ရခိုင်ရှိစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် အချက်အလက်များဝေမျှရန် မြန်မာယန္တရားတောင်းခံ

ရခိုင်ရှိစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် အချက်အလက်များဝေမျှရန် မြန်မာယန္တရားတောင်းခံ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင် ကျေးရွာရှိ ကျောင်းအဆောက်အဦအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အကြောင်းကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအနေဖြင့် အထောက်အထားမျှဝေရန် တောင်းဆိုလိုက်သည်။  ယင်းတိုက်ခိုက်မှုတွင် အနည်းဆုံးသေဆုံးသူ ၂၂ ဦးရှိပြီး အများစုမှာ ကျောင်းသားများဖြစ်ကာ ၂၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။

ယခုဝမ်းနည်းဖွယ်ရာဖြစ်စဥ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းများကိုဆိုးဝါးစွာတိုက်ခိုက်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။  ယခုဖြစ်စဥ်သည် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ အတင်းအကြပ်နေရပ်မှရွှေ့ပြောင်းခံရခြင်းများနှင့် ငတ်မွတ်ခေါင်းပါးမှုများ ကြုံနေရသည့် ရခိုင်ပြည်နယ်ရှိ အရပ်သားလူမျိုးစုများအားလုံး၏ ခံစားရသည့် ဒုက္ခများကို ပိုမိုဆိုးရွားစေသည်။

အရပ်သားများအားမခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်သည်။  ကလေးများကို တိုက်ခိုက်ခြင်းသည် အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းသည့်အတွက် ယန္တရားအနေဖြင့် ကလေးများအား ထိခိုက်ကျူးလွန်သည့် အမှုများကို ဦးစားပေး စုံစမ်းလျက်ရှိသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသည် ကလေးများသေဆုံး ဒဏ်ရာရခဲ့ကြသည့် များစွာသော ကျောင်းများအပေါ်တိုက်ခိုက်မှုများ ဖြစ်သည့် စစ်ကိုင်တိုင်းဒေသကြီးရှိ ရေဦးခရိုင် (၂၀၂၂ ခုနှစ် စက်တင်ဘာလ)၊ ချင်းပြည်နယ်ရှိ မတူပီမြို့နယ် (၂၀၂၃ ခုနှစ် နိုဝင်ဘာလ)၊ ကယားပြည်နယ်ရှိ ဒီမောဆိုမြို့နယ် (၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ)၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ် (၂၀၂၄ ခုနှစ် စက်တင်ဘာလ)၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ) နှင့် စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်တွင်းကျေးရွာ (၂၀၂၅ ခုနှစ် မေလ) တို့ကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များအပါအဝင် တစ်ခုဖြစ်သည်။

ယန္တရားသည် အထက်ပါဖြစ်ရပ်များအပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် အချက်အလက်များကို စုဆောင်းနေသည်။ ယင်းတို့တွင်

  • ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နှင့် လက်နက်ခဲယမ်းများ ၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ

  • ထိခိုက်သူများ၏ အချက်အလက်များ

  • လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဥ်နှင့် လက်နက်အမျိုးအစားများ၏ အချက်အလက်များ

  • ပါဝင်သူလေယာဥ်မှူးများနှင့် ပေးအပ်သည့် အမိန့်များ၏ အချက်အလက်များ ပါဝင်သည်။

အချက်အလက်များ လက်ဝယ်ရရှိထားပါက ယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် တောင်းဆိုပါသည်။ ပေးပို့သည့် အချက်အလက်များကို ပျောက်သွားစေသည့်စနစ် (Disappearing Messages) ကို Signal အတွင်းတွင်အသုံးပြုခြင်းအားဖြင့် ၎င်းအချက်အလက်များ အလိုအလျောက် ပျောက်သွားစေပါလိမ့်မည်။ အချက်အလက်မျှဝေသူများ၏ လုံခြုံရေးကို ဦးစားပေးရန် နှင့် ဘေးကင်းလုံခြုံသည့်အချိန်မှသာ ဆက်သွယ်ရန် မေတ္တာရပ်ခံပါသည်။


Original post

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia