အမျိုးသမီးသတင်းထောက်မုဒြာအကြောင်း အသိပေးထုတ်ပြန်ခြင်း

22 September 2025

အမျိုးသမီးသတင်းထောက်မုဒြာအကြောင်း အသိပေးထုတ်ပြန်ခြင်း

၁။မောင်တောအခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက်မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်ခန့်က မောင်တောမြို့၊နေအိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါသည်။

၂။ထိုသို့လာရောက်ခေါ်ဆောင်သွားသောအဖွဲ့အစ ည်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ ထောက်လှမ်းရေးဟု သိရပါသ.ည်။

၃။ ထိုသို့လာရောက်ခေါ်ဆောင်သွားပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ ထောက်လှမ်းရေးရုံးတွင် စစ်ဆေးနေသည်ဟု သိရှိရပါသည်။

၄။ Border News Agency၏ တန်ဖိုးသည် ပဋိပက္ခပေါင်းစုံကြုံတွေ့နေကြရသည့် အာရက္ခဒေသတွင် ဗဟုဝါဒ၊စုံလင်ကွဲပြားမှုများကို မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးနှင့်လူမှုသဟဇာတဖြစ်မှုအပေါ် အခြေ ခံပါသည်။

၅။ Border News Agencyသည် အာရက္ခဒေသရှိ ဘာသာပေါင်းစုံနှင့်လူနည်းစုများ၏အသံများကို ဖော်ထုတ်ပြီ ကွာဟချက်ကို ပေါင်းကူးပေးနိုင်သည်ဟု အခိုင်အမာယုံကြည်ပါသည်။

၆။ အမျိုးသမီးသတင်းထောက် မုဒြာနှင့်ပတ်သက်ပြီးနားလည်မှုလွှဲမှားနေသည်များရှိပါက သက်ဆိုင် ရာပုဂ္ဂိုလ်များအနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသ ည်။

၇။ထို့ကြောင့် လာရောက်ခေါ်ဆောင်သွားကြသူများအနေဖြင့်မိသားစုဝင်များ၏စိုးရိမ်ပူပန်မှုအပေါ်တွင် လူသားချင်းစာနာမှုအရလည်းကောင်း၊နိုင်ငံတကာ ဥပဒေများကိုအလေးထား၍လည်းကောင်း ပြန်လ ည်ပို့ဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အယ်ဒီတာအဖွဲ့

Border News Agency

bordernewsagency@protonmail.com 


pdf ဖိုင် ရယူရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia