အုပ်စုက ပါရာမော်တာဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ၂၆ ဦးထက်မနည်း သေဆုံးပြီး ၄၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုအချိန်တွင် ရွေးကောက်ခံခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်သည် စနစ်တကျညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖိနှိပ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် နာမည်ဆိုးထွက်နေသော စစ်အုပ်စု၏ ထိန်းသိမ်းဖမ်းဆီးရေးစခန်းများတွင် ဆက်လက် ရှိနေဆဲဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Dato’ Seri Utama Haji Mohamad bin Haji Hasan က ပြီးခဲ့သည့်အပတ်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ယုံကြည်လက်ခံနိုင်ဖွယ်ရှိစေရန် “လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်များ၏ အခြေခံမူများနှင့်အညီ” ကျင်းပရမည်ဖြစ်ပြီး “နိုင်ငံတစ်ဝှမ်းလုံးတွင် နိုင်ငံရေးပါတီများနှင့် သက်ဆိုင်သူအားလုံး ပါဝင်”ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်သည် ဤအနိမ့်ဆုံး စံနှုန်းများအနက် တစ်ခုမျှ မပြည့်မီပေ။
နိုင်ငံခြားရေးဝန်ကြီးက “ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ စေလွှတ်မည်ဟု ကတိပြုခဲ့သည်” ဟူသော စစ်အုပ်စု၏ ပေါ်ပေါ်ထင်ထင်လိမ်ညာမှုကို ပယ်ချလျက် အာဆီယံအနေဖြင့် မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ဖွယ်မရှိကြောင်း တနင်္လာနေ့တွင် ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။
သို့သော် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ရန် စီစဉ်ထားရာ၊ ဤလတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသည် အာဆီယံအတွက် အရေးယူဆောင်ရွက်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် ဥက္ကဋ္ဌသစ် ဖိလစ်ပိုင်တို့သည် အာဆီယံ အထူးကိုယ်စားလှယ် Tan Sri Othman Hashim ၏ ပံ့ပိုးမှုဖြင့် ဤအခွင့်အရေးကိုအရယူကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တစ်ရပ်ကို ဦးဆောင်ချမှတ်ရမည်ဖြစ်ပြီး၊ ထိုမူဝါဒတွင် အောက်ပါ အာဆီယံ၏ ဆောင်ရွက်ချက်များ ပါဝင်ရမည်ဖြစ်သည်။
ထိုအချက်များမှာ- အာဆီယံ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန် ငြင်းပယ်ခြင်း၊ အရပ်သားများကို ဆက်လက်တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးခြင်း၊ နှင့် လူသားချင်းစာနာမှုအကူအညီများကို ပိတ်ပင်ခြယ်လှယ်ခြင်းတို့ဖြစ်သည်။
pdf ဖိုင် ရယူရန် in English | Myanmar
Original post
19 May 2026

19 June 2026